စစ်ရှောင်စခန်းတိုက်ခိုက်သည့် တပ်ဖွဲ့ကိုလည်း မပခတိုင်းမှူးက ဆုငွေပေးအပ်သည့် သတင်းရရှိ၍ သံတမန်များထံ အသိပေးခဲ့ဟုဆို
“အဓိကတော့ ဒီ ပေါက်ကွဲမှု ဗုံးကျတဲ့နေရာ ပေါ့ အဲဒီမှာ စစ်ရေးဆိုင်ရာ ဘာမှ မရှိဘူးဆိုတာ ကို အဓိက ပြတဲ့အနေအထားပါ”
ကလးငယ်များအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၉ဦးသေဆုံးခဲ့ပြီး ၅၇ဦးထက်မနည်း ဒဏ်ရာရခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု သက်သေများကို သံတမန်များထံ ပေးပို့ထားကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောကြားသည်။
မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီဦးဆောင်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)နှင့် တရုတ်အထူးကိုယ်စားလှယ်အပါအဝင်သံတမန်အချို့အား ယခု ရက်ပိုင်းအတွင်း ဓာတ်ပုံအထောက်အထားမား တင်ပြပေးပို့ခဲ့ကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော်၏ ပြောကြားချက် သတင်းကို RFAက ယနေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
![(မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်များထံ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ ပေးပို့ခဲ့သည့် ဓာတ်ပုံအထောက်အထားများ။ Photo: KIA)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/10/395247830_667923615406434_7749769158834439757_n.jpg?resize=880%2C587&ssl=1)
RFA ၏ သတင်းဖော်ပြချက်တွင် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ပြောကြားချက် အသံဖိုင်ကိုလည်း ဖော်ပြခဲ့ရာ ယန်ဟီးလီနှင့် အခြားအရေးကြီးသည့် သံတမန်များ၊ တရုတ်အထူးကိုယ်စားလှယ်တို့ကို ပေးပို့ခဲ့သည်ဟု အသိပေးသည်။
“အဓိကတော့ ဒီပေါက်ကွဲမှု ဗုံးကျတဲ့နေရာပေါ့။ အဲဒီမှာ စစ်ရေးဆိုင်ရာ ဘာမှမရှိဘူးဆိုတာ ကို အဓိက ပြတဲ့အနေအထားပါ”ဟု ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောသည်။
ထို့ပြင် ပေါက်ကွဲမှုအပြီးနောက်နေ့ နံနက်၌ စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သူများကို ကျပ်သိန်း ၅၀ချီးမြှင့်ခဲ့ကြောင်းကို KIAက ကြားဖြတ် ဖမ်းယူရရှိသည့် သတင်းများအရသိရကြာင်း၊ ယင်းအချက်ကိုလည်း နိုင်ငံတကာ သံတမန်များကို အသိပေးခဲ့ကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောကြားခဲ့သည်ဟု ဖော်ပြသည်။ ကြားဖြတ် ရရှိသည့် သတင်းဖြစ်၍ ခိုင်မာသည့် သက်သေတစ်ခုအဖြစ် ပြောဆိုရန်ခက်ခဲ့သော်လည်း စစ်ကောင်စီ တပ်တွင်းရှိ ဖရဲသီးပြည်သူ့ဘက်တော်သား သတင်းပေးသူများပေးပို့သည့် သတင်းအချက်အလက်နှင့် ကိုက်ညီသည်ကို တွေ့ရကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/08/PSA_Inside-Story_Landmines.jpg?resize=880%2C446&ssl=1)
Public Service Announcement
![(မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်များထံ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ ပေးပို့ခဲ့သည့် ဓာတ်ပုံအထောက်အထားများ။ Photo: KIA)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/10/395227469_667923632073099_2804925290817581209_n.jpg?resize=880%2C587&ssl=1)
အဆိုပါ စစ်ရှောင်စခန်းတိုက်ခိုက်ခဲ့သည့် လက်နက်ကြီးတပ်ဖွဲ့ကို စစ်တိုင်းမှူးက ဆုငွေပေးအပ်သည့်သတင်းကို ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မုန်လိုင်ခက် တိုက်ခိုက်ခံရမှုဖြစ်စဉ်အပြီး ရက်ပိုင်းအတွင်း People’s Spring သို့ ပြောကြားခဲ့သည်။
![(မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်များထံ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ ပေးပို့ခဲ့သည့် ဓာတ်ပုံအထောက်အထားများ။ Photo: KIA)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/10/395224646_667923662073096_1475913290392020435_n.jpg?resize=880%2C586&ssl=1)
မုန်လိုင်ခက် စစ်ရှောင်စခန်းကို ထိမှန်အောင် ပစ်ခတ်ခဲ့သည့် ဘွမ်ရယ်တောင်အမြောက်တပ်ဖွဲ့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က အောက်တိုဘာ ၁၀ရက်တွင် ဆုငွေ ကျပ်သိန်း ၃၀ ပေးအပ်ခဲ့သည်ကို ဖရဲသီးထံမှ သိရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြထားသည်။
သို့ရာတွင် ထိုစဉ်က သီးခြားအချက်အလက်များ မရခဲ့၍ သတင်းဖော်ပြနိုင်ခဲ့ခြင်းမရှိဘဲ ယခုအခါ KIO ခေါင်းဆောင်က သံတမန်များထံ ပြောကြားသည့်အချက်နှင့် တူနေသည်ကို တွေ့ရသည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)