Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး ကျောက်တော်ကြီးဘုရားပွဲဈေး နေ့ခင်းချိန် ပေါက်ကွဲမှုဖြစ်

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ညနေပိုင်းအချိန်မှာ ပွဲတော်ဆီ လာရောက်သူနည်းပါးသွားတယ်လို့ ပွဲဈေးကပြန်လာသူအချို့ကပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီးနောက် တွေ့ရစဉ်
ပေါက်ကွဲမှု ဖြစ်ပြီးနောက် တွေ့ရစဉ်

မန္တလေးတောင်ခြေမှာ ကျင်းပနေတဲ့ ကျောက်တော်ကြီး ဘုရားပွဲဈေးမှာ ဒီနေ့ နေ့ခင်းပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး ဈေးသည် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

ပေါက်ကွဲမှုဖြစ်ချိန်ဟာ ပွဲဈေး လူစည်ကားချိန် မဟုတ်ဘဲ နေ့ခင်း ၂ နာရီအချိန်မှာ ဖြစ်ပွားတာပါ။

စစ်ကောင်စီဘက်က ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်တာမျိုးမရှိပါဘူး။

ဒါပေမယ့် စစ်ကောင်စီအာဘော်တွေကိုဖြန့်ဝေတဲ့ တယ်လီဂရမ်အချို့မှာတော့ ပွဲတော် ကျင်းပရာ ၆၆ လမ်း နဲ့ ၁၁ လမ်းထောင့် အမှိုက်ပုံ က ပေါက်ကွဲမှုဖြစ်တာလို့ ဖော်ပြပါတယ်။

ပွဲတော်ကျင်းပရာ နေရာအနီးမှာ စစ်ကောင်စီ တပ် လုံခြုံရေးယူထားတဲ့ အထူးစုံစမ်းစစ်ဆေးရေး (စစစ) ရုံး လည်းရှိပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ် ဈေးသည် အမျိုးသားထိခိုက်ဒဏ်ရာရပြီး မန္တလေး ဆေးရုံမှာ ကုသမှုခံယူနေရပေမယ့် မစိုးရိမ်ရဘူးလို့လည်းစုံစမ်းသိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ညနေပိုင်းအချိန်မှာ ပွဲတော်ဆီ လာရောက်သူနည်းပါးသွားတယ်လို့ ပွဲဈေးကပြန်လာသူအချို့ကပြောပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ