Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်မြို့ရှိ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဝင်ရောက်ပစ်ခတ်၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

အောက်တိုဘာ ၂၃ ရက် နံနက် ၇နာရီခွဲခန့်က ပေါက်မြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဘန်ဘန် ဆိုသူ၏ နေအိမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

(ပျူစောထီးခေါင်းဆောင်နေအိမ်မှ သိမ်းဆည်းရမိသော ကာဘိုင်သေနတ်နှင့် ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်ပကဖ)
(ပျူစောထီးခေါင်းဆောင်နေအိမ်မှ သိမ်းဆည်းရမိသော ကာဘိုင်သေနတ်နှင့် ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်ပကဖ)

မကွေးတိုင်း၊ ပေါက်မြို့ပေါ်ရှိ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဝင်ရောက်ပစ်ခတ်ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့က ပြောသည်။

အောက်တိုဘာ ၂၃ ရက် နံနက် ၇နာရီခွဲခန့်က ပေါက်မြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဘန်ဘန် ဆိုသူ၏ နေအိမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ပစ်ခတ်မှုကြောင့် နေအိမ်ရှိ ပျူစောထီးခေါင်းဆောင်အပါအဝင် ပျူစောထီးနှစ်ဦး ကျည်ထိမှန်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ထို့အပြင် ၎င်းနေအိမ်မှ ကာဘိုင်သေနတ် တစ်လက်၊ ကျည်ဘောက် တစ်ခု၊ ကျည်အတောင့် ၂၀ နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။

“ပျူစောထီးနေတဲ့နေအိမ်လို့ သတင်းတိတိကျကျရလို့ ဝင်စီးဖြစ်တာပါ။ အချိန်သိပ်မကြာဘူး။ ဘန်ကာမှာရှိတဲ့တစ်ယောက်ဆီ​က တစ်လက်ပဲရခဲ့တာ။”ဟု မြိုင်(ပကဖ)တာဝန်ရှိသူက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်မြို့နယ်နှင့် ပေါက်အခြေပြု တော်လှန်ရေးအင်အားစု ဗိုလ်တစ္ဆေတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ပေါက်မြို့နယ်မြောက်ပိုင်းတွင် ပခုက္ကူနှင့် မြိုင်မြို့နယ်ဘက်မှ အင်အား ၁၂၀ ကျော်ပါ စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၅ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူ နှစ်ဦး သတ်ဖြတ်ခံထားရသည်။