Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် ထောင်ထားသည့်နင်းမိုင်းအလုံး၃၀ ရှင်းလင်းခဲ့ရ

ဇွန်လဆန်းပိုင်းကစ၍ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ပူးပေါင်းအဖွဲ့က အင်အား ၄၀၀ ခန့်ဖြင့် မိုးဗြဲမြို့ကို ထိုးစစ်ဆင်ခဲ့ပြီးနောက် မြို့တွင်းနေရာယူခဲ့ခြင်း ဖြစ်သည်။

(ရှင်းလင်းရရှိသော မိုင်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - မိုးဗြဲ PDF)
(ရှင်းလင်းရရှိသော မိုင်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - မိုးဗြဲ PDF)

ရှမ်း – ကရင်နီ(ကယား)ဒေသအစပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် ထောင်ထားသည့်နင်းမိုင်း အလုံး ၃၀ကို ရှင်းလင်းခဲ့ရကြောင်း မိုးဗြဲ PDF တာဝန်ရှိသူက လူထုနွေဦးသို့​ ပြောသည်။

မိုးဗြဲ မြို့ပေါ်၌ စစ်ကောင်စီတပ်စွဲထားသောနေရာအနီးတွင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(PDF) နှင့် ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ ပူးပေါင်းကာ မိုင်းရှင်းလင်းရေးဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

မိုင်းရှင်းလင်းရေးလုပ်ငန်းကို အောက်တိုဘာ၂၃ ရက်မှ၂၅ ရက်အထိ ၃ရက်လုပ်ဆောင်ခဲ့ကာ စစ်ကောင်စီတပ်မှ ထောင်ထားသော ၁၄/၁၆ နင်းမိုင်း စုစုပေါင်းအလုံး ၃၀ ရှင်းလင်းရရှိခဲ့သည်။

“မြို့ပေါ်နေရာ အနှံ့ မှာ စကစ ဘက်က ထောင်ထားတဲ့ မိုင်းတွေ အနှံ့ ရှိဆဲပါပဲ။အခုက ကျွန်တော်တို့ ရှင်း လင်းလို့ရမယ့် နေရာ အစိတ်အပိုင်းကိုပဲ ဆောင်ရွက်ခဲ့တာပါ”ဟု မိုးဗြဲ PDF တာဝန်ရှိသူက ရှင်းပြသည်။

ရှင်းလင်းရရှိသောမိုင်းများကို မိုးဗြဲ​ပြည်သူ့ကာကွယ် ရေးတပ်ရင်းမှ ထိန်းသိမ်းထားပြီး ပြည်သူလူထုလုံခြုံရေးအတွက်ကြိုးပမ်းဆောင်ရွက်နေကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယခင်က စစ်ကောင်စီနှင်းမိုင်းများနှင့်မိ၍ ဒဏ်ရာရရှိသူများရှိခဲ့သောကြောင့် ပြည်သူများအနေဖြင့် တားမြစ်ထားသောနေရာများအား လိုက်နာရန်နှင့်စစ်ကောင်စီတပ်စွဲထားသော နေရာအနီးများ တွင်သွားလာ နေထိုင်မှုရှောင်ရှား​ရန်လည်း မိုးဗြဲ PDF က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီက မိုးဗြဲမြို့ ညောင်ဝိုင်း၊ပွဲကုန်း၊စည်ကား၊ စက်တော်ရာနှင့် စုပေါင်းရပ်ကွက်များတွင် တပ်စွဲနေသည်။

ဇွန်လဆန်းပိုင်းကစ၍ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ပူးပေါင်းအဖွဲ့က အင်အား ၄၀၀ ခန့်ဖြင့် မိုးဗြဲမြို့ကို ထိုးစစ်ဆင်ခဲ့ပြီးနောက် မြို့တွင်းနေရာယူခဲ့ခြင်း ဖြစ်သည်။