Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်မြို့အဝင် စစ်ကောင်စီတပ်ဂိတ်စခန်းတိုက်ခိုက်ခံရပြီး ငါးဦးသေ

တိုက်ခိုက်မှုကြောင့် စစ်ဗိုလ် တစ်ဦးနှင့် တပ်သား လေးဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသော တပ်သားအများအ​ပြားရှိသည်ဟု အတည်ပြုနိုင်ကြောင်း ၎င်းက ပြောသည်။

အရာတော်မြို့မစခန်းရှိ စစ်ကောင်စီအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အရာတော်ပို့စ်
အရာတော်မြို့မစခန်းရှိ စစ်ကောင်စီအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အရာတော်ပို့စ်

▪️ဘန်ကာအား မီးရှို့ ဖျက်ဆီးနိုင်ခဲ့ဟုဆို

စစ်ကိုင်းတိုင်း၊ အရာတော်မြို့အဝင် စစ်ကောင်စီဂိတ်စခန်းတိုက်ခိုက်ရာ ငါးဦးသေဆုံးပြီး ဘန်ကာအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း Danger Force LPDF အဖွဲ့၏ ​ပြန်ကြားရေးတာဝန်ခံ ကိုမာန်ဟုန်က ပြောကြားသည်။

နိုဝင်ဘာ ၃ရက် နံနက် ၅နာရီကျော်က အရာတော်မြို့အဝင်ရှိ စက်မှုလယ်ယာဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန(လဝက)ရုံးတို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဂိတ်စခန်းကို ဒေသတွင်း PDFများက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ဗိုလ် တစ်ဦးနှင့် တပ်သား လေးဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသော တပ်သားအများအ​ပြားရှိသည်ဟု အတည်ပြုနိုင်ကြောင်း ၎င်းက ပြောသည်။

“အချိန်က တစ်နာရီခွဲလောက်ကြာတယ်။ ကပ်တဲ့အချိန်ရော ဆုတ်တဲ့အချိန်ရော။ အနီးဆုံးအထိကပ်တာ။ အပြင်ဘန်ကာတွေအထိ ရောက်အောင်ကပ်တာ။အပြင်ဘန်ကာတွေအထိ မီးရှို့နိုင်ခဲ့တယ်။ အတွင်းထဲကနေ ခံပစ်နေတော့ အတွင်းထဲထိမဝင်နိုင်ဘူး။လက်နက်တွေဘာတွေတော့ မရဘူး”ဟု Danger Force LPDF အဖွဲ့၏ ​ပြန်ကြားရေးတာဝန်ခံ ကိုမာန်ဟုန်က ပြောသည်။

ထို့အပြင် ဂိတ်စခန်းရှိ ဘန်ကာတစ်ခုကိုပါ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ဒေသတွင်း PDFအဖွဲ့များက အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကူရောက်လာ၍ ပြန်ဆုတ်ခွာခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF ၊ လင်းယုန်တပ်ဖွဲ့ ၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့ ၊ သပြေညို ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုအပြီးတွင် အရာတော်မြို့ အဝင်၊ အထွက်အား စစ်ကောင်စီတပ်က ယမန်နေ့အထိ ပိတ်ဆို့ထားဆဲဖြစ်ပြီး ခရီးသွားယာဥ်များမှာ နီးစပ်ရာကျေးရွာများ၌ ညအိပ်တည်းခိုနေရကြောင်း ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာ ၃ ရက်ကလည်း အရာတော်မြို့အပြင် အမှတ် (၁)စစ်ဒေသအတွင်း စစ်ကိုင်းတိုင်းရှိ ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကလေးဝ၊ ကောလင်း၊ ဝန်းသို၊ ကျွန်းလှနှင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ်တို့တွင် တပ်စွဲထားသော ရန်သူ့တပ်အထိုင်စခန်းများ၊ ရဲစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFများနှင့် မဟာမိတ်တိုင်းရင်းသား အဖွဲ့အစည်းများက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း PDF စစ်ရုံးချုပ်က အသိပေးထားသည်။