Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းမြို့ပေါ်၌ တိုက်ပွဲဖြစ်ပြီး ပြည်သူအချို့ ပိတ်မိနေ

ယနေ့ (နိုဝင်ဘာလ ၃ ရက်) နံနက်ပိုင်းမှစတင်ကာ ကောလင်းမြို့ပေါ်၌ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး မြို့ပေါ်နေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာရသော ကောလင်းမြို့ပေါ်မှဒေသခံများအား တွေ့ရစဥ်။ရဓာတ်ပုံ-Kawlin Info
ထွက်ပြေးတိမ်းရှောင်လာရသော ကောလင်းမြို့ပေါ်မှဒေသခံများအား တွေ့ရစဥ်။ရဓာတ်ပုံ-Kawlin Info

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် ပစ်ခတ်မှုများဖြစ်ပွားနေပြီး ပိတ်မိနေသောပြည်သူများလည်းရှိနေကြောင်း ​သတင်းရရှိသည်။

ယနေ့ (နိုဝင်ဘာလ ၃ ရက်) နံနက်ပိုင်းမှစတင်ကာ ကောလင်းမြို့ပေါ်၌ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး မြို့ပေါ်နေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“ငြိမ်လိုက် ပစ်လိုက်ပဲ။ ထွေအုပ်နားကိုလည်းပစ်တယ်။ တချို့ဘုန်းကြီးကျောင်းသွားနေကြတယ်။ တချို့ကအိမ်ထဲမှာပဲ။”ဟု ကောလင်းဒေသခံတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော မြို့တွင်းမှပြည်သူများအား ကောလင်းမြို့နယ် ပအဖ၊ပကဖ၊ပလဖနှင့် ပြည်သူများက စောင့်ရှောက်ထားကြောင်း သိရသည်။

“ကောလင်းလက်ရှိအခြေအနေက မြို့တွင်းတိုက်ပွဲ ဖြစ်ပွားလျက်ရှိဆဲပါ။ လက်နက်ကြီး၊ လက်နက်ငယ်အသံများ ဆက်လက်ကြားနေရဆဲဖြစ်ပြီး အချို့ပြည်သူများ မြို့အတွင်းတွင်ပိတ်မိနေဆဲပါ။”ဟု Kawlin Revolution-KRအဖွဲ့က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

နံနက် ၉နာရီခန့်က ဂျက်ဖိုက်တာတစ်စီးသည် ကောလင်းမြို့ပေါ် သုံးပျံသန်းပြီး ငါးကြိမ်ပစ်ခတ်ခဲ့ရာ ပြည်သူများ အထိအခိုက်မရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၇ နာရီခွဲခန့်ကတည်းက အင်အား၅၀ကျော်ဖြင့် မြို့အတွင်း ကင်းပတ်နေကြောင်း၊ မြို့တွင်းရှိ အထပ်မြင့်တိုက်အချို့တွင် နေရာယူကာ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။