Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းရဲစခန်းနှင့် ထွေအုပ်ရုံးကို PDFများတိုက်ခိုက်သိမ်းပိုက်

ယနေ့ညနေ သုံးနာရီခွဲခန့်က သိရှိရသော သတင်းများအရ ကောလင်းမြို့ပေါ်မှ စစ်ကောင်စီ နေရာများအနီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း လေကြောင်းမှတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

(​ကောလင်းမြို့တည်​နေရာကိုGoogle Earth တွင်​တွေ့ရစဥ်နှင့် ကောလင်းရဲစခန်းနှင့် စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-Kaw Lin Info ၊ CJ)
(​ကောလင်းမြို့တည်​နေရာကိုGoogle Earth တွင်​တွေ့ရစဥ်နှင့် ကောလင်းရဲစခန်းနှင့် စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-Kaw Lin Info ၊ CJ)

▪︎စစ်ကောင်စီလေကြောင်းမှပစ်၍ အရပ်သား သေဆုံးမှုရှိ၊ မြို့​ပေါ်တိုက်ပွဲဆက်ဖြစ်နေ

ကောလင်းမြို့‌ပေါ်တိုက်ပွဲတွင် ရဲစခန်းနှင့် စစ်​ကောင်စီ၏ထွေအုပ်ရုံးကို ယ​နေ့နံနက်တွင်PDFများကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ဦးထက်မနည်း သေဆုံးကာ ငါးဦးအား အရှင်ဖမ်းမိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။

“ကောင်းလင်းထဲက ရဲစခန်းနဲ့ ထွေအုပ်ကို သိမ်းပြီးပါပြီ။ လေးဘက်လေးတန် ဝင်တိုက်တာပါ။ခရိုင်ရင်း(၁)၊ ရင်း(၂)နဲ့ ပကဖတွေ တိုက်တာ။ လောလောဆယ် စခ ၃ဝ သေထားပါတယ်။ ငါးကောင် အရှင်ဖမ်းထားပါတယ်” ဟု ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(​ကောလင်းမြို့တည်​နေရာကိုGoogle Earth တွင်​တွေ့ရစဥ်နှင့် ကောလင်းရဲစခန်းနှင့် စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-Kaw Lin Info ၊ CJ)
(​ကောလင်းမြို့တည်​နေရာကိုGoogle Earth တွင်​တွေ့ရစဥ်နှင့် ကောလင်းရဲစခန်းနှင့် စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-Kaw Lin Info ၊ CJ)

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကျဆုံးကာ တစ်ဦးသည်ဒဏ်ရာရထားကြောင်း သတင်းရရှိသည်။

ယနေ့ နေ့လယ်ပိုင်းတွင်စစ်ကောင်စီက ကောလင်းမြို့ပေါ် သို့ ဂျက်ဖိုက်တာနှင့်ရော ရဟတ်ယာဉ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့မရပ်ကွက်ပေါ်ရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး ယင်းအိမ်မှမိသားစု၀င်များ သေဆုံးသွားကြောင်း သတင်းရရှိသည်။ အသေးစိတ်ကို People’s Spring ကစုံစမ်း​နေဆဲဖြစ်သည်။

ယနေ့ညနေ သုံးနာရီခွဲခန့်က သိရှိရသော သတင်းများအရ ကောလင်းမြို့ပေါ်မှ စစ်ကောင်စီ နေရာများအနီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း လေကြောင်းမှတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

(​ကောလင်းမြို့တည်​နေရာကိုGoogle Earth တွင်​တွေ့ရစဥ်နှင့် ကောလင်းရဲစခန်းနှင့် စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-Kaw Lin Info ၊ CJ)
(​ကောလင်းမြို့တည်​နေရာကိုGoogle Earth တွင်​တွေ့ရစဥ်နှင့် ကောလင်းရဲစခန်းနှင့် စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-Kaw Lin Info ၊ CJ)

ကောလင်းမြို့အတွင်းပိတ်မိနေသောပြည်သူများအနေဖြင့်လက်ရှိအချိန်ထိ မိမိနေအိမ်အတွင်းသာနေထိုင်ရန်နှင့်မလိုအပ်ပါကအပြင်မထွက်ကြရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။

ဒဏ်ရာရပြည်သူများရှိပါက အရေးပေါ်အခြေအနေတွင် ဖုန်းနံပတ် 09955097339 ကသို့ ဆက်သွယ်အကူအညီတောင်းရန်Kawlin Revolution -IR က ထုတ်ပြန်အသိပေးထားသည်။

လိုအပ်ပါက မြို့နယ်ပြည်သူအုပ်ချုပ်ရေး၊မြို့နယ်ပြည်သူ့လုံခြုံရေး၊PDFနှင့်ပကဖတို့ပူးပေါင်းပြီး ပြည်သူများအား ဘေးကင်းရာသို့ ရွေ့ပေးနိုင်ရန်စီစဥ်နေကြောင်း လျှက်ရှိနေကြောင်းသတင်းကိုKawlin Revolution -IR က ထုတ်ပြန်ထားသည်။