Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းပူးပေါင်းတပ် ထပ်မံသိမ်းပိုက်ခဲ့သည့် လိုင်လင်းပီမြို့ကိုလည်း ပြည်သူ့အုပ်ချုပ်ရေး ပူးတွဲဖော်ဆောင်မည်ဟု CNF ကြေညာ

မြန်မာ- အိန္ဒိယ နယ်စပ်မြို့ ရိဒ်ခေါဒါရ်ကို CNA နှင့် ဒေသခံ CDF ဟွားငိုလ်းအပါအဝင် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့အုပ်ချုပ်ရေးအတွက်ဒေသခံများ ပါဝင်သည့် ပြည်သူ့အုပ်ချုပ်ရေးအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယခုအခါ ဒုတိယမြောက်သိမ်းနိုင်ခဲ့သည့် လိုင်လင်းပီမြို့ကို ထပ်မံ၍ ပြည်သူ့အုပ်ချုပ်ရေးထူထောင်ခြင်းဖြစ်သည်။

(ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် လိုင်လင်းပီမြို့မြင်ကွင်းနှင့် မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၂၀၂၃ နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် လိုင်လင်းပီမြို့မြင်ကွင်းနှင့် မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၂၀၂၃ နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)

▪️လိုင်လင်းပီသည် စစ်ရေးအရအချက်အခြာကျပြီး လုံခြုံရေးအရ မဟာဗျူဟာကျသည့် မြို့ဟု အသိပေး

ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့ကို ဒေသခံများ ကိုယ်တိုင်ဖော်ဆောင်သည့် မြို့ ပြည်သူ့အုပ်ချုပ်ရေးကို ပူးတွဲပြီးဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်းချင်းအမျိုသားတပ်ဦး(CNF/CNA) က သတင်းထုတ်ပြန်သည်။

ထိုသို့ဖော်ဆောင်မှုကို CNF/CNA နှင့် ဒေသခံ Maraland Council/CDF-Mara တို့ ပူးတွဲပြီး လူထုလုံခြုံရေး၊ ဒေသ တည်ငြိမ်ရေးနှင့် အိန္ဒိယ – မြန်မာနယ်စပ်အတွင်း ပြည်သူများနှင့် စစ်ဖက်ဆိုင်ရာ ဆက်သွယ်သွားလာမှု အဆင်ပြေရေးကို ရှေးရှုလျက် ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်သွားမည်ဟု အသိပေးသည်။

(ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် လိုင်လင်းပီမြို့မြင်ကွင်းနှင့် မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၂၀၂၃ နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် လိုင်လင်းပီမြို့မြင်ကွင်းနှင့် မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၂၀၂၃ နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ်။ဓာတ်ပုံ – CJ)

မြန်မာ- အိန္ဒိယ နယ်စပ်မြို့ ရိဒ်ခေါဒါရ်ကို CNA နှင့် ဒေသခံ CDF ဟွားငိုလ်းအပါအဝင် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့အုပ်ချုပ်ရေးအတွက်ဒေသခံများ ပါဝင်သည့် ပြည်သူ့အုပ်ချုပ်ရေးအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယခုအခါ ဒုတိယမြောက်သိမ်းနိုင်ခဲ့သည့် လိုင်လင်းပီမြို့ကို ထပ်မံ၍ ပြည်သူ့အုပ်ချုပ်ရေးထူထောင်ခြင်းဖြစ်သည်။

လိုင်လင်းပီမြို့သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် ချင်းလဲန်းအကြား ပြည်သူများ ၊ စစ်ဘေးရှောင်များ ဆက်သွယ်သွားလာရာတွင်လည်းကောင်း ၊ စစ်ရေးအရ ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်းကောင်း လုံခြုံရေးအရ မဟာဗျူဟာကျသည့် မြို့ဖြစ်ပြီး အဆိုပါမြို့ကို ချင်းပူးပေါင်းတပ်က နိုဝင်ဘာ ၂၄ရက်တွင် အပြီးသိမ်းပိုက်နိုင်ခဲ့သည်။ နိုဝင်ဘာ ၁၉ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ခုခံနေသည့်ကြားမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကို CNA ၊ CDF – Mara ၊ CDF ထန်တလန်၊ CDF ဇိုဖေ၊ CDF လောက်တူ၊ CDF မတူပီ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ရှောင်ခဲ့သည့် ဒေသခံပြည်သူများ၏အခက်အခဲများအား ကူညီဖြေရှင်းပေးခဲ့သည့် ပြည်သူများ၊ မီဇိုရမ်ပြည်နယ်မှ ဒေသခံ ပြည်သူများ ၊ လူမှု အသင်းအဖွဲ့များအား အထူးကျေးဇူးတင်ကြောင်း၊ လက်ရှိတွင် စစ်ရှောင်ပြည်သူများ လုံခြုံချောမောစွာ ပြန်လည်ဝင်ရောက်လာနိုင်ရေး ပြန်လည်နေရာချထားရေးနှင့် နယ်မြေရှင်းလင်းရေးတို့ကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နေကြောင်း ထုတ်ပြန်သည်။