Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဇွာမြို့ကို ချင်း​တော်လှန်​ရေးတပ်များတိုက်ခိုက်သိမ်းပိုက်

နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ရေဇွာမြို့ရှိ စစ်ကောင်စီတပ်မှာ တပ်ခွဲမှုး ဗိုလ်ကြီး တစ်ဦး၊ ဒုရဲအုပ်တစ်ဦးတို့အပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးတို့က လက်နက်ချအလင်းဝင်ခဲ့သည်ဟု ချင်းတော်လှန်ရေးသတင်းအရင်းအမြစ်များကပြောသည်။

(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)
(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)

ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲရှိ ရေဇွာမြို့ကို ချင်းတော်လှန်ရေးတပ်များက ယနေ့( နိုဝင်ဘာ ၂၉ ရက် )မနက်ပိုင်း အပြီးသတ်တိုက်ခိုက်သိမ်းလိုက်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက​ပြောသည်။

ZZLMS စစ်ဆင်ရေးအမည်ဖြင့် နိုဝင်ဘာ ၂၆ ရက်ကတည်းက ဇိုတုန်ဒေသရှိ ရေဇွာမြို့ကသိမ်းတိုက်ပွဲစတင်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီ ၁၀နာရီတွင်စစ်ကောင်စီစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ရေဇွာတစ်မြို့လုံးကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု CDF-Zotungက အသိ​ပေးသည်။

“ကျတော်တို့က မတိုက်ဘဲနဲ့ လက်နက်အလင်းဝင်လာဖို့တောင်းဆိုတယ်။ဒါပေ့မယ် အနည်းအကျဉ်းတော့ဝင်လာတယ်။များသောအားဖြင့်မဝင်ဘဲ ခေါင်းမာတယ်။ ကျွန်တော်နဲ့ပူးပေါင်းလို့စိတ်မရှိဘူး။ ကျဝောာ်တို့ ပေးထားတဲ့အချိန်ကျော်တယ်။ အဲ့တာကြောင့်တိုက်ခိုက်သိမ်းပိုက်ရတယ်” ဟု CDF-Zotung တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောသည်။

(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)
(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)

စစ်ကောင်စီတပ်သားအများကျဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိသည်ဟုလည်း ၎င်းကဆက်​ပြောသည်။

နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ရေဇွာမြို့ရှိ စစ်ကောင်စီတပ်မှာ တပ်ခွဲမှုး ဗိုလ်ကြီး တစ်ဦး၊ ဒုရဲအုပ်တစ်ဦးတို့အပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးတို့က လက်နက်ချအလင်းဝင်ခဲ့သည်ဟု ချင်းတော်လှန်ရေးသတင်းအရင်းအမြစ်များကပြောသည်။

Public Service Announcement

Public Service Announcement

“လက်နက်ချအလင်းဝင်လိုဖို့ ငြင်းဆန်တဲ့သူတွေရှိလို့ တိုက်ခိုက်ရပြီး အပြီးသတ်သိမ်းပိုက်လိုက်တာပါ”ဟု အဆိုပါချင်းအရင်းအမြစ်တစ်ဦးကပြောသည်။

ယနေ့ နံနက် စခန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်​နေစဉ် စစ်​ကောင်စီတပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့သည်ဟု ဒေသခံအချို့က​ပြောသည်။

(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)
(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)

“(စစ်တပ်က) သေဆုံးဖမ်းမိတာလည်း တော်တော်များတယ်။ လက်နက်တွေလည်း ရထားပါတယ်”ဟု ချင်းပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

မြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်(CNA)၊ CDF-Zoung, CDF-ထန်တလန်, CDF-Lautu, CDF-Zotung, CDF-Mara, CDF- မတူပီ စသည့် ချင်းတော်လှန်ရေးပူးပေါင်းတပ်များကအတူတိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။

ထိုတိုက်ပွဲအတွင်း CDF-Maraနှင့် CDF-Zotung တို့မှ ရဲဘော်တစ်ဦးစီ ကျဆုံးခဲ့သည်ဟုလည်း သိရသည်။

(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)
(​ရေဇွာမြို့ ဆိုင်းဘုတ်နှင့် မြိုကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ဓါတ်ပုံ-CJ)

နိုဝင်ဘာ ၂၆ ရက်တွင်လည်း စစ်ကောင်စီတပ်သား တင်နိုင်ထွေးနှင့် တပ်သား ဗန်လာဗွေးတို့က MA-1တစ်လက်၊ဗုံးသီး၊ခဲယမ်းများဖြင့် CDF-Zotungထံ CDMဝင်ရောက်ခဲ့သည်။ ထိုကြောင့် ၎င်းတို့နှစ်ဦးကို ဆုငွေသိန်း ၁၀၀ စီချီးမြှင့်ပြီး လုံခြုံသည့်နေရာကို ပို့ဆောင်ခဲ့သည်။

​ရေဇွာမြို့သည် မတူပီခရိုင် အတွင်းရှိ​သောမြို့တစ်မြို့ဖြစ်ပြီး၂၀၁၄ သန်း​ခေါင်စာရင်းအရ မြို့​ပေါ်တွင် လူဦး​ရေ ၂၂၀၀ ​ကျော် ၊​ကျေးလက်တွင်လူဦး​ရေ တစ်​သောင်း​ကျော်​နေထိုင်သည်။​တောင်ဘက်တွင် မတူပီ မြို့ ၊အ​နောက်ဘက်တွင် အိန္ဒိယနိုင်ငံနယ်စပ် ၊ အ​နောက်​တောင်ဘက်တွင် လိုင်လဲန်းပီမြို့ ၊ ​မြောက်ဘက်တွင် ထန်တလန်မြို့တို့ရှိသည်။