Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်း​မြောက်တွင် ယမန်​နေ့ညကတိုက်ပွဲပြင်းထန်

မူဆယ်မြို့နယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် စယ်လန့်ရွာ၌ ယနေ့ည ၈ နာရီခန့်မှစ၍ ပြင်းထန်သည့်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုနှင့်အတူ ပစ်ခတ်သံများကြားနေရသည်ဟု ဒေသခံများကပြောသည်။

(စစ်​ကောင်စီတပ်၏ လားရှိုးမြို့အနီး မိုင်းကျက်စခန်းကို ​ညီ​နောင်မဟာမိတ်အဖွဲ့များကသိမ်းပိုက်ပြီး သိမ်းဆည်းရရှိ​သော ​ဟောင်ဝပ်ဇာ တစ်လက်နှင့် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-The Kokang)
(စစ်​ကောင်စီတပ်၏ လားရှိုးမြို့အနီး မိုင်းကျက်စခန်းကို ​ညီ​နောင်မဟာမိတ်အဖွဲ့များကသိမ်းပိုက်ပြီး သိမ်းဆည်းရရှိ​သော ​ဟောင်ဝပ်ဇာ တစ်လက်နှင့် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-The Kokang)

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ၊ လားရှိုးနှင့် သီပေါမြို့နယ်တို့တွင် ယမန်​နေ့ညက တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

မူဆယ်မြို့နယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် စယ်လန့်ရွာ၌ ယနေ့ည ၈ နာရီခန့်မှစ၍ ပြင်းထန်သည့်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုနှင့်အတူ ပစ်ခတ်သံများကြားနေရသည်ဟု ဒေသခံများကပြောသည်။

ပြည်ထောင်စုလမ်းမကြီးအတိုင်း တဆက်ထဲရှိနေသည့် ကျောက်မဲ ၊သီပေါ၊ လားရှိုးမြို့နယ်တွင်လည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာပစ်ခတ်နေကြောင်း သတင်းရရှိသည်။

” သီပေါမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ် ဒီညမီးလောင်နေတယ်။ စစ်တပ်ကလက်နက်ကြီးတွေ ပစ်နေတယ်” ဟု သီပေါမြို့ခံတစ်ဦးကပြောသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင်လည်း လက်နက်ကြီးပစ်ခတ်သံများ ဆူညံနေသည်ဟု ယမန်နေ့ည ၉နာရီခန့်အခြေအနေကို ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်ယမန်​နေ့( နိုဝင်ဘာလ ၃၀ ရက် )နံနက်၈နာရီခွဲခန့်တွင်လည်း MNDAA က နယ်စပ် မှတ်တိုင် (၁၂၆ ၊ ၁၂၇)သို့ ချီတက်လာခဲ့ပြီး တုန်းရှမ်းဒေသ တာရှင်ကျိုင့်နှင့် တိုက်ကြာကျိုင့်နေရာကြားရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ရာလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့​ကြောင်း MNDAA ကထုတ်ပြန်သည်။

ညီ​နောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်​ရေးစတင်ချိန်မှယခုအချိန်အထိ့တပ်စခန်းအကြီး အသေး စုစုပေါင်း ၂၂၀ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး ချင်း‌ရွှေဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း နှင့် ကုန်းကြမ်း စသည့် မြို့နယ်(၅)ခုကိုသိမ်းပိုက်ရရှိခဲ့သည့်အပြင် ချင်းရွှေ‌ဟော် ၊ မုံးကိုး ၊ ပန်ဆိုင်း နှင့် ကျင်းစန်းကျော် နေရာရှိ နယ်စပ်ဂိတ် (၄)ခုကိုလည်းသိမ်းပိုက်ခဲ့သည်။