Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုးတွင် စစ်ကောင်စီ ပေါင် (၅၀၀)ဗုံးများဖြင့် တိုက်ခိုက်၍ အမျိုးသမီးနှစ်ဦးသေဆုံး

လားရှိုးမြို့နယ် ပန်သပြေအုပ်စု၊ လုံတွေကျေးရွာတွင် စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂ ရက် ည ၉နာရီကျော်အချိန်တွင် အရပ်သားများကို ဦးတည်ပြီး ပေါင် (၅၀၀)ဗုံးများဖြင့် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးများဖြင့် တိုက်ခိုက်ပြီးနောက် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - The Ta'ang)
(စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးများဖြင့် တိုက်ခိုက်ပြီးနောက် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - The Ta'ang)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ ပေါင်(၅၀၀)ဗုံး လေးလုံး ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံ နှစ်ဦး ထပ်မံသေဆုံးကာ နေအိမ် ၉လုံး ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။

လားရှိုးမြို့နယ် ပန်သပြေအုပ်စု၊ လုံတွေကျေးရွာတွင် စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂ ရက် ည ၉နာရီကျော်အချိန်တွင် အရပ်သားများကို ဦးတည်ပြီး ပေါင် (၅၀၀)ဗုံးများဖြင့် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုကဲသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လုံတွေကျေးရွာ ဒေသခံအမျိုးသမီး နှစ်ဦးပွဲချင်းပြီးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် အရပ်သားများအား ပေါင် (၅၀၀) ဗုံးများအပြင် ဗုံးပဒေသာ ဟုခေါ်ဆိုသည့် Cluster Bomb အမျိုးအစားကဲ့သို့သော လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာ ပြုလုပ်လာနေသည်ဟု TNLAက အသိပေးထားပြီး စစ်ကောင်စီသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေသည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အရပ်သား ပြည်သူ ၁၀၀ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိနေကြောင်း TNLAနှင့် ကိုးကန့်တပ်မတော်(MNDAA) တို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

Public Service Announcement

Public Service Announcement