Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့် နမ့်တိန်းဗျူဟာကုန်းကိုKIA ဦး​ဆောင်​သောပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်

နမ့်တိန်းဗျူဟာကုန်းကို ​ဖေ​ဖော်ဝါရီ ၂ ရက် ညနေ ၄နာရီမှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ဖားကန့်KPDF ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

(ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ နမ့်ဖက်ကာစစ်တပ်ဗျူဟာကုန်းနှင့်စခန်းသိမ်းပြီး​နောက် KIA တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ နမ့်ဖက်ကာစစ်တပ်ဗျူဟာကုန်းနှင့်စခန်းသိမ်းပြီး​နောက် KIA တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်​ကောင်စီတပ်၏ တပ်မ(၃၃)လက်အောက်ခံ နမ့်တိန်းဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် KPDF ပူးပေါင်းတပ်က ယမန်နေ့(​ဖေ​ဖော်ဝါရီလ ၂ရက်) ညက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

နမ့်တိန်းဗျူဟာကုန်းကို ​ဖေ​ဖော်ဝါရီ ၂ ရက် ညနေ ၄နာရီမှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ဖားကန့်KPDF ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

“စတိုက်ပြီး မိနစ်အနည်းငယ်က စပြီး ဖားကန့်ဘက်ကနေ လက်ကြီးပစ်ကူပေးခဲ့တာ။ ဒိစခန်းကို ဝိုင်းထားတာကြာပြီ။ လက်နက်မချလို့ တက်သိမ်းတာ” ဟု KPDF ထောက်ပို့ရဲဘော်တစ်ဦးကဆိုသည်။

(ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ နမ့်ဖက်ကာစစ်တပ်ဗျူဟာကုန်းနှင့်စခန်းသိမ်းပြီး​နောက် KIA တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ နမ့်ဖက်ကာစစ်တပ်ဗျူဟာကုန်းနှင့်စခန်းသိမ်းပြီး​နောက် KIA တပ်ဖွဲ့ဝင်အချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

နမ့်တိန်းဗျူဟာကုန်းသည် ဖားကန့်မြို့အဝင်လမ်း၌ တည်ရှိပြီး ဖားကန့်မြို့ပေါ်နှင် ဆယ်မိုင်ခန့် ဝေးကွာသည်။ ယင်းဗျူဟာနှင့်ဝှေခါရွာရဲစခန်း၊ ဝှေခါစစ်တပ်ကုန်းတို့ကို KIA၊KPDF ပူးပေါင်းတပ်ဖွဲ့ကဇန်နဝါရီ ၆ရက်နံနက်တွင် စတင် တိုက်ခိုက်ခဲ့ပြီးဝှေခါရွာရဲစခန်းကို ထိုနေ့တွင်ပင် သိမ်းယူနိုင်ခဲ့ကာ ဝှေခါဗျူဟာကုန်းကို ဇန်နဝါရီလ ၂၀ရက်နံနက်‌အစောပိုင်းတွင်သိမ်းယူခဲ့သည်။

ယမန်နေ့ညက နမ့်တိန်းဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲတွင် ဖားကန့်ဗျူဟာ၊လုံးခင်းဗျူဟာ၊ဆိုင်းတောင်ဗျူဟာနှင့် မဇွပ်ယန်အချုပ်ထောင်၌ တပ်စွဲထားသော ‌ဗျုဟာကုန်းတို့မှ လက်နက်ကြီးဖြင့် အချက်ပေါင်း ၁၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။ လက်နက်ကြီးများဖြင့် ရမ်းသမ်း၍ ည၁၂နာရီခန့်အထိ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

နမ့်တိန်းဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ မေးမြန်းရန် ဗိုလ်မှူးကြီးနော်ဘူထံ People’s Spring က ဆက်သွယ်သော်လည်း ဆက်သွယ်မရသေးပေ။

ဖားကန့်​ဒေသတွင် KIA ကစစ်တပ်၏ ​ဝေခါ​မှော်ဗျူဟာကုန်း ၊နမ့်တိန်းဗျူဟာကုန်း တို့ကို သိမ်းပိုက်ပြီး​နောက်ဖားကန့်ဗျူဟာ၊ လမောင်ကုန်းစခန်း၊ ယမ်းချက်စက်ရုံ၊ နန့်ယားစစ်တပ်ကုန်း၊ ကာမိုင်းဗျူဟာစ​သော စစ်တပ်စခန်းများ၊ကုန်များကျန်ရှိ​သေး​ကြောင်းသိရသည်။

KIA ဦ​ဆောင်​သောပူး​ပေါင်းတပ်များက ဇန်နဝါရီ လအတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်​​မြောက်ပိုင်းတွင် စစ်​ကောင်စီတပ်၏ ဗျူဟာကုန်း ၊တပ်စခန်း ၁၀ ခု​ကျော်ကိုထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့သည်။