Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်မှု KIAက ယခုနှစ်ဆန်းတွင် အရှိန်မြှင့်

စစ်ကောင်စီအနေဖြင့် အပြောင်းအလဲ ပြုလုပ်ခြင်းမရှိဘဲ စစ်အာဏာရှင်စနစ်ဖြင့် ဆက်လက် အုပ်ချုပ်ရန် ကြိုးပမ်းနေ၍ မြန်မာနိုင်ငံ၌ စစ်ရေး နိုင်ငံရေး တင်းမာမှုများ ဆက်ရှိနေမည်ဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့မနက်တွင် ပြောကြားသည်။

(နမ့်ဖက်ကာရှိ စစ်တပ်ဗျူဟာကုန်းကိုKIA က ဇန်နဝါရီလတွင် တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ။ဓါတ်ပုံ- 7 Stars News၊Myu Tsaw Kasa)
(နမ့်ဖက်ကာရှိ စစ်တပ်ဗျူဟာကုန်းကိုKIA က ဇန်နဝါရီလတွင် တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ။ဓါတ်ပုံ- 7 Stars News၊Myu Tsaw Kasa)

▪️နှစ်ဆန်းပိုင်းအတွင်း တိုက်လေယာဉ်တစ်စီး၊ ရဟတ်ယာဉ် တစ်စီးပစ်ချနိုင်ခဲ့ပြီး ဟောင်ဝစ်ဇာအမြောက်နှင့် လေယာဉ်ပစ် စက်သေနတ် အပါအဝင် လက်နက်ခဲယမ်းများစွာရ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အနေဖြင့် စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက် သိမ်းပိုက်မှုများ ယခုနှစ်ဆန်းပိုင်းတွင် အရှိန် မြှင့်လုပ်ဆောင်နေပြီး ယနေ့(ဖေဖော်ဝါရီ ၃ရက်)တွင် ဖားကန့်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုနှင့် ယမန်နေ့တွင် မံစီမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုတို့ကို သိမ်းပိုက်ခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နန့်တိန် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့်ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယနေ့ ဖေဖော်ဝါရီ ၃ရက် နေ့လယ်ပိုင်း၌ စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” နန့်တိန် စကစ တပ်စခန်းကို KIA တပ်မဟာ(၉) နဲ့ KPDF ပူးပေါင်း တပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီ။ ထိခိုက်ကျဆုံးနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းမှု အသေးစိတ် မသိရသေးဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA အနေဖြင့် ယမန်နေ့ကလည်း မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ((၂၅၀) တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါစခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်များ ထွက်ပြေးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(နမ့်ဖက်ကာရှိ စစ်တပ်ဗျူဟာကုန်းကိုKIA က ဇန်နဝါရီလတွင် တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ။ဓါတ်ပုံ- 7 Stars News၊Myu Tsaw Kasa)
(နမ့်ဖက်ကာရှိ စစ်တပ်ဗျူဟာကုန်းကိုKIA က ဇန်နဝါရီလတွင် တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ။ဓါတ်ပုံ- 7 Stars News၊Myu Tsaw Kasa)

KIAအနေဖြင့် ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်မှုများကို ၂၀၂၃ အောက်တိုဘာ ၁၈ရက်မှစ၍ လုပ်ဆောင်လာခဲ့ရာ ယခုနှစ်ဆန်းတွင် စခန်းသိမ်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေခြင်းဖြစ်ည်။

စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ယခုနှစ်တွင် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီ လဆန်းပိုင်းအတွင်း စစ်ကောင်စီတပ်စခန်း ၁၀ခုကျော်ကို KIAက သိမ်းနိုင်ခဲ့သည်။ သိမ်းဆည်းရရှိခဲ့သည့် တပ်စခန်းများထဲတွင် စစ်ကောင်စီတပ်ရင်းဌာနချုပ် နှင့် စစ်ရေးအရ အရေးပါသည့် တပ်စခန်းများလည်း ပါဝင်သည်။

စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်းများစွာလည်း အရှင်ဖမ်းမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ သိမ်းရသည့် လက်နက်ခဲယမ်းများ၌ ဟောင်ဝစ်ဇာအမြောက်နှင့် လေယာဉ်ပစ်စက်သေနတ်အချို့ ၊ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ၊ စစ်အသုံးအဆောင်ပစ္စည်းများစွာ ပါဝင်သည်။

KIA အနေဖြင့် ယခုနှစ်အတွင်း စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးနှင့် တိုက်လေယာဉ် တစ်စီးကို ပစ်ခတ်ခဲ့သည်။ ဇန်နဝါရီလဆန်းတွင် ကချင်ပြည်နယ် လိုင်ဇာအနီးတွင် ရဟတ်ယာဉ် တစ်စီးကို KIAက ပစ်ချခဲ့ပြီး ဇန်နဝါရီ လလယ်တွင် တိုက်လေယာဉ်တစ်စီးကို ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့သည်။

(နမ့်ဖက်ကာရှိ စစ်တပ်ဗျူဟာကုန်းကိုKIA က ဇန်နဝါရီလတွင် တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ။ဓါတ်ပုံ- 7 Stars News၊Myu Tsaw Kasa)
(နမ့်ဖက်ကာရှိ စစ်တပ်ဗျူဟာကုန်းကိုKIA က ဇန်နဝါရီလတွင် တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ။ဓါတ်ပုံ- 7 Stars News၊Myu Tsaw Kasa)

စစ်ကောင်စီအနေဖြင့် အပြောင်းအလဲ ပြုလုပ်ခြင်းမရှိဘဲ စစ်အာဏာရှင်စနစ်ဖြင့် ဆက်လက် အုပ်ချုပ်ရန် ကြိုးပမ်းနေ၍ မြန်မာနိုင်ငံ၌ စစ်ရေး နိုင်ငံရေး တင်းမာမှုများ ဆက်ရှိနေမည်ဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့မနက်တွင် ပြောကြားသည်။

“စကစကတော့ ဖေဖော်ဝါရီ ၁ရက်နေ့မှာလည်း သူက သက်တမ်းကတော့ ၆လ ပြန်တိုးထားတာကို အားလုံးအသိဖြစ်ပါတယ်။ ဆိုတော့ သူတို့ဘက်ကလည်း ဘာမှ အပြောင်း အလဲရှိပုံကတော့ မရဘူး။ သူတို့လည်း ဆက်ပြီးတော့မှ စစ်အာဏာရှင်စနစ်နဲ့ပဲ ပြန်ပြီးမှ အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ဟာကို အားလုံးအသိဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေကတော့ ဆက်ပြီးမှ တင်းမာနေဆဲဖြစ်မယ်လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုအနေနဲ့လည်း စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ဖို့အတွက် ရုန်းကန်တော်လှန်နေတဲ့ အနေအထားက ဆက်ရှိမယ်လို့ အားလုံးသိထားဖို့ကတော့ လိုမှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ (ဖေဖော်ဝါရီ ၃ရက်) မနက်တွင် ပြောသည်။