Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတွင် နာရီပိုင်းအတွင်း မီးလောင်မှု နှစ်နေရာဖြစ် မန္တလေးတွင် နာရီပိုင်းအတွင်း မီးလောင်မှု နှစ်နေရာဖြစ်

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

(အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင် မီးလောင်မှုငြှိမ်းသတ်နေစဉ်၊ဓာတ်ပုံ - Than Htay/FB)
(အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင် မီးလောင်မှုငြှိမ်းသတ်နေစဉ်၊ဓာတ်ပုံ - Than Htay/FB)

မန္တလေးမြို့တွင် ယနေ့နံနက်အစောပိုင်းက နာရီပိုင်းအတွင်း မီးလောင်မှုနှစ်နေရာ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၉ ရက် နံနက် ၁ နာရီခွဲအချိန်ခန့်တွင် အောင်မြေသာဇံမြို့နယ် ၈၃လမ်း ၊ (၂၂×၂၃) ကြားရှိ Black Panther မှန်မကွဲဆိုင်တွင် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး Level 2 အဆင့်မီးငြှိမ်းသတ်ယာဉ်များလာရောက်ငြှိမ်းသတ်ခဲ့ရသည်။

(အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင် မီးလောင်မှုငြှိမ်းသတ်နေစဉ်၊ဓာတ်ပုံ - Than Htay/FB)
(အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင် မီးလောင်မှုငြှိမ်းသတ်နေစဉ်၊ဓာတ်ပုံ – Than Htay/FB)

မီးလောင်သည့် အဆောက်အဦးအတွင်းသို့ ဝင်ရောက်ရန်အခက်အခဲရှိခဲ့သလို လောင်စာအားကောင်းသောကြောင့် မီးများခဲ့ခြင်းဖြစ် နိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အောက်ဆုံးထပ်က စလောင်တာထင်တယ်။ ကျွန်တော်တို့ရောက်တဲ့ အချိန်တော့ အပေါ်ထပ်တွေမှာလောင်နေပြီ။ မီးသတ်တွေ တိုက်အပေါ်ဆုံးထပ်မှာ အကာတွေဖျက်နေရတာလည်းတွေ့တယ်”ဟု ယင်းမီးလောင်မှုကိုသွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါမီးလောင်မှုကို နံနက် ၄နာရီခွဲအချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး မီးလောင်မှု အကြောင်းရင်း နှင့် ဆုံးရှုံးမှုတန်ဖိုးကို ထုတ်ပြန်ထားခြင်းမရှိပေ။

(အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင် မီးလောင်မှုငြှိမ်းသတ်နေစဉ်၊ဓာတ်ပုံ - Than Htay/FB)
(အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင် မီးလောင်မှုငြှိမ်းသတ်နေစဉ်၊ဓာတ်ပုံ – Than Htay/FB)

အဆိုပါ အဆောက်အအုံ မီးငြှိမ်းသတ်နေချိန် နံနက် ၂ နာရီ မိနစ် ၅၀ ခန့်တွင် အမရပူရမြို့နယ်၊ လေးစုရပ်ကွက်တွင်လည်း မီးလောင်မှုထပ်မံဖြစ်ပွားခဲ့ပြီး မိနစ် ၂၀ကျော်ကြာ လောင်ကျွမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

“လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်နဲ့ စာအုပ်ဆိုင်တစ်ဆိုင်ရယ် နေအိမ်၂လုံးလောက်ရယ် လောင်သွားတယ်။”ဟု သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏအား မသိရသေးပေ။

(အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင် မီးလောင်မှုငြှိမ်းသတ်နေစဉ်၊ဓာတ်ပုံ - Than Htay/FB)
(အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင် မီးလောင်မှုငြှိမ်းသတ်နေစဉ်၊ဓာတ်ပုံ – Than Htay/FB)

အာဏာသိမ်းစစ်ကောင်စီတပ်လက်ထက် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်ပြီး ကြပ်တည်းနေသည့်အချိန် စစ်တပ်၏ ရှို့မီးအပြင် ပေါ့ဆမီးများလောင်ကျွမ်းမည်ကို မြို့နေပြည်သူများ စိုးရိမ်နေသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်ကလည်းမန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဂုံးကျော်အနီး၊ ချမ်းတောင်ရပ်ကွက်၊ ကန်ရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သေးသည်။