Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘောလခဲ ၁၂ မိုင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦး အရှင်ဖမ်းမိပြီး လက်နက် ၁၆ လက်ရ

စစ်ဆင်ရေးအတွင်း ပူးတွဲတပ်ဖွဲ့များဘက်မှ ရဲဘော်တချို့ဒဏ်ရရှိခဲ့ပြီး ရန်သူ့တပ်မှ အ ချို့ချေမှုန်းခံရကာ စစ်သုံ့ပန်းဦးအား လက် ရဖမ်းဆီးမိပြီး အချို့မှာ ကစင့်ကလျားထွက် ပြေးသွားကြကြောင်း KPLA က အသိပေးသည်။

(စစ်တပ်စခန်းမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ကရင်နီတပ်​ပေါင်းစုမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KPLA)
(စစ်တပ်စခန်းမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ကရင်နီတပ်​ပေါင်းစုမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KPLA)

ကယားပြည်နယ်(ကရင်နီ)၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ် ခမရ ၁၁၂ လက်အောက်ခံ ၁၂ မိုင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းတစ်ဦးအရှင်ဖမ်းမိသည့်အပြင် လက်နက် ၁၆ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA)ယနေ့ (ဖေဖော်ဝါရီ ၉)အသိပေးထုတ်ပြန်သည်။

“၁၁၀၇ – စစ်ဆင်ရေး” ကို ကရင်နီပြည် (ကယားပြည်နယ်) စစ်မျက်နှာတွင် ဆက် လက်ဆင်နွှဲလျက်ရှိရာ ဖေဖော်ဝါရီ ၈ ရက်တွင် စစ်ကောင်စီတပ်၏ ၁၂ မိုင်ကုန်းစခန်းအား ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) တပ်မဟာ(၇၈၂၆)၊ တပ် မဟာမှူး ရဲဘော်ဆီမိုးနယ် ဦးစီးသော ပူးတွဲတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဟု ဖော်ပြသည်။

(စစ်တပ်စခန်းမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ကရင်နီတပ်​ပေါင်းစုမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KPLA)
(စစ်တပ်စခန်းမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ကရင်နီတပ်​ပေါင်းစုမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KPLA)

“၁၂ မိုင် စခန်းကုန်းမှာက စကစ အင်အား ၄၀ လောက်ရှိတယ်။ကရင်နီပူးပေါင်းတပ်က ဒီလ အစ ပိုင်းကတည်းက တိုက်ခဲ့တယ်။ စကစ ဘက်က စစ်ကြောင်း ကူတာတွေလည်းရှိခဲ့တယ်။ဒါပေမယ့် ဒီနေ့သိမ်းနိုင်ခဲ့တာပေါ့”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ စခန်းသိမ်းမှုအပြီးတွင် လူထုနွေဦးသို့ ပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA 1 အမျိုးအစား သေနတ် (၈)လက်၊ MA2 အမျိုးအစား သေနတ် (၁)လက်၊ MA 3 အမျိုးအစားသေနတ် (၁)လက်၊ MA 11 အ မျိုးအစား သေနတ် (၁)လက်၊ ၆၀ မမ စိန် ပြောင်း (၃)လက်၊ ငါးကြင်းမြီး စက်လတ်(၁) လက်၊ ၉ မမ ပစ္စတို (၁)လက်ဖြင့် စုစုပေါင်း (၁၆)လက်၊ ခဲယမ်းမျိုးစုံနှင့် အခြားစစ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ဆင်ရေးအတွင်း ပူးတွဲတပ်ဖွဲ့များဘက်မှ ရဲဘော်တချို့ဒဏ်ရရှိခဲ့ပြီး ရန်သူ့တပ်မှ အ ချို့ချေမှုန်းခံရကာ စစ်သုံ့ပန်းဦးအား လက် ရဖမ်းဆီးမိပြီး အချို့မှာ ကစင့်ကလျားထွက် ပြေးသွားကြကြောင်း KPLA က အသိပေးသည်။

Public Service Announcement

Public Service Announcement

(စစ်တပ်စခန်းမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ကရင်နီတပ်​ပေါင်းစုမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KPLA)
(စစ်တပ်စခန်းမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ကရင်နီတပ်​ပေါင်းစုမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KPLA)

“​ဖေ​ဖော်ဝါရီ ၅ ရက်နေ့ ကစပြီးကျနော်တို့ Drone Forces တွေဗုံးစကြဲတာပါ။ ၈ ရက်နေ့မနက်မှာ စခန်းတက်သိမ်းတယ်လို့သိရတယ်ဗျ”ဟု FFD ဒရုန်းတပ်ဖွဲ့မှ ပြန်ကြား​ရေးတာ ဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

စစ်​ကောင်စီတပ်၏ ၁၂ မိုင်ကုန်းစခန်းကို တိုက်ခိုက်စဉ် FFD ဒရုန်းတပ်က ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်နေ့အထိ ၄ ရက်တာအတွင်း ဗုံးသီး ၄၅လုံး ကြဲချပစ်ကူပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ စစ်ကောင်စီ ၁၂ မိုင်ကုန်း တပ်စခန်းသည် ဘောလခဲမြို့နှင့် ရွာသစ်မြို့အကြား၌ တည်ရှိသည့် စခန်းဖြစ်သည်။

ကရင်နီပြည်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့သော ကရင်နီပူပေါင်းတပ်များ၏ ၁၁.၁၁ စစ်ဆင်ရေးတွင် ရွာသစ် နှင့် မော်ချီးမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး လွိုင်ကော်၊ဒီးမော့ဆို ၊မိုးဗြဲ ၊ဖယ်ခုံ နှင့်ရှားတော မြို့များရှိ စစ်ကောင်စီတပ်စခန်း၊စခန်းကုန်း ၂၀ ကျော်ကို သိမ်း ပိုက်ထားကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF က ဇန်နဝါရီ ၂၉ ရက်က အသိပေးထားသည်။

(စစ်တပ်စခန်းမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ကရင်နီတပ်​ပေါင်းစုမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KPLA)
(စစ်တပ်စခန်းမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ကရင်နီတပ်​ပေါင်းစုမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KPLA)

ထို့အပြင် ဇန်နဝါရီ တတိယပတ်ကစ၍ ထိုင်း-မြန်မာ နယ်စပ်ရှိ BP 9 အနီးတွင် တပ်စခန်းများမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA တို့ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်။

ထို့အပြင် လွိုင်ကော်အခြေစိုက် စစ်ကောင် စီ၏ ဒကစ အား ဝိုင်းရံ တိုက်ခိုက်လျက်ရှိကာ ဖယ်ခုံမြို့အခြေ စိုက် စကခ(၇) ၏ ကာကင်းစခန်းများဖြစ်သည့် လွယ်ပတ္တာ၊ကုန်းဆုံစသော ကာကင်းကုန်းစခန်းများ အားလုံးကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်သိမ်း ပိုက်ထားသည်။

အထက်ပါ “၁၁၀၇ – စစ်ဆင်ရေး”၏ ၁၂ မိုင်ကုန်းစခန်းသိမ်းတိုက်ပွဲစဉ်တွင် KPLA တပ် မဟာ(၇၈၂၆)နှင့်အတူ KA၊ KNDF၊ PDF၊ KNPLF Federal Wing ဒရုန်း တပ်ဖွဲ့၊ FFD ဒရုန်းတပ်ဖွဲ့၊ PDF ဒရုန်းတပ်ဖွဲ့တို့ အတူတကွ ပူးတွဲပါဝင်တိုက်ခိုက်ကြခြင်းဖြစ်သည်။