Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘူးသီးတောင်ရှိ စကခ (၁၅) တပ်မ ဌာနချုပ်နှင့် တပ်ရင်း၄ ရင်း အား ရက် ၄၀အတွင်း AAသိမ်းပိုက်

ထိုးစစ်အား တစ်ရက်မှ ရပ်တန့်ခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော တပ်ရင်း၊ တပ်မ၊ စကခဌာနချုပ်၊ နပခ ဌာနချုပ်များကို ဆက်လက်ထိုးစစ်ဆင်နေကြောင်းလည်း AAက ထုတ်ပြန်ခဲ့သည်။

(​စကခ (၁၅)​မြေပုံနှင့် မြို့သိမ်းတိုက်ပွဲတစ်ခုတွင်​အောင်ပွဲခံ​နေ​သော အာရက္ခ(AA)တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk)
(​စကခ (၁၅)​မြေပုံနှင့် မြို့သိမ်းတိုက်ပွဲတစ်ခုတွင်​အောင်ပွဲခံ​နေ​သော အာရက္ခ(AA)တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk)

▪︎ဘူးသီးတောင်-မောင်တောလမ်းရှိ စစ်ကောင်စီစခန်း ၄ခုကိုလည်း သိမ်းပိုက်

▪︎ရက္ခိုင်ဒေသ၌ စကခ ၃ ခု ရှိသည့်အနက် စကခ တပ်မ ဌာနချုပ် ၂ခုကို သိမ်းယူထား၊ နပခ စစ်တိုင်း အပါအဝင် ကျန်တပ်စခန်းများအား ဆက်လက်ထိုးစစ်ဆင်နေဟု အသိပေး

ဟန်နွေ/People’s Spring

ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၁၅)၏ တပ်မဌာနချုပ် နှင့် တပ်ရင်း ၄ခုအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။

၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှ စတင်ခဲ့သည့် AA၏ တကျော့ပြန် ထိုးစစ်တွင် ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း မြို့များအား သိမ်းပိုက်ထားပြီးနောက် မောင်တော၊ ဘူးသီးတောင်၊ အမ်း၊ သံတွဲ၊ ကျောက်ဖြူ မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများအား ဆက်လက် ထိုးစစ်ဆင်လျက်ရှိရာ ဘူးသီးတောင်ဒေသ စစ်ကောင်စီစခန်းများ သိမ်းပိုက်နိုင်မှုအခြေအနေများကို AAက ယမန်နေ့ညပိုင်း၌ အသိပေးခဲ့ခြင်းဖြစ်သည်။

(​စကခ (၁၅)​မြေပုံနှင့် မြို့သိမ်းတိုက်ပွဲတစ်ခုတွင်​အောင်ပွဲခံ​နေ​သော အာရက္ခ(AA)တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk)
(​စကခ (၁၅)​မြေပုံနှင့် မြို့သိမ်းတိုက်ပွဲတစ်ခုတွင်​အောင်ပွဲခံ​နေ​သော အာရက္ခ(AA)တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk)

ဘူးသီးတောင်တွင် စကခ(၁၅) လက်အောက်ခံ တပ်ရင်း ၈ရင်း၊ ဘူးသီးတောင် ဗျူဟာလက်အောက်ခံ တပ်ရင်း ၄ရင်း စုစုပေါင်း တပ်ရင်း ၁၂ရင်း ရှိရာ မတ်လ ၂၅ရက်မှ မေလ ၃ရက်နေ့အထိ ရက်ပေါင်း ၄၀ အတွင်း စကခ (၁၅) တပ်မဌာနချုပ် နှင့် ၎င်း၏ လက်အောက်ခံ တပ်ရင်း ၄ရင်းကို သိမ်းယူနိုင်ခဲ့ကြောင်း AAက အသိပေးသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၅ရက် တွင် ခမရ (၅၅၂) ၊ ဧပြီ ၅ရက်တွင် ခမရ (၅၆၄)၊ဧပြီ ၂၄ရက်တွင် ခမရ (၅၆၅) ၊ မေလ ၂ရက်တွင် စကခ (၁၅) ဘူးသီးတောင် တပ်မ ဌာနချုပ်၊ မေလ ၃ရက်တွင်ခမရ (၅၅၁) တပ်ရင်းတို့အား သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

စကခ (၁၅) တပ်မဌာနချုပ် အား AAက ကာလအတန်ကြာ ဝိုင်းရံ ပိတ်ဆို့ပြီးနောက် ဧပြီ နောက်ဆုံးအပတ်၌ ထိုးစစ်ရှိန် မြှင့်တင်ခဲ့ရာ ၁၂ရက် အကြာအပြင်းအထိန် တိုက်ပွဲဖြစ်ပြီး သိမ်းယူနိုင်ခဲ့သည်ဟု ဖော်ပြသည်။ စကခ(၁၅) တပ်မဌာနချုပ် တွင် ရဟတ်ယာဉ် ဆင်းသက်နိုင်သည့် နေရာနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်ငယ်များ ထားရှိ အသုံးပြုသည့် နေရာများ ပါဝင်သည်ကိုလည်း AAက ဖော်ပြသည့် စကခ (၁၅)တည်နေရာပြပုံတွင် တွေ့ရသည်။

(​စကခ (၁၅)​မြေပုံနှင့် မြို့သိမ်းတိုက်ပွဲတစ်ခုတွင်​အောင်ပွဲခံ​နေ​သော အာရက္ခ(AA)တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk)
(​စကခ (၁၅)​မြေပုံနှင့် မြို့သိမ်းတိုက်ပွဲတစ်ခုတွင်​အောင်ပွဲခံ​နေ​သော အာရက္ခ(AA)တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk)

ရက္ခိုင်ဒေသ၌ စကခ(၅) -တောင်ကုတ် ၊စကခ(၉)-ကျောက်တော်နှင့် စကခ(၁၅)- ဘူးသီးတောင် စသည့် စကခ ၃ခုရှိရာ စကခ (၉) ကျောက်တော် လက်အောက်ခံ တပ်ရင်း ၁၀ရင်းလုံးကို AAက ဖေဖော်ဝါရီ ၁၁ရက်တွင် အပြီးသတ် သိမ်းယူထားပြီးဖြစ်သည်။

စကခ (၁၅) ဘူးသီးတောင် လက်အောက်ရှိ တပ်ရင်းများ ဖြစ်ကြသော ခမရ (၃၄၅)၊ ခမရ (၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅)၊ ခမရ (၅၅၁)၊ ခမရ (၅၅၂)၊ ခမရ (၅၆၄)၊ ခမရ (၅၆၅) တပ်ရင်းများနှင့် “ဘူးသီးတောင်ဗျူဟာ”လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) နှင့် အမတ (၃၇၈) စသည့် တပ်ရင်း ၁၂ခုအနက် AAက ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ(၅၆၅)၊ ခမရ (၅၅၁) နှင့် စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ် စခန်းတို့အားသိမ်းယူထားပြီးဖြစ်၍ ဘူးသီးတောင် ဗျူဟာ နှင့် တပ်ရင်း ၈ရင်းသာ ကျန်နေပြီး အဆိုပါ တပ်များကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AAက အသိပေးသည်။

ဘူးသီးတောင် ထိုးစစ် အတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိထားသကဲ့သို့ လက်နက်ချ အညံ့ခံသော သုံ့ပန်းများ ကို ဖမ်းဆီး ရမိထားသည်ဟု သိရသည်။

ခမရ (၅၅၁) နှင့် စကခ (၁၅) တပ်မဌာနချုပ်မှ ထွက်ပြေးနေသော ရန်သူများအား လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်ဟုလည်း ဖော်ပြသည်။

ထို့အတူ စခန်းစွန့်ခွာ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများသည် ဘူးသီးတောင်မြို့နယ်၊ တန်းရှောက်ခံရွာအတွင်းမှ ခုခံကာကွယ်မှုများရှိခဲ့ရာ AAက ချေမှုန်း တိုက်ခိုက်နိုင်ခဲ့၍ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးများပြားခဲ့သည်ဟု ဆိုသည်။

ထိုးစစ်များနှင့် စခန်းသိမ်းတိုက်ပွဲများအတွင်း AA ဘက်က ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး အဆိုပါ အာရက္ခ စစ်သည်တော်များအား လေးနက်စွာ မှတ်တမ်းတင်ရှိကြောင်း၊ သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ ကြီးကြပ်ကွပ်ကဲ နိုင်ကြသော အဆင့်ဆင့်သော အာရက္ခစစ်သည်တော်များကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ မြို့များ၌လည်း စစ်ကောင်စီနှင့် တိုက်ပွဲများ ဆက်ရှိနေခဲ့ပြီးဘူးသီးတောင်-မောင်တော ကားလမ်းရှိ တာဝါတိုင် စခန်းကုန်း၊(၆) မိုင်စခန်းကုန်း၊ နခခ-၁ (ကျီးကန်းပြင်)၊ နခခ-၁၀ (လှဖိုးခေါင်) စခန်းတို့ကိုလည်း သိမ်းပိုက်ရရှိထားကြောင်း AAက ထုတ်ပြန်သည်။

အမ်းမြို့နယ်အတွင်းရှိ တောဟိန်းတောင်ဗျူဟာ အား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။

AA ၏ ချင်းပြင်နယ် ပလက်၀နှင့် ရက္ခိုင်ဒေသ ထိုးစစ်ဆင်မှု ၆လနီးပါး အတွင်း မြို့ ၉မြို့ ကို သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ရင်းဌာနချုပ်အများအပြား၊ တပ်စခန်းအများအပြား ၊ လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိထားပြီး သံချပ်ကာယာဉ်၊ စစ်ရေယာဉ်နှင့် စစ်ရဟတ်ယာဉ်တို့ကို တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ထားသည်။

ထိုးစစ်အား တစ်ရက်မှ ရပ်တန့်ခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော တပ်ရင်း၊ တပ်မ၊ စကခဌာနချုပ်၊ နပခ ဌာနချုပ်များကို ဆက်လက်ထိုးစစ်ဆင်နေကြောင်းလည်း AAက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။