Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဧပြီလအတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့်နေအိမ်ပေါင်း လေးထောင်နီးပါး မီးလောင်ပျက်စီး

မကွေးတိုင်း၌ အများဆုံးမှာ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ရေမျက်နီရွာဖြစ်စဥ်ဖြစ်ပြီး ဧပြီ ၃ ရက် နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကာ အိမ်ခြေ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။

(ရေမျက်နီရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)
(ရေမျက်နီရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

▪︎စစ်အုပ်စုက အာဏာသိမ်းပြီး​နောက်ပိုင်း ​နိုင်ငံတစ်ဝန်း​နေအိမ်​ပေါင်း ၈၈,၀၀၀​ကျော်ကိုမီးရှို့ဖျက်ဆီး

အောင်ဇေယျ/People’s Spring

စစ်ကောင်စီတပ်ကဧပြီလအတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် ရခိုင်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ နေအိမ်ပေါင်း လေးထောင်နီးပါး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်း၌ပင် နေအိမ်ပေါင်း ၃,၉၆၀ လုံး မီးရှို့ဖျက်ဆီးခံရပြီး ထိုဖြစ်စဥ်များတွင် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ နေအိမ် ၁၅၀၀ လုံး၊ မန္တလေးတိုင်းရှိ နေအိမ် ၁၂၂၀ လုံး၊ စစ်ကိုင်းတိုင်းရှိ နေအိမ် ၉၉၇ လုံးနှင့် မကွေးတိုင်းရှိ နေအိမ် ၂၂၉ လုံးပါဝင်ကြောင်း Data for Myanmar အဖွဲ့က အသိပေးသည်။

(ရေမျက်နီရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)
(ရေမျက်နီရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

“ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ပေါ်က နေအိမ်ပေါင်း ၂၀၀၀ ကနေ ၃၀၀၀ အတွင်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။အနီးစပ်ဆုံး ခန့်မှန်းထားတဲ့ အရေအတွက်ကိုသာ ထည့်သွင်းထားပြီး အတည်ပြုနိုင်တဲ့ အရေအတွက်ရရှိတဲ့အခါ update ပြုလုပ်သွားမှာဖြစ်ပါတယ်။”ဟု Data for Myanmar က ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မြေပြင်သတင်းအချက်အလက်အရမူ ထိုစာရင်းထက်ပိုများနေပြီး မန္တလေးတိုင်းတွင် မြင်းခြံနယ်၌ အများဆုံး မီးရှို့ဖျက်ဆီးခံရကာ ကျေးရွာပေါင်း ၆ ရွာထက်မနည်းရှိ အိမ်ခြေပေါင်း ၁၅၀၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။ အလားတူ မတ္တရာမြို့နယ်တွင်လည်း ကျေးရွာ၄ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

(ရေမျက်နီရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)
(ရေမျက်နီရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

စစ်ကိုင်းတိုင်း၌ ရွှေဘိုမြို့နယ်၊ ရှားတောရွာအား စစ်ကောင်စီတပ်က ဧပြီ ၆ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၇၀ ကျော် ပြာကျပြီး သက်ကြီးဘိုးဘွားနှစ်ဦးပါ မီးလောင်သေဆုံးခဲ့​ကြောင်း​ဒေသခံများက​ပြောသည်။ စစ်ကိုင်း၊ တန့်ဆည် မြို့နယ်များတွင်လည်း မီးရှို့ဖျက်ဆီးခံရမှုများ ရှိခဲ့သည်။

မကွေးတိုင်း၌ အများဆုံးမှာ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ရေမျက်နီရွာဖြစ်စဥ်ဖြစ်ပြီး ဧပြီ ၃ ရက် နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကာ အိမ်ခြေ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။

စစ်ကောင်စီ အာဏာသိမ်းထားသည့် ၃ နှစ်ကျော်ကာလ ၂၀၂၄ ဧပြီလကုန်အထိ စစ်ကောင်စီတပ် နှင့် ၎င်းတို့၏ လက်အောက်အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူနေအိမ်ပေါင်း ၈၈,၃၇၃ လုံး ဆုံးရှုံးခဲ့ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။ လူသိနည်း​သော ၊ဆက်သွယ်​ရေးမ​ကောင်း​​သော ၊​ဝေးလံ​ခေါင်ပါး​သော​ဒေသများမှ စစ်တပ်မီးရှို့မှုများရှိနိုင်​သေးသဖြင့် စစ်​ကောင်စီ မီးရှို့ဖျက်ဆီး​သော အ​ရေအတွက်မှာ ယခုအ​ရေအတွက်ထက်ပင်ပိုများနိုင်ပါသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။