Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆွမ်ပရာဘွမ်မြို့ကို KIA အပြီးသတ်သိမ်းပိုက်

KIA ဦး​ဆောင်၍ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ၊ကချင်​ဒေသပြည်သူ့ကာကွယ်​ရေးတပ်(KPDF)၊ ​ကျောင်းသားတပ်(ABSDF)စ​သော ​တော်လှန်​ရေးတပ်များကပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

(ခလရ ၄၆ စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ​မေ ၅ ရက်နံနက် တွင် KIA အလံ​တော်လွှင့်ထူစဥ်/ ခလရ ၄၆ စခန်းကိုအ​ပေါ်စီးမှ​တွေရစဥ်နှင့် ဆွမ်ပရာဘွမ်မြို့ အဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-CJ)
(ခလရ ၄၆ စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ​မေ ၅ ရက်နံနက် တွင် KIA အလံ​တော်လွှင့်ထူစဥ်/ ခလရ ၄၆ စခန်းကိုအ​ပေါ်စီးမှ​တွေရစဥ်နှင့် ဆွမ်ပရာဘွမ်မြို့ အဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-CJ)

▪︎နောက်ဆုံးလက်ကျန်စစ်စခန်းကို ယ​နေ့နံနက် ၈ နာရီတွင် KIA ဦး​ဆောင်​သော​တော်လှန်​ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်

သရဖူ/People’s Spring

ဆွမ်ပရာဘွမ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ-၄၆ ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဦး​ဆောင်​သော​တော်လှန်​ရေးတပ်ဖွဲ့များက ယနေ့(မေလ ၅ရက်)နံနက်အစောပိုင်းတွင်တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

“ဆွမ်ပရာဘွမ်မြို့နယ် Sold Outပါ” ဟု ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) တာဝန်ရှိသူတစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရသော ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးချန်းဂျော်ရမ်က ပြောသည်။

(ခလရ ၄၆ စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ​မေ ၅ ရက်နံနက် တွင် KIA အလံ​တော်လွှင့်ထူစဥ်/ ခလရ ၄၆ စခန်းကိုအ​ပေါ်စီးမှ​တွေရစဥ်နှင့် ဆွမ်ပရာဘွမ်မြို့ အဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-CJ)
(ခလရ ၄၆ စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ​မေ ၅ ရက်နံနက် တွင် KIA အလံ​တော်လွှင့်ထူစဥ်/ ခလရ ၄၆ စခန်းကိုအ​ပေါ်စီးမှ​တွေရစဥ်နှင့် ဆွမ်ပရာဘွမ်မြို့ အဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-CJ)

ဆွမ်ပရာဘွမ်မြို့မှ စစ်​ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်များအပါအဝင်အင်အား ၂၀၀ ​ကျော် ရှိ​သောခလရ ၄၆ ကို ​မေလ ၅ ရက် နံနက် ၈ နာရီတွင်အပြီးသတ် သိမ်းပိုက်နိုင်ခဲ့​ကြောင်း ကချင်စစ်​ရေးသတင်းရင်းမြစ်က​ပြောသည်။ စစ်တပ်​နောက်ဆုံးစခန်းသိမ်းနိုင်ခြင်းဖြစ်ပြီး မြို့ကိုလည်း အပြည်အဝ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်​ကြောင်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

KIA ဦး​ဆောင်၍ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ၊ကချင်​ဒေသပြည်သူ့ကာကွယ်​ရေးတပ်(KPDF)၊ ​ကျောင်းသားတပ်(ABSDF)စ​သော ​တော်လှန်​ရေးတပ်များကပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

(ခလရ ၄၆ စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ​မေ ၅ ရက်နံနက် တွင် KIA အလံ​တော်လွှင့်ထူစဥ်/ ခလရ ၄၆ စခန်းကိုအ​ပေါ်စီးမှ​တွေရစဥ်နှင့် ဆွမ်ပရာဘွမ်မြို့ အဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-CJ)
(ခလရ ၄၆ စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ​မေ ၅ ရက်နံနက် တွင် KIA အလံ​တော်လွှင့်ထူစဥ်/ ခလရ ၄၆ စခန်းကိုအ​ပေါ်စီးမှ​တွေရစဥ်နှင့် ဆွမ်ပရာဘွမ်မြို့ အဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-CJ)

“၄၆ တပ်ရင်းက ပူတာအိုဗျူဟာနဲ့ တွဲထိုင်ထားတာပါ။ ဆွမ်ပရာဘွမ်မှာ တခြားတပ်ရင်းမရှိတော့ပါဘူး။ဒီကနေ့ထွက်မပြေးခင်အထိ ဝိုင်းပိတ်ပြီး ခေါင်းမဖော်နိုင်အောင်လုပ်ထားတာ။ ဖြတ်လေးဖြတ်မက ဖြတ်တောက်ထားပြီး အလံဖြူထောင်ခိုင်းတာ မထောင်ခဲ့ကြဘူး” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ခလရ(၄၆)တပ်ရင်းကို မတ်လလယ်မှစတင်ကာ KIA၊KPF ၊ ABSDF ၊ KPDF စ​သောပူး​ပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း၊ ဒုတိယခံစစ်အကာစည်းရိုးကိုဧပြီလကုန်တွင် ဝန်းရံပိတ်ဆို့ထားခဲ့ပြီး ယခုအခါ တပ်ရင်းတစ်ခုလုံးအားရရှိခြင်းဖြစ်ကြောင်း KPDFနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ခေါင်းလန်ဖူးဌာနေပြည်သူ့စစ်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

(ခလရ ၄၆ စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ​မေ ၅ ရက်နံနက် တွင် KIA အလံ​တော်လွှင့်ထူစဥ်/ ခလရ ၄၆ စခန်းကိုအ​ပေါ်စီးမှ​တွေရစဥ်နှင့် ဆွမ်ပရာဘွမ်မြို့ အဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-CJ)
(ခလရ ၄၆ စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ​မေ ၅ ရက်နံနက် တွင် KIA အလံ​တော်လွှင့်ထူစဥ်/ ခလရ ၄၆ စခန်းကိုအ​ပေါ်စီးမှ​တွေရစဥ်နှင့် ဆွမ်ပရာဘွမ်မြို့ အဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-CJ)

ပြည်သူ့စစ်များလက်နက်ချရန် တိုက်တွန်းခဲ့သော်လည်း မချ၍ တိုက်ခိုက်ခဲ့ရကြောင်း KPDF ရဲဘော်တဦးကပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီမှလေကြောင်းမှအပြင်းအထန်လာရောက်တိုက်ခိုက်ခဲ့သည့်ကြားမှ ​တော်လှန်​ရေးတပ်များက တိုက်ခိုက်သိမ်းယူခဲ့ခြပြီး ယခုအခါ နယ်မြေရှင်းလေးလုပ်ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြီး ဖမ်းဆီးရမိသူများလည်းရှိကြောင်းသိရသော်လည်း အသေးစိတ်မသိရှိရသေးပေ။

KIA ဦး​ဆောင်​သော ​တော်လှန်​ရေးတပ်များသည် ယခုအခါ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှ ကဂမ်ရွာရှိ စစ်ကောင်စီစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယင်းနေရာအနီးရှိ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စစ်ကောင်စီသိမ်းယူခဲ့သည့် နာမည်ကြီး ဂီဒွန်တောင်ကုန်းကိုလည်း ဝိုင်းရံပိတ်ဆို့ထားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

KIA ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဆင်ဘိုမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ထိုစဉ်ကတည်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIA ရုံးနှင့် တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ရက်နောက်ဆုံးထား ကွတ်ခိုင်မြို့မှ ထွက်ခွာရန် TNLA နယ်မြေခံတပ်မှူးများက ပြောကြားခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။