Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အုတ်ဖိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ခြောက်ဦးသေဟုဆို၊ စစ်အုပ်စု ကျေးရွာများအား မီးရှို့ဖျက်ဆီး

အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနှင့် ချောင်းစောက်ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များရှိ ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ထုတ်သွားသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်သည်။

(တာဝါတိုင်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဉ်)
(တာဝါတိုင်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဉ်)

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက သတင်းထုတ်ပြန် သည်။

မတ်လ ၂၄ရက် နံနက်က အုတ်ဖိုမြို့နယ် ဂမုန်းဆည်အနီးရှိ တာဝါတိုင်ရွာအနီးတွင် အင်အား(၃၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၅ (ဗိုလ်မိုးကြိုးအဖွဲ့)က ဦးဆောင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ထိပ်တိုင်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သလို မိုင်းဖြင့်လည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ – Bago Region PDF က ယနေ့(မတ်လ ၂၅ရက်)သတင်းထုတ်ပြန်သည်။

“ တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေသလို နေ့တိုင်းလည်း တိုက်လိုက်နေပါတယ်။ ထုတ်ပြန်ချက်တွေ စောင့်ကြည့်ပါ။ ဒေသခံပြည်သူတွေကို ကူညီပါ” ဟု အုတ်ဖိုမြို့မှ ပြည်သူ့ကာကွယ်ရေးရဲ‌ဘော် တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲကို ဗိုလ်မိုးကြိုးအဖွဲ့နှင့်အတူပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ – ၅ ၊ တပ်စု – ၂ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနှင့် ချောင်းစောက်ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များရှိ ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ထုတ်သွားသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်သည်။

အဆိုပါ ကျေးရွာဒေသခံများမှာ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်ခြင်း၊မီးရှို့ဖျက်ဆီးခြင်းများကြောင့် ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကူအဖြစ် ဝိုင်းကျေးရွာသို့ ‌နောက်ထပ် စစ်ကား(၂)စီးရောက်ရှိကာ တပ်ဆွဲထားပြီး ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ယနေ့ (မတ်လ ၂၅ ရက်) နံနက်ပိုင်းတွင် ဘုတလင်မြို့နယ် သားရိုးကုန်းကျေးရွာမှ စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာပြီး အင်အား ၈၀ခန့်က ဘုတလင်မြို့အတွင်းဝင်ရောက်ပြီး အင်အား ၅၀ခန့်က ဆုံကုန်းကျေးရွာအတွင်းသို့ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

ယာဉ်တန်းအားတိုက်ခိုက်ချေမှုန်းခဲ့သည့်နေရာသည်မန္တလေးမြို့လယ်ခေါင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အနီးတွင်ဖြစ်ပြီး ပဒေသာမိုင်းဆင်၍ ချေမှုန်းရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ​ဖော်ပြထားသည်။

သတင်း

KIA အမှတ်(၃)တပ်မဟာ၊ အမှတ် (၁၂)တပ်ရင်းနယ်မြေ မံဝိန်းအနီး၌ ယနေ့ (မတ်လ ၂၅ရက်) နေ့လည်ပိုင်း ၁နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခင်ရက်များကလည်း ငှက်တံတားရွာ၌တိုက်ပွဲဖြစ်ခဲ့ဟုဆိုသည်။

သတင်း

အဆိုပါစစ်ကြောင်းကို ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် အလယ်ပိုင်းတိုင်းတပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်နေသည်။