Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်တွင် မည်သည့်ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အကာအကွယ်ပေးမည်မူဝါဒ AA၌ အခိုင်အမာရှိကြောင်း ခိုင်သုခကဖြေကြားထားသည်။

(ရခိုင်ပြည်နယ်တွင် AA သိမ်းပိုက်ထိန်းချုပ်ထား​သောမြို့နယ်နှင့် AA ထိုးစစ်ဆင်​နေ​သောမြို့နယ်များပြအင်ဖိုဂရပ်)
(ရခိုင်ပြည်နယ်တွင် AA သိမ်းပိုက်ထိန်းချုပ်ထား​သောမြို့နယ်နှင့် AA ထိုးစစ်ဆင်​နေ​သောမြို့နယ်များပြအင်ဖိုဂရပ်)

▪︎​​ကျောက်ဖြူသို့ တရုတ်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေဟုဒေသခံများပြော

ယောနသံ/People’s Spring

တရုတ်စီမံကိန်းများရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်သို့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ ဇွန်လ ၁၇ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

ကျောက်ဖြူမြို့နယ်၊ ဇိုင်ချောင်းရွာအနီးတွင် ဇွန် ၁၇ ရက် နံနက်ပိုင်းမှစတင်၍ တိုက်ပွဲဖြစ်ပြီး မိနစ်အနည်းငယ်စီခြား၍ ညနေပိုင်းအထိ ပစ်ခတ်သံများကြားခဲ့ရသည်ဟု ဒေသခံများကပြောသည်။

“စစ်တပ်က အင်အား ၁၀၀လောက်နဲ့ ဝင်လာပြီး စပစ်တာ။ နယ်ကျွန်လာပြီး ဒရုန်းနဲ့ပါ ပစ်တာ။ ဒေသခံတွေတော့ ရှောင်နေကြပေမယ့် ကျန်နေတာ‌တွေလည်း ရှိနေတယ်”ဟု ကျောက်ဖြူမြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်ဖြူမြို့နယ်သို့ဝင်ရောက်လာသည့်စစ်ကောင်စီတပ်စစ်ကြောင်းသည် ၎င်းတို့ ပြည်သူ့စစ်အဖြစ် စုဆောင်းပြီး စစ်သင်တန်းပေးထားသည့်မွတ်ဆလင်များကိုစစ်ကြောင်း၏ရှေ့၌ထားပြီး ဝင်ရောက်လာခြင်းဟု ဒေသခံအချို့ကပြောသည်။

“မွတ်ဆလင်တွေ ရှေ့ကထားဝင်လာတာဗျ။ အခြေအနေကို ရှုပ်ထွေးအောင်လုပ်တာ” ဟု ​ဒေသခံတစ်ဦးက ပြောသည်။

သို့​သော် ယ​နေ့(ဇွန်လ ၁၈ရက်)နံနက်တွင်မူ ပစ်ခတ်သံများမကြားရဘဲငြိမ်သက်နေသည်ဟု သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်တွင် မြန်မာ-တရုတ်ပိုက်လိုင်း ၊ တရုတ်အစိုးရကရင်းနှီးမြှုပ်နှံထားသည့်ကျောက်ဖြူ စီးပွားရေးဇုန်၊​ကျောက်ဖြူ​ရေနက်ဆိပ်ကမ်း၊ စီမံကိန်းရှိ‌နေသည်။ ရခိုင်ပြည်နယ်၌ တိုက်ပွဲများရပ်တန့်စေရေး တရုတ်အစိုးရက ဆန္ဒရှိသော်လည်း စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များကြောင့် တိုက်ပွဲရပ်ရန် မဖြစ်နိုင်သေးကြောင်း AA က ထုတ်ဖော်ပြောကြားထားသည်။ တိုက်ပွဲများအတွင်း တရုတ်၏စီမံကိန်းများမထိခိုက်စေရေး သဘောတူညီမှု ရှိထားသည်ဟု ရခိုင်စစ်ရေးသတင်းမြစ်များကပြောသည်။

ရခိုင်ပြည်နယ်တွင်AA က စစ်ကောင်စီစခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်နေစဉ် ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာ ၂၆တွင်ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက်နောက်ဆက်တွဲစာချုပ်ကို တရုတ်နှင့် စစ်ကောင်စီ လက်မှတ် ရေးထိုးခဲ့သည်။

ထို့အပြင် ရခိုင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ AAနှင့် တရုတ် တွေ့ဆုံဆွေးနွေးမှုများရှိကြောင်း အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဇွန်လ ၈ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ဖြေကြားထားသည်။

တရုတ်အစိုးရ၏ကြားဝင်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီနှင့်မဟာမိတ်သုံးဖွဲ့ တွေ့ဆုံဆွေးနွေးစေခဲ့သည့် ဟိုင်ဂင်ဆွေးနွေးပွဲများအပြီးတွင် ရခိုင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ တရုတ်နှင့်တွေ့ဆုံဆွေးနွေးမှုများရှိကြောင်း ခိုင်သုခကပြောသည်။

ရခိုင်ပြည်နယ်တွင် မည်သည့်ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အကာအကွယ်ပေးမည်မူဝါဒ AA၌ အခိုင်အမာရှိကြောင်း ခိုင်သုခကဖြေကြားထားသည်။

ရခိုင်ပြည်နယ်တွင် စစ်ပွဲများပြင်းထန်လာပြီးနောက် စစ်ရေးအရေးနိမ့်နေသည့်စစ်ကောင်စီသည် တရုတ်အကူအညီဖြင့် အပစ်အခတ်ရပ်စဲနိုင်ရန် တရုတ်ကို အကူအညီတောင်းခံမှုများရှိခဲ့သည်။ AAနှင့် စစ်ကောင်စီတပ်တို့ တရုတ်အကူအညီဖြင့်တွေ့ဆုံ ညှိနှိုင်းမှုများရှိခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ပြီးခဲ့သည့် ဇွန်လ ၁၂ရက်က ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းရှိရာသို့ တရုတ်အစိုးရ နှင့် ကုမ္ပဏီတာဝန်ရှိသူ များ ရောက်ရှိလာကြောင်းလည်း ဒေသအတွင်းသတင်းရင်းမြစ်များကပြောသည်။ အဆိုပါအဖွဲ့သည် ဒေသတွင်း တရုတ်စီမံကိန်းများရှိရာသို့ သွား​ရောက်ခဲ့ကြသည်။သို့​သော် AAနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းရှိ၊ မရှိ မသိရသေးပေ။

ရခိုင်ပြည်နယ်တွင် AAက မောင်တော၊စစ်တွေ၊တောင်ဂုတ်၊သံတွဲ၊ ကျောက်ဖြူ၊ဂွ၊အမ်းနှင့်မာန်အောင်မြို့နယ်တို့ကို သိမ်းပိုက်ရန်ကျန်ရှိနေသေးပြီး ဆက်လက်တိုက်ခိုက်သွားမည်ဟု AA ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒရုန်းများကို ပိုမိုအသုံးပြုနိုင်လေ စစ်ဆင်ရေးအောင်မြင်စေရန် ပိုမိုအထောက်အကူပြုနိုင်လေဖြစ်ပြီး ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုကိုလည်း လျော့ချနိုင်လေဖြစ်သည်ဟု အသိပေးသည်။

သတင်း

တွန်းဇံမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက မေလ ၁၇ရက်တွင် ဖော်ဆောင်ခဲ့ရာ တစ်ပတ်အတွင်း မြို့ကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးခန့် အရှင်ဖမ်းမိကာ လက်နက် ၁၀၀ ကျော်သိမ်းပိုက်ရရှိခဲ့သည်။

သတင်း

မံစီမြို့နယ်ဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် KIA တို့ ကောင်ဂျာဟန်ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

လက်ရှိအခြေအနေတွင် ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမအစပ်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း စုံစမ်းသိရသည်။