Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဉ့်ကူးမြို့တွင် ဘဏ်အပါအဝင် ပိတ်ထားသော နေအိမ်၊ ဈေးဆိုင်များအား စစ်ကောင်စီ ဝင်ခိုးယူနေဟု ဒေသခံများပြော

ပစ်ခတ်ခံရသူမှာ စဥ့်ကူးမြို့ ပဲလှော်ဖိုဆိုင်မှ အသက်(၆၀)ကျော်အရွယ် ဦးထွန်းမင်း(ခ)ဦးထုတ်ကြီးဆိုသူဖြစ်ပြီး သေဆုံးခြင်းရှိ၊မရှိ မသိရသေးပေ။

(စဥ့်ကူးမြို့ပေါ်ရှိ စစ်အုပ်စုဖောက်ထွင်းခဲ့သော CB ဘဏ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စဥ့်ကူးမြို့ပေါ်ရှိ စစ်အုပ်စုဖောက်ထွင်းခဲ့သော CB ဘဏ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့ပေါ်တွင် စစ်ကောင်စီက ဘဏ်အပါအဝင် ပိတ်ထားသောနေအိမ်နှင့် ဆိုင်ခန်းများမှ ပစ္စည်းများအား ဖောက်ထွင်းခိုးယူနေပြီး ဖောက်ထွင်းနေစဥ် ကြည့်မိသော ပြည်သူတစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်မှုများဖြစ်ပွားနေ၍ မြို့ခံများတိမ်းရှောင် နေရချိန် မြို့ပေါ်ရှိဘဏ်များအဝင် ဆိုင်ခန်းနှင့် နေအိမ်အများအပြားအား စစ်ကောင်စီက ဝင်ရောက်ခိုးယူနေကြောင်း၊ ထို့အပြင် ဇူလိုင် ၁၀ ရက်က CB ဘဏ်အားဝင်ရောက်ဖောက်ထွင်းနေသည်ကို မြင်သွားသည့် အမျိုးသားတစ်ဦးလည်း ပစ်ခတ်ခံခဲ့ရကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)အဖွဲ့က ပြောသည်။

“ဘဏ်ဖောက်ထွင်းချိန်ထွက်ကြည့်မိလို့ ပစ်တာ။ဗိုက်မှန်သွားတယ်။”ဟု ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရသူမှာ စဥ့်ကူးမြို့ ပဲလှော်ဖိုဆိုင်မှ အသက်(၆၀)ကျော်အရွယ် ဦးထွန်းမင်း(ခ)ဦးထုတ်ကြီးဆိုသူဖြစ်ပြီး သေဆုံးခြင်းရှိ၊မရှိ မသိရသေးပေ။

ဇူလိုင် ၉ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စံကျောင်းဘုန်းကြီးကျောင်းအတွင်း ကျရောက် ပေါက်ကွဲကာ အမျိုးသမီး နှစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ် မခေါက်ကျေးရွာမှဖြစ်ပြီး ယခင်ကလည်း ရွှေဘိုနယ်ကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းများအား လုယက်ပြီး ကျောက်မြောင်းတပ်အတွင်းသို့ပို့ဆောင်လေ့ရှိကြောင်း သတင်းရရှိသည်။

စဥ့်ကူးမြို့နယ်အပါအဝင် မတ္တရာနှင့် သပိတ် ကျင်းမြို့နယ်များ၌ ဇွန်လကုန်ပိုင်းမှစတင်ခဲ့သည့် တိုက်ပွဲများကြောင့် ကျေးရွာအများအပြားမှ ပြည်သူသောင်းချီထွက်ပြေးတိမ်းရှောင်နေရပြီးစစ်ရှောင်စခန်းအချို့ ရိက္ခာလိုအပ်ချက်များ ရှိနေသည်။

ထို့အပြင် စဥ့်ကူး၊ မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်များတွင် စစ်ကောင်စီ၏ လေကြောင်းနှင့် မြေပြင်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် နှစ်ပတ်အတွင်း ကလေးငယ်များအပါအဝင် ပြည်သူ ၁၂ဦးထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သို့သော် စဥ့်ကူးနှင့် မတ္တရာမြို့နယ်၌ ဖော် ဆောင် နေသော ရှမ်းမန်းစစ်ဆင်ရေးတွင်

စစ်ရေးအောင်ပွဲများရရှိနေပြီး နှစ်ပတ်အတွင်း စစ်ကောင်စီတပ်စခန်း(၃၆)ခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်းနှင့် လက်နက်ချအလင်းဝင်သူ စုစု​ပေါင်း ၁၃၀ကျော်ရှိ​ကာ စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းများအများအပြား သိမ်းဆည်းရမိထားသည်။

ဆက်စပ်သတင်းများ

သတင်း

RCSSသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံလျက်ရှိသည့် ရှမ်းတပ်ဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု မရှိပေ။

သတင်း

မိုးကုတ်မြို့အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ် လပခ၊ ခလရ (၇၁၊၈၈)နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

ဗီဒီယိုတွေထဲက ပုံရိပ်တွေအရ နှိပ်စက်ညှင်းပန်းမှု၊ ရိုက်နှက်မှု၊ ရှော့ရိုက်မှု၊ လိင်အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်မှုစတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာ၊ အမျိုးသမီး ၂ ဦး အပါအဝင် ထိန်းသိမ်းခံရသူ ၄၈ ဦးလောက် ရှိနေတာတွေကို ဆန်းစစ် အတည်ပြုနိုင်ခဲ့တယ်လို့လည်း Fortify Rightsက ဖော်ပြသွားခဲ့ပါတယ်။

သတင်း

CBMဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ဝင်ရောက်မှု အဓိက ရင်းမြစ်တစ်ခုလည်း ဖြစ်နေပြီး ငွေလဲလှယ်မှု ကြီးကြပ်ရေး ကော်မတီနဲ့ ပူးပေါင်းပြီး ပြည်ပကနေ စစ်လက်နက်တွေ ဝယ်ယူဖို့ လိုအပ်တဲ့ နိုင်ငံခြားငွေကြေးကို စုဆောင်း ရှာဖွေပေးနေပြန်ပါတယ်။