Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာတိုက်ပွဲမှ ထွက်ပြေးလာသောစစ်သားနှစ်ဦး PDF ဖမ်းမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား နှစ်ဦးကို လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိကြောင်း ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိသော စစ်သားနှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား နှစ်ဦးကို လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိကြောင်း ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်းက သတင်းထုတ်ပြန်သည်။

မတ္တရာမြို့နယ် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို မန္တလေး PDFနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်စဥ် ဆုတ်ခွာထွက်ပြေးသွားသော စစ်သားများကို ရွှေဘိုခရိုင်အမှတ်(၁၈) တပ်ရင်း ဖြတ်တောက်ရေးတပ်ဖွဲ့နှင့် နယ်မြေခံ ပကဖများက လမ်းမှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားအချို့ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း နှစ်ဦးကို ဖမ်းဆီးရမိပြီးMA-11 သေနတ် တစ်လက်၊ G-‌3 သေနတ် တစ်လက်၊ BA-100 ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းတစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်(၁၈) တပ်ရင်းက ယနေ့(ဇူလိုင် ၁၉ရက်) ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

ဖမ်းဆီးရမိသည့်နေ့ရက်နှင့် နေရာကိုမူ အသိပေးထားခြင်းမရှိပေ။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်းထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မတ္တရာမြို့နယ်တွင် မန္တလေး PDFနှင့် ပူးပေါင်းတပ်များက စစ်ကောင်စီတပ် စခန်းအရေအတွက် ၂၈ခုထိ သိမ်းပိုက်ရရှိထားသည်။ စစ်ဆင်ရေးများတွင် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများလည်း မန္တလေး PDFက သိမ်းဆည်းရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၇ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နှစ်နေရာကို စစ်ကောင်စီတပ်ကလေကြောင်းမှဗုံးကြဲတိုက်ခိုက်သဖြင့်ဒေသခံပြည်သူ ၁၅ဦး ထက်မနည်းသေဆုံးကြောင်း ​ဒေသခံများကပြောသည်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ယမန်နေ့ညပိုင်းနှင့် ယနေ့(ဇူလိုင်၁၉) နံနက် တွင် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသသတင်းရင်းမြစ်က အသိပေးသည်။

သတင်း

မန္တလေးမြို့သို့ ရေကြောင်းမှဝင်ရောက်လာသော မတ္တရာမြို့နယ်များမှ ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေရာ အမျိုးသမီးငယ်တစ်ဦး ဖမ်း​ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။