Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာနှင့် ဘုတလင်မြို့နယ်တို့တွင် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်နှင့် ဒေသခံပြည်သူများက (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့ (ဇူလိုင် ၁၉)နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Special Regional Attacks Forces-Monywa

သုည/People’s Spring

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်နှင့် ဒေသခံပြည်သူများက (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့ (ဇူလိုင် ၁၉)နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

မုံရွာမြို့နယ်တွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ(၂)ရဲဘော်များ၊ ပညာရေးဝန်ထမ်းနှင့် ကျောင်းသားများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ကျဆုံးအာဇာနည်များ၏ ဓာတ်ပုံများ ကိုင်ဆောင်ချီတက်ခဲ့ပြီး ဂုဏ်ပြုအလေးပြုခြင်းကို လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းအခမ်းအနားကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ(၂)ရဲဘော်များ၊ Burma Liberation Democratic Front – BLDF နှင့် Special Regional Attacks Forces-Monywaမှ ရဲဘော်များနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဘုတလင်မြို့နယ်တွင်လည်း သပိတ်အင်အားစုကဦးဆောင်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အပါအဝင် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော ရဲဘော်များအား အလေးပြုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ တစ်နေရာတွင် သပိတ်အင်အားစုမှ လူငယ်များက ဦးဆောင်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ယနေ့ (ဇူလိုင် ၁၉) နံနက်က ပြုလုပ်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်မှ ဦးဆောင်ကာ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုကို ယနေ့ (ဇူလိုင် ၁၉) ပြုလုပ်ခဲ့သည်။

သတင်း

စစ်မျက်နှာစာတိုင်းတွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီက ရန်ကုန်မြို့၌ ပြုလုပ်မည့် (၇၇)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအတွက် လုံခြုံရေးကို ယခင်နှစ်များထက် တိုးမြှင့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီကမူ ခရီးသည်တင်ယာဥ်အား PDFများက ပစ်ခတ်တိုက်ခိုက်ရာမှ ပြည်သူတစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကြောင်း ၎င်းတို့ထောက်ခံသည့် တယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်နေသည်။