Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်းမြို့တွင် စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာ

မကွေးတိုင်း၊ ထီးလင်းမြို့ရှိ ရွှေထီးခန်းမမှ စစ်ကောင်စီတပ်သားတစ်ဦးသည် ဂန့်ဂေါခရိုင် အမှတ်(၁၈) တပ်ရင်း(YNRF)ထံ အလင်းဝင်လာခဲ့သည်။

အလင်းဝင်လာသော စစ်ကောင်စီတပ်သားအား တွေ့ရစဥ်။ ဓာတ်ပုံ - YNRF

မိထက်/People’s Spring

မကွေးတိုင်း၊ ထီးလင်းမြို့ရှိ ရွှေထီးခန်းမမှ စစ်ကောင်စီတပ်သားတစ်ဦးသည် ဂန့်ဂေါခရိုင် အမှတ်(၁၈) တပ်ရင်း(YNRF)ထံ အလင်းဝင်လာခဲ့သည်။

တပ်သား ကျော်မိုးဆွေသည် MA 1 သေနတ်တစ်လက်၊ ကျည်ဘောက် သုံးခု၊ ၅.၅၆ ကျည် ၃၄၇ တောင့် ၊ကျည်ကာအင်္ကျီနှစ်ထည်နှင့်အတူ ဇူလိုင် ၈ရက်က အလင်းဝင်လာခဲ့ခြင်းဟု YNRFက ယနေ့(ဇူလိုင် ၁၉ရက်) သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – YNRF

” လူငယ်‌တစ်ယောက်ပါ။ သူ့လုပ်သင့်တာ လုပ်တာလို့ ပြောပါတယ်။ ကျတော်တို့ကတော့ ကြိုဆိုနေပါတယ်”ဟု ထီးလင်းမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားအား YNRFက ကျပ်သိန်း၅၀ ‌ပေးအပ်ခဲ့သည်။

YNRF သည် ထီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားသည့်နေရာ ရှစ်ခုကို ဂန့်‌ဂေါခရိုင်တပ်ရင်းများနှင့်ထီးလင်းမြို့နယ်ပကဖ ပူးပေါင်းပြီး ဇူလိုင် ၉ရက်က တိုက်ခိုက်ခဲ့သည်။ ထီးလင်းမြို့သို့ အားစမ်းထိုးစစ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဟု YNRFက သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အောင်ဇေယျစစ်ကြောင်းရှိ လူငယ်စစ်သားအချို့မှာ ထွက်ပြေးရန်စဥ်းစားနေကြ​သော်လည်း အဆက်အသွယ်နှင့် ဖုန်းသုံး၍ မရခြင်းကြောင့် အခက်တွေ့နေရသည်ဟု အလင်းဝင်လာသူ နှစ်ဦးက ဆိုသည်။

သတင်း

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

အလားတူ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ် သားသည်လည်း G3 တစ်လက်၊ ကျည်ဘောက် ၆ ခုနှင့် G3 ကျည်ဆံ(၇.၆၂) ၃၃၀ တောင့်နှင့်အတူ BPDF ထံ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဝင်ရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်...

သတင်း

မြိုင်မြို့နယ်တွင်းရှိ စစ်သား၊ရဲနှင့်ပျူစောထီးများ စစ်ကောင်စီလက်အောက်မှထွက်၍ အလင်းဝင်လိုပါက နီးစပ်ရာ မြိုင်ပကဖ ဇုန်၊တိုက်နယ်၊ရပ်ကျေးအဖွဲ့ဝင်များထံ ဆက်သွယ် နိုင်ကြောင်း ပကဖက အသိပေးထားသည်။