Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါမြို့နယ်ရှိ တံတားတစ်စင်းကို စစ်‌ကောင်စီတပ် ဖျက်ဆီး၊ ရွာသားလေးဦး ဖမ်းဆီးသွား

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ခလရ(၅၀) တပ်ရင်းမှ စစ်‌ကောင်စီနှင့်ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ချောင်းကူးတံတားတစ်စင်းအားဖောက်ခွဲဖျက်ဆီးပြီး အရပ်သားလေးဦးအား ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

မိထက်/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ခလရ(၅၀) တပ်ရင်းမှ စစ်‌ကောင်စီနှင့်ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ချောင်းကူးတံတားတစ်စင်းအားဖောက်ခွဲဖျက်ဆီးပြီး အရပ်သားလေးဦးအား ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

စစ်‌ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ယနေ့(ဇူလိုင် ၂၀ရက်) နံနက် ၂နာရီခန့်တွင် ရှုံးရှီရွာနှင့် အောင်မြင်ကျေးရွာသို့ စစ်ကြောင်းထိုးလာခြင်းဟု ဂန့်ဂေါမြို့နယ်ပအဖတာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းက “ရှုံးရှီရွာနဲ့အောင်မြင်ရွာကို စစ်ကြောင်းနှစ်ကြောင်းခွဲ ဝင်လာတာ။ မနက်အစောကြီးဝင်လာတော့ ဒေသခံတွေ ပြေးရတယ်ဗျာ။ လေးယောက်ကို ဖမ်းသွားတယ်”ဟု ပြောသည်။

အောင်မြင်ရွာနှင့် ရှုံးရှီရွာချင်းဆက် ချောင်းကူးတံတားအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

” အဲဒီတံတားက ဂန့်ဂေါအနောက်ပိုင်းမှာ ဒေသခံတွေအတွက် အရမ်းအရေးပါတဲ့တံတား။ မိုင်းခွဲတာ မပျက်လို့ အကြိမ်ကြိမ်ခွဲဖျက်ဆီးသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကြောင်းသည် ယနေ့ ညနေပိုင်းတွင် ဂန့်ဂေါမြို့အတွင်း ပြန်ဝင်သွားပြီဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF သိမ်းပိုက်ထိန်းချုပ်ထားသော စဥ့်ကူးမြို့ကို စစ်ကောင်စီက ရေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း

ပြည်တွင်း၌ ဆန်ဈေးကြီးပြီး ဆန်​​​​ရောင်းဝယ်သူများကို ဖမ်းဆီးခြိမ်း​ခြောက်​နေ​သော်လည်း စစ်ကောင်စီက ပြည်ပသို့ ဆန်တင်ပို့မှုကိုမူ တိုးပို့နေကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှသိရသည်။ 

သတင်း

ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းကို ယနေ့တွင် တိုက်ခိုက်သိမ်းပိုက်ရာ ရဲ ၄ဦးသေဆုံးခဲ့ကြောင်း ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha)က သတင်းထုတ်ပြန်သည်။

ရသ

တံခါးဖွင့်ဖွင့်ချင်း ကိုနွယ်ပထမဆုံးသတိရမိတာက စစ်ကောင်စီပါ။ သူတို့ချိတ်ပိတ်ခဲ့တဲ့အိမ်ကို ကိုနွယ့်လက်နဲ့ ပြန်ဖွင့်နိုင်ခဲ့ပြီလို့ တွေးရင်း သတိရတာပါတဲ့။