Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးရဲစခန်းတိုက်ခိုက်မှု ရဲ ၄ဦးသေ၊လက်နက်များရဟု CDF ထုတ်ပြန်

ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းကို ယနေ့တွင် တိုက်ခိုက်သိမ်းပိုက်ရာ ရဲ ၄ဦးသေဆုံးခဲ့ကြောင်း ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha)က သတင်းထုတ်ပြန်သည်။

ဟားခါးမြို့မရဲစခန်းမှ သိမ်းရသော လက်နက်များ။ ဓာတ်ပုံ - ဟားခါး CDF

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းကို ယနေ့တွင် တိုက်ခိုက်သိမ်းပိုက်ရာ ရဲ ၄ဦးသေဆုံးခဲ့ကြောင်း ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha)က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၀ရက် နံနက် ၅နာရီခွဲတွင် Operation Rung အမည်ဖြင့် မြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တိုက်ပွဲအတွင်း ရဲ ၄ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်း ဖော်ပြအသိပေးသည်။ ဓာတ်ပုံပါအရ စစ်ကောင်စီရဲများ ကိုင်ဆောင်သည့် လက်နက် ၂၃လက်ထက်မနည်းနှင့် ကျည်များကို ပြသထားသည်။

ရဲစခန်းရှိ အမျိုးသား ၄၉ဦး၊ အမျိုးသမီး ၁၃ဦးစုစုပေါင်း အကျဉ်းသား ၆၂ဦးတို့ကိုလည်း ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

CDF ဟားခါးအနေဖြင့် အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆုံးခန်းတိုင်အောင် ဆက်လက် တိုက်ပွဲ ဖော်ဆောင်သွားမည်ဖြစ်၍ ပြည်သူလူထုများ ပူးပေါင်းပါဝင်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ခလရ(၅၀) တပ်ရင်းမှ စစ်‌ကောင်စီနှင့်ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ချောင်းကူးတံတားတစ်စင်းအားဖောက်ခွဲဖျက်ဆီးပြီး အရပ်သားလေးဦးအား ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

သတင်း

ပြည်တွင်း၌ ဆန်ဈေးကြီးပြီး ဆန်​​​​ရောင်းဝယ်သူများကို ဖမ်းဆီးခြိမ်း​ခြောက်​နေ​သော်လည်း စစ်ကောင်စီက ပြည်ပသို့ ဆန်တင်ပို့မှုကိုမူ တိုးပို့နေကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှသိရသည်။ 

ရသ

တံခါးဖွင့်ဖွင့်ချင်း ကိုနွယ်ပထမဆုံးသတိရမိတာက စစ်ကောင်စီပါ။ သူတို့ချိတ်ပိတ်ခဲ့တဲ့အိမ်ကို ကိုနွယ့်လက်နဲ့ ပြန်ဖွင့်နိုင်ခဲ့ပြီလို့ တွေးရင်း သတိရတာပါတဲ့။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်(၁၇)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့​ကြောင်းထုတ်ပြန်လိုက်သည်။