Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်ကျင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ရှစ်ဦးသေ၊ ရှစ်ဦးဖမ်းဆီးခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အင်းနက်ကျေးရွာရှိ စစ်ကောင်စီစခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်အား တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး ရှစ်ဦးဖမ်းမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်သည့်။

သပိတ်ကျင်းမြို့နယ်တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ

မိထက်/People’s Spring

ဒုအရာခံဗိုလ် ရွှေသိန်းဦးစီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ဦးရှိနေသော အဆိုပါစခန်းနှစ်ခုကို ဇူလိုင် ၂၀ရက် နံနက် ၇နာရီတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီး ငါးဦးနှင့် တပ်ကြပ်သုံးဦးသေဆုံးပြီး ဒုအရာခံဗိုလ်ရွှေသိန်း၊ တပ်ကြပ်ကြီးလေးဦး၊ တပ်ကြပ်သုံးဦးဖမ်းမိထားသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လက်နက်ငယ် (၂၃)လက်၊ ကျည်မျိုးစုံ (၃၃၇၉)တောင့်၊ လက်ပစ်ဗုံး လေးလုံး၊ ရှေ့ထွက်မိုင်းတစ်လုံးနှင့် ကျည်အိမ် (၉၉)ခု သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲအား အထူးလှုပ်ရှား တပ်ရင်း-၃၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် (၂) ကြိမ် ပစ်ခတ် တိုက်ခိုက်ခြင်းဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြလုပ်ခဲ့သည်ဟု အမှတ် (၁)စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – အမှတ်(၁)စစ်ဒေသ

သပိတ်ကျင်းမြို့နယ်တွင် ပြီးခဲသည့် မတ်လက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ အလောင်း ၁၄လောင်း၊ လက်နက်ငယ် ၁၈လက်နှင့် လက်နက်ခဲယမ်းများ၊စစ် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ အမှတ်(၁)စစ် ဒေသက သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်း၌ ဆေးဝါးများ ရှားပါးလာပြီး ဈေးတက်​​နေချိန်တွင် စစ်ကောင်စီက ​ဈေးကျ​စေရန် ဆိုကာ ဆေးကုမ္ပဏီများကို အရောင်းပြပွဲလုပ်၍ တိုက်ရိုက်ရောင်းချခိုင်းနေကြောင်း ဆေးကုမ္ပဏီထံမှသိရသည်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဆူးတောရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

သတင်း

ချင်းအမျိုးသားတပ်မတော်(CNA) ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီနှင့် ပူးပေါင်းပြီး ချင်းညီနောင်နှင့် မဟာမိတ်များကို ထိုးစစ်ဆင်ခဲ့ကြောင်း ချင်းညီနောင် အဖွဲ့ဝင်များက ဖမ်းမိ စစ်သုံ့ပန်း ဗိုလ်မှူးရဲမင်းထွန်း၏ ထွက်ဆိုချက်ကို ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီက ထောင်အပြောင်းအရွှေ့များကို စစ်ဆင်ရေးတစ်ရပ်အဖြစ်လုပ်နေဟု PPNM သုံးသပ်