Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဉ့်ကူးမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်ကောင်စီ၏ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအပါအဝင် ၂၈ဦးအား မိုးကုတ်ဗျူဟာ ဖမ်းမိ

စဥ့်ကူးမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီ၏ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် အခြားအဆင့်များ၊ တပ်သားများနှင့် ပျူစောထီးများ စုစုပေါင်း ၂၈ဦးအား မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်းက ဖမ်းဆီးရမိခဲ့သည်။

ဇေအောင်/People’s Spring

ဇူလိုင် ၁၈ရက်က စစ်ကောင်စီဒုဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်မှူး တစ်ဦး၊ဗိုလ်ကြီး လေးဦး၊ဗိုလ် တစ်ဦး၊ တပ်ကြပ်ကြီး လေးဦး၊ဒုတပ်ကြပ်ကြီး လေးဦး၊ တပ်ကြပ် နှစ်ဦး၊တပ်သား ကိုးဦး၊ လက်ပံလှနှင့် စဥ့်ကူးတို့မှ စခန်းမှူး နှစ်ဦး၊ ရေတော်ပျူခေါင်းဆောင် ငနိုင် ၊ ဒိုးပင်ကုန်းဇီးပင်ကုန်း ပျူခေါင်းဆောင်ထွန်းလင်း စသည့် ပျူခေါင်းဆောင်များနှင့် ပျူစောထီးများ ဖမ်းဆီးရမိခဲ့ကြောင်း မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂) တပ်ရင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိသူများမှာ ခမရ(၇၀၃)၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကို ၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်ကျော်ဇင်၊ ခမရ(၇၀၈)တပ်စုမှူး ဗိုလ်ကြီး ထက်ကျော်၊ ခမရ (၇၀၈)မှ ဗိုလ်ကြီး ဌေးလင်းကျော်၊ ခလရ(၉၃)မှ ဗိုလ်ကြီး အေးကို၊ ခမရ (၇၀၈)၏တပ်စုမှူး ဗိုလ်ကြီး ထွန်းနိုင်၊လက်ပန်လှ နယ်မြေရဲစခန်းမှ ရဲမှူးကျော်မြင့်ဦး ၊ စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ဒုရဲမှူးရွှေသိမ်းမောင် တို့ဖြစ်သည်။

၎င်းတို့သည် ဧရာဝတီမြစ်ကိုဖြတ်ထွက်ပြေးလာစဥ် ဖမ်း​ဆီးရမိခြင်းဖြစ်ကြောင်း အမှတ်(၁၂၂၂) တပ်ရင်း၏ တပ်ရင်းမှူးက ပြောသည်။

ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများကို ဇူလိုင် ၁၉ရက်တွင် မန္တလေး PDFထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း မိုးကုတ်ဗျူဟာ အမှတ်-၁၂၂၂တပ်ရင်း က အသိပေးသည်။

တစ်နိုင်ငံလုံးရှိ စစ်ကောင်စီ တပ်များမှ စစ်သည်များကို လက်နက်ချ အလင်းဝင်ပူးပေါင်းရန် အမှတ်-၁၂၂၂တပ်ရင်းက တိုက်တွန်းထားသည်။

စဉ့်ကူးမြို့အပါအဝင် ယင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးအားဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယမန်နေ့ (ဇူလိုင်၂၀ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်ရမိခဲ့သည်ဟု မန္တလေး PDF က အသိပေးသည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သောကြောင့် မြို့နေဧရိယာများ ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးခံထားရသော ပျူစောထီး ခေါင်းဆောင် ရေတော်မောင်နိုင်အား မိုးကုတ်ဗျူဟာ အမှတ် (၁၂၂၂)တပ်ရင်းက ပြည်သူများရှေ့မှောက်၌ စစ်ဆေး‌ခဲ့သည်။

သတင်း

ပြည်တွင်း၌ ဆေးဝါးများ ရှားပါးလာပြီး ဈေးတက်​​နေချိန်တွင် စစ်ကောင်စီက ​ဈေးကျ​စေရန် ဆိုကာ ဆေးကုမ္ပဏီများကို အရောင်းပြပွဲလုပ်၍ တိုက်ရိုက်ရောင်းချခိုင်းနေကြောင်း ဆေးကုမ္ပဏီထံမှသိရသည်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဆူးတောရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အင်းနက်ကျေးရွာရှိ စစ်ကောင်စီစခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်အား တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး ရှစ်ဦးဖမ်းမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်သည့်။