Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် တွင်းအသစ်တူးဖော်ရန် တည်ဆောက်ရေးလုပ်ငန်းများကို တရုတ်ကုမ္ပဏီလုပ်ကိုင်ခွင့်ရ

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေချိန်တွင် အဆိုပါစီမံကိန်းအတွင်း တွင်းအသစ်တူးဖော်ရေးအတွက် အမေရိကန်ဒေါ်လာ ၅၂၃ သန်းတန်ဖိုးရှိသည့် အဆိုပါစာချုပ်ကို ဇူလိုင် ၁၉ ရက်တွင်သဘောတူခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စောနွေဦး/People’s Spring

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် တွင်းအသစ်တူးဖော်မှုအတွက် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်သဘောတူညီမှုရရှိခဲ့ကြောင်း တရုတ်ကုမ္ပဏီ COOEC က ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေချိန်တွင် အဆိုပါစီမံကိန်းအတွင်း တွင်းအသစ်တူးဖော်ရေးအတွက် အမေရိကန်ဒေါ်လာ ၅၂၃ သန်းတန်ဖိုးရှိသည့် အဆိုပါစာချုပ်ကို ဇူလိုင် ၁၉ ရက်တွင်သဘောတူခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

စာချုပ်အရ တရုတ်အမျိုးသား ကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC)၏ လုပ်ငန်းခွဲဖြစ်သည့် COOEC က စီမံကိန်းကို ဒီဇိုင်းဆွဲခြင်း၊ စက်ပစ္စည်းများ ဝယ်ယူခြင်း၊ တူးဖော်သည့် ပလက်ဖောင်းများ ပြန်လည်မွမ်းမံခြင်း၊ ရေအောက် အဆောက်အဦများ တပ်ဆင်ခြင်းနှင့် လုပ်ငန်းမစတင်မီ တူးဖော်ခြင်း ကိရိယာများကို တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုထားသည်။ ထိုစီမံကိန်းကို သုံးနှစ်အတွင်း အပြီးတည်ဆောက်မည်ဟုလည်းဆိုသည်။

ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက်သည် ရခိုင်ကမ်းလွန် ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိသည်။

ထိုလုပ်ကွက်ကို ၂၀၀၄ခုနှစ်စတင်ခဲ့ပြီး ၂၀၁၃ခုနှစ်တွင် စီးပွားဖြစ်သဘာဝဓာတ်ငွေ့ထွက်ရှိခဲ့သည်။

တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၆၀ ခန့် ထွက်ရှိပြီး အများစုမှာ တရုတ်နိုင်ငံသို့ ရောင်းချနေခြင်းဖြစ်သည်။

ကိုရီးယားကုမ္ပဏီ POSCO သည် ထိုလုပ်ကွက်တွင် ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသည်။ ထိုလုပ်ကွက်တွင် POSCOက ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ကိုရီးယား KOGAS ကုမ္ပဏီကရှယ်ယာ ၁၇ ရာခိုင်နှုန်း၊ အိန္ဒိယကုမ္ပဏီများဖြစ်သည့် ONGC နှင့် GAIL တို့က ရှယ်ယာ ၈ ဒသမ ၅ ရာခိုင်နှုန်းစီပိုင်ဆိုင်ထားသည်။ စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကလည်း ၁၅ ရာခိုင်နှုန်းပါဝင်သည်။

ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA) က ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ စစ်တပ်စခန်းများ၊ တပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။ ထိုအပြင် သံတွဲ နှင့်မောင်တောမြို့နယ်ရှိ လက်ကျန်စစ်စခန်းများကိုလည်းအပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေသည်။ ထိုအချိန်တွင် ရခိုင်ကမ်းရိုးတန်းရှိ ကမ်းလွန်လုပ်ကွက် တည်ဆာက်ရေးတင်ဒါကို တောင်ကိုရီးယားကုမ္ပဏီ POSCO ခေါ်ယူပြီး တရုတ်ကုမ္ပဏီက လုပ်ခွင့်ရသွားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ တံတားတစင်းကျိုးရာက အနည်းဆုံး လူတဒါဇင် နီးပါးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

တရုတ် CSGဟာ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ် ပိုင်းခြားထားတဲ့ ဘာရှီ ရေလက်ကြားကို ဖြတ်သန်းခဲ့တာတော့ မတွေ့ရဘူးလို့လည်း ကူက ဆက်ပြောပါတယ်။ အဲဒီရေလမ်းကြောင်းဟာ တရုတ်ရဲ့ စစ်လေယာဉ်တွေ၊ စစ်ရေယာဉ်တွေ မကြာခဏ ဖြတ်သန်းလေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

သတင်း

အဆိုပါခရီးစဉ်သည် စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ ရာထူးအမြင့်ဆုံး သွားရောက်မှုလည်း ဖြစ်သည်။

နိုင်ငံတကာ

ရေတွေက လူနေကျေးရွာတွေထဲထိ ရောက်လာတာကြောင့် ဒေသခံတွေ ခေါင်မိုးပေါ်တက်ပြီး ခိုလှုံကြရသလို စိုက်ခင်းတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။