Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူတွင် KTVမှ ပြန်လာသော စစ်ကောင်စီ ဗိုလ်ကြီးကို PDF များဖမ်းဆီး

ဗိုလ်ကြီးဝင်းဇော်အား စစ်ဆေးချက်အရ ၎င်းသည် လက်ရှိနေပြည်တော် အမှတ်(၂၃) တပ်မတော် ကုတင်(၂၅)ဆေးရုံတွင် တပ်ရေး၊တပ်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပခုက္ကူမြို့သို့ ခွင့်ရက်ဖြင့် ပြန်လာစဥ် KTV သွားရင်း ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု Southern YSO PDFအဖွဲ့ခေါင်းဆောင် ကိုအောင်မောင်းက ပြောသည်။

ဖမ်းဆီးရမိသော ဗိုလ်ကြီးဝင်းဇော်အား တွေ့ရစဥ်။ ဓာတ်ပုံ-Southern YSO PDF

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ခွင့်ရ၍ အလည် ရောက်နေသည့် စစ်ကောင်စီ​၏ ဗိုလ်ကြီးတစ်ဦး KTV မှအပြန် PDFများက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ယနေ့(ဇူလိုင် ၂၄ရက်) ညနေ ၃နာရီခန့်က ပခုက္ကူမြို့၊ စက်မှုဇုန်၌ KTVမှ ပြန်လာသော ဗိုလ်ကြီးဝင်းဇော်ဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း Southern YSO PDFအဖွဲ့ခေါင်းဆောင် ကိုအောင်မောင်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဗိုလ်ကြီးဝင်းဇော်အား စစ်ဆေးချက်အရ ၎င်းသည် လက်ရှိနေပြည်တော် အမှတ်(၂၃) တပ်မတော် ကုတင်(၂၅)ဆေးရုံတွင် တပ်ရေး၊တပ်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပခုက္ကူမြို့သို့ ခွင့်ရက်ဖြင့် ပြန်လာစဥ် KTV သွားရင်း ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု Southern YSO PDFအဖွဲ့ခေါင်းဆောင် ကိုအောင်မောင်းက ပြောသည်။

“သေနတ်အတိုပါတယ်ဆိုလို့ သတင်းရလို့ ဖမ်းဆီးတာ။”ဟု ကိုအောင်မောင်းက ပြောသည်။

သို့သော် ၎င်းဗိုလ်ကြီးထံမှ လက်နက်ရရှိခြင်းမရှိဘဲ Shayang 125 ဆိုင်ကယ်တစ်စီး၊ ငွေကျပ် ၆၁၈,၀၀၀ ကျပ်၊ မှတ်ပုံတင် တစ်ခု၊ လစာထုတ်ယူသည့် အင်းဝဘဏ် ATM ကတ်တစ်ခု၊ ပိုက်ဆံအိတ် ၁လုံး၊ ဘေးလွယ်အိတ် ၁ လုံး၊ ဦးထုပ်တစ်လုံး၊ ဖုန်း ၂လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း Southern YSO PDFက အသိပေးသည်။

၎င်းသည် ဗသက-ဗထူးမြို့ အမှတ်စဉ် (၁၁၂)တွင် သင်တန်းဆင်းပြီးလုပ်သက်(၂၄) နှစ်ရှိသူဖြစ်ကာ မိခင်တပ်ရင်းမှာ ကလော ခလရ(၇) ဖြစ်ကြောင်း သိရသည်။

ဗိုလ်ကြီးဝင်းဇော်အား စစ်သုံ့ပန်းဥပဒေအတိုင်း ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သော သတင်းအချက်အလက်များကို စစ်ဆေးဆောင်ရွက်နေကြောင်း Southern YSO PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ကာကွယ်ရေးတပ်များရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဇူလှိုင်၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သတင်း

TNLAထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကိုပြန်လည်တိုက်ခိုက်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကောင်စီအင်အားသုံးရာခန့်ရှိသည့် စစ်တပ်စစါကူ စစ်ကြောင်း သည် ကျောက်မဲမြို့သို့ ဇူလိုင်လ၂၀ရက်မနက်က ရောက်ရှိလာပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် မင်္ဂလာ(ပိုးစာခြံ) ၊ ဈေးပိုင်း၊ ဒေါဥခူ ၊ ပန်ကန်း၊ မိုင်းလုံးရပ်ကွက်များ၌ တိုက်ပွဲအတွင်း မထိခိုက်သေးသည့်နေအိမ်များကို မီးရှို့နေကြောင်း သိရသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။