Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ အင်ဆွပ်တပ်စခန်းကို KIA ထပ်မံသိမ်းပိုက်

အဆိုပါလမ်းပိုင်း၌ စစ်ကောင်စီ၏မြစ်ဆုံတပ်စခန်းတစ်ခုသာကျန်တော့ဟု KIA ပြော

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ရိုက်တာ။(ပုံအဟောင်းအသုံးပြုထားပါသည်

ထားမြတ်/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့(သြဂုတ် ၃)နံနက်တွင် ထပ်မံ သိမ်းပိုက်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းရှိ စစ်ကောင်စီစခန်းများကို ဩဂုတ် ၁ရက် နံနက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ဩဂုတ် ၂ရက်နံနက်တွင် တီယန်ဇွပ်ရွာအနီးရှိ စစ်ကောင်စီ စခန်း သုံးခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့နံနက်တွင် အင်ဆွပ်ရွာရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အင်ဆွပ်ရွာ စစ်ကောင်စီစခန်းကို နံနက် ၉နာရီခွဲတွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်သားအချို့ ထွက်ပြေးသွား၍ လိုက်လံရှာဖွေနေဆဲဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းတွင် မြစ်ဆုံဒေသရှိ စစ်ကောင်စီစခန်းသာကျန်တော့ပြီး ဆွမ်ပရာဘွမ်ဘက်၌ စစ်ကောင်စီစခန်းများ မကျန်တော့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIAအနေဖြင့် မတ်လ ၇ရက်တွင် စစ်ရှိန်မြှင့်ခဲ့သည့် ထိုးစစ်အတွင်း ဆွမ်ပရာဘွမ်မြို့တစ်ခုလုံးသိမ်းပိုက်ထားခြင်း ဖြစ်သည်။

ဇူလိုင် ၂၄ရက်မှ၍ KIA ပူးပေါင်းတပ်က ပြန်လည် ထိုးစစ်ဆင်နေသည့် မိုးမောက် ခမရ(၄၃၇) တပ်စခန်း တိုက်ပွဲမှာလည်း နှစ်ဖက်တပ်များ ဆက်ရှိနေဆဲဖြစ်ကြောင်း ပြောသည်။

May be an image of 7 people and text

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခမရ(၄၃၇) တပ်ရင်းဌာနချုပ် သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ယနေ့နံနက်သိမ်းရသည့် တီယန်ဇွပ်စခန်းမှ လက်နက်ခဲယမ်းများစွာရဟု စစ်ရေးသတင်းရင်းမြစ်ပြော

သတင်း

မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က ယမန်နေ့(ဩဂုတ် ၁ရက်)တွင်စတင်ထိုးစစ်ဆင်ခဲ့ရာ ယနေ့တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ စစ်ကောင်စီ၏ တီယန်ဇွပ်တပ်စခန်းကို ယနေ့(ဩဂုတ် ၁ရက်)က စတင်တိုက်ခိုက်လျက်ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။