close
Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံအထက်ပိုင်းတွင်အအေးပိုလာမည်ဖြစ်၍ စစ်ဘေးရှောင်များအတွက် အကူအညီပိုလိုအပ်

အအေးပိုလာသည့်အခြေအနေကြောင့် စစ်ဘေးရှောင်များအား အကူအညီများပိုမိုပေးအပ်ကြရန် အရပ်ဖက်လူမှု့အဖွဲ့အစည်းများက ပြောသည်။

(အညာ​ဒေသမှ စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ- ​ရေဦးမြို့နယ် စစ်​ရှောင်ပြည်သူ​ထောက်ပံ့​ရေး)
(အညာ​ဒေသမှ စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ- ​ရေဦးမြို့နယ် စစ်​ရှောင်ပြည်သူ​ထောက်ပံ့​ရေး)

အိမ်သွင်/People’s Spring

မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် ဒီဇင်ဘာလ ပထမလပတ်အတွင်း အအေးပိုလာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂ရက်မှ ၈ရက်အတွင်း မြန်မာနိုင်ငံ၌ အအေးပိုလာနိုင်​ကြောင်း MOHADMက နိုဝင်ဘာ၂ ရက်တွင် ခန့်မှန်းသတိပေးထားသည်။

မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် မြောက် – အရှေ့မြောက်ဘက်မှလေများပြောင်းလဲတိုက်ခတ်လာနိုင်ပြီး အထက်ပိုင်းဒေသများတွင် အပူချိန်များလျော့ကျလာကာ ပြန်အေးလာနိုင်သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

(အညာ​ဒေသမှ စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ- ​ရေဦးမြို့နယ် စစ်​ရှောင်ပြည်သူ​ထောက်ပံ့​ရေး)
(အညာ​ဒေသမှ စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ- ​ရေဦးမြို့နယ် စစ်​ရှောင်ပြည်သူ​ထောက်ပံ့​ရေး)

မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများ၊ ယင်းဒေသနှင့်ဆက်စပ်နေသည့် ချင်းပြည်နယ်မှမြို့နယ်အချို့၊ ကချင်ပြည်နယ်နှင့်ဆက်စပ်နေသော ရှမ်းပြည်နယ်မှ မြို့နယ်အချို့ပါဝင်သည်။

အဆိုပါ ဒေသများသည် လက်ရှ်ိ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်​ပြေးနေရသည့် စစ်ဘေးရှောင်အများအပြားရှိနေသည်။

အအေးပိုလာသည့်အခြေအနေကြောင့် စစ်ဘေးရှောင်များအား အကူအညီများပိုမိုပေးအပ်ကြရန် အရပ်ဖက်လူမှု့အဖွဲ့အစည်းများက ပြောသည်။

” ဆောင်းရာသီမို့ အရင်ထက် အေးလာမှာကတော့ သိတဲ့အတိုင်းပဲ။ ကိုယ်က လုံလုံခြုံခြုံရှိတဲ့အရပ်မှာ အိပ်စက်ခွင့်ရနေတယ်ဆိုရင် စစ်ဘေးသင့်ဒေသတွေမှာ ဘယ်လိုအခြေအနေရှိနေမလဲဆိုတာ သတိရပေပြီး တတ်နိုင်သလောက်အကူအညီတွေပေးစေချင်ပါတယ်” ဟု ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ လူမှုကယ်ဆယ်ရေး လုပ်ဆောင်သူတစ်ဦးကပြောသည်။

(အညာ​ဒေသမှ စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ- ​ရေဦးမြို့နယ် စစ်​ရှောင်ပြည်သူ​ထောက်ပံ့​ရေး)
(အညာ​ဒေသမှ စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ- ​ရေဦးမြို့နယ် စစ်​ရှောင်ပြည်သူ​ထောက်ပံ့​ရေး)

မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှ မြို့နယ်၄၀ခန့်ကို တော်လှန်ရေးအင်အားစုများကထိန်းချုပ်ထားပြီး အဆိုပါဒေသများတွင် နေရပ်စွန့်ခွာနေရသူဦးရေ သိန်းချီရှိနေသည်။ လက်ရှိတွင် မြို့နယ်အချို့၌တိုက်ပွဲများဆက်ဖြစ်နေသလို စစ်ကောင်စီ စစ်ကြောင်းများကလည်း နေအိမ်များကို မီးရှို့ဖျက်ဆီးမှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ရှိနေသည်။

လက်ရှိတွင် ဒေသတွင်းမှထွက်ရှိသည့် သားငါးနှင့်သီးနှံများကြောင့် စားနပ်ရိက္ခာအတွက် အရေးပေါ်အခြေနေမဟုတ်သော်လည်း ဆေးဝါးပြတ်လပ်မှုများကြောင့် စစ်ရှောင်များသည် ကျန်းမာရေးဆိုင်ရာ ပြဿနာများရင်ဆိုင်နေကြရသည်။​ဆေးဝါးကိုအမျိုးသားညီညွတ်ရေးအစိုးရ နှင့် တော်လှန်ရေးအင်အားစုများက အထောက်အပံ့များ ပေးနေသော်လည်း လိုအပ်ချက်များကြီးမားနေဆဲဟု စစ်ဘေးရှောင်များကပြောသည်။

” စစ်အာဏာရှင်ကိုနည်းမျိုးစုံတော်လှန်နေကြရာမှာ ကျမတို့ဒေသတွေကတော့ စစ်တလင်းလိုဖြစ်နေတာပေါ့။ဒါကြောင့် ဒေသအသီးသီးကပြည်သူတွေရဲ့အကူအညီတွေကို ကျွန်မတို့မျှော်လင့်ပါတယ်။ အတူတူ ရုန်းကန်ကြရမယ်လို့ ကျွန်မတို့ယုံကြည်ထားတယ်”ဟု စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကလေးမြို့မှဒေသခံတစ်ဦးကပြောသည်။

(အညာ​ဒေသမှ စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ- ​ရေဦးမြို့နယ် စစ်​ရှောင်ပြည်သူ​ထောက်ပံ့​ရေး)
(အညာ​ဒေသမှ စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ- ​ရေဦးမြို့နယ် စစ်​ရှောင်ပြည်သူ​ထောက်ပံ့​ရေး)

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA)က မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခများနှင့် လက်နက်ကြီး၊ လေကြောင်းရန်များကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း ၃ ဒဿမ ၄ သန်းအထိ တိုးလာပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

MOHADM၏ သတိပေးချက်တွင် ဒီဇင်ဘာလ ၂ရက်မှ ၇ရက်အတွင်း မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ အအေးပိုနိုင်ပြီး ဒီဇင်ဘာလ၈ရက်မှစ၍ မြန်မာနိုင်ငံလယ်ပိုင်းဒေသများပါ ပုံမှန်ထက်အေးလာနိုင်သည်ဟု ထုတ်ပြန်ထားသည်။

(အညာ​ဒေသမှ စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ- ​ရေဦးမြို့နယ် စစ်​ရှောင်ပြည်သူ​ထောက်ပံ့​ရေး)

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ၂၇ ရက်ကလည်း AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ဒေသခံ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

သတင်း

မောင်တောမြို့နယ်၊ ပြားသားကျေးရွာဘုန်းကြီး‌ ကျောင်းကို ည၇နာရီ ၁၃မိနစ်နှင့် ၇နာရီ ၃၀မိနစ် တွင် ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

သတင်း

ရေဘေးသင့်စစ်‌ဘေးရှောင်တွေကို ကူညီဖို့လေလံ တင် ရောင်းချတဲ့ အဆိုတော် ကျားပေါက်ရဲ့ ပန်းချီကားက အမေရိကန်ဒေါ်လာ တစ်သောင်းနဲ့ လေလံအောင်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်း၌ စစ်ဘေးရှောင်များအား ခြင်းယက်နည်းသင်တန်းပို့ချပေးနေပြီး စျေးကွက်ဝင်ရောင်းချနိုင်သည်အထိ ကူ​ညီသွားမည်ဟု ပြည်သူမှ ပြည်သူသို့(ကောလင်း) အဖွဲ့က ပြောသည်။

Facebook