close
Connect with us

Hi, what are you looking for?

ဆောင်းပါး

AA မြေပြင်ထိုးစစ် အောက် အ​ရေးနိမ့်​နေ​သော စစ်​တပ်အွန်လိုင်းထိုးစစ်

အာရက္ခတပ်​တော်(AA) က စစ်​ကောင်စီ၏ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို သိမ်းပိုက်ရန် စက်တင်ဘာ လကုန်ပိုင်းတွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး​နောက် စစ်​ကောင်စီက AA နှင့် ပတ်သက်၍ သတင်းအမှားထုတ်လွှင့်၍ ဝါဒဖြန့်ချီမှုကို တိုးမြှင့်လိုက်သည်။

​နေ့သစ်/People’s Spring

အာရက္ခတပ်​တော်(AA) က စစ်​ကောင်စီ၏ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို သိမ်းပိုက်ရန် စက်တင်ဘာ လကုန်ပိုင်းတွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး​နောက် စစ်​ကောင်စီက AA နှင့် ပတ်သက်၍ သတင်းအမှားထုတ်လွှင့်၍ ဝါဒဖြန့်ချီမှုကို တိုးမြှင့်လိုက်သည်။

AA က ရခိုင်ပြည်နယ်တွင် မြို့နယ်​ပေါင်း ၁၀ မြို့နယ်ကို သိမ်းယူပြီး​နောက် စစ်တပ်၏ နပခ အ​ခြေစိုက်ရာ အမ်းမြို့နယ်ကို စက်တင်ဘာ ၂၆ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့သည်။

ပြီးခဲ့သည့်သြဂုတ်လ ၃ ရက်တွင် စစ်တပ်သမိုင်း၌ ပထမဆုံးအကြိမ် တိုင်းစစ်ဌာနချုပ် တစ်ခုဖြစ်​သော လားရှိူးမြို့အ​ခြေစိုက် အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA နှင့် မဟာမိတ်တပ်များထံ လက်လွှတ်ဆုံးရှုံးရပြီး​နောက် စစ်တပ်သည် နပခ ကိုအတိုက်ခံရ၍ ဝါဒဖြန့်ချီမှုကို အကြီးအကျယ် ပြုလုပ်ခဲ့သည်။စစ်တပ်၏ အဓိကဝါဒဖြန့်ချီ​ရေး ကွန်ယက်ဖြစ်လာ​သောတယ်လီဂရန်များမှ အဓိက ဝါဒဖြန့်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အမ်း နပခ တိုက်ခိုက်ခံရပြီး​နောက် ၂ လ​ကျော်အတွင်း စစ်တပ် ဝါဒဖြန့်ချီမှုများကို ​လေ့လာ​သောအခါ AA က ပြည်သူ​များကိုဖမ်းဆီး၍ လူသားတံတိုင်းပြုလုပ်​နေသည် ၊ ရခိုင်ပြည်နယ် တိုက်ပွဲတွင် AA တပ်ဖွဲ့ဝင်များ​သေဆုံးမှုများ​နေသည် ၊ ရိုဟင်ဂျာများကို လူကုန်ကူးပြီး စစ်သားသစ်စု​ဆောင်း​နေသည် ၊ အမ်းတိုက်ပွဲတွင် AA ထိခိုက်ကျဆုံးမှုများကာအထိနာ​နေသည် ​စ​သောအ​ကြောင်းအရာများကို အဓိက သတင်းအမှားထုတ်လွှင့် ဝါဒဖြန့်ချီခဲ့သည်ကို ​တွေရသည်။ မောင်တောမြို့ဗုံးကြဲတိုက်ခိုက်မှုအတွင်း AA ပြောခွင့်ရပုဂ္ဂိုလ်သေဆုံးသွားပြီ ဆို​သော​သတင်းအမှားမျိုးကိုပင် စစ်တပ်ဝါဒ ဖြန့်​တယ်လီဂရန်များကဖြန့်ဝေခဲ့သည်။

ထိုအပြင် ဘဂ်လားနိုင်ငံ နှင့် AA အထင်အမြင်လွဲ​စေရန် ပြုလုပ်​သော ၊ ချင်းတိုင်းရင်းသားများနှင့် AA အမုန်းပွား​စေနိုင်​သော ​ရေးသား​ဖော်ပြမှုများကို ဖြန့်​ဝေခဲ့သည်။ စစ်​ကောင်စီ၏ အဓိကအားသာချက်ဖြစ်​သော လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ရန် လှုံ့ဆော်ခြင်းများကိုလည်းမကြာခဏ ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

ရက္ခိုင်ပြည်နယ်တစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တစ်ခုမကျန် တိုက်ခိုက်သိမ်းပိုက်မည်ဟူသော ရည်ရွယ်ချက်ဖြင့် AA သည် ၁၀၂၇ စစ်ဆင်ရေးနှင့် မရှေးမနှောင်းပင် ‘အာရက္ခနှင့် ပလက်ဝဒေသ စစ်ဆင်ရေး’ ကို ၂၀၂၃ နိုဝင်ဘာ ၁၃ရက်တွင် စတင်ခဲ့သည်။ စစ်ဆင်ရေးတစ်နှစ်အတွင်း ပလက်ဝဒေသတစ်ခုလုံးနှင့် ရက္ခိုင်ပြည်နယ်ရှိ မြို့နယ်​ပေါင်း ၁၀ မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

▪︎AA က ပြည်သူများကို လူသားတံတိုင်းပြုလုပ်ဟုသတင်းအမှားဖြန့်

လူသိများသော စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ် ဟန်ငြိမ်းဦးက ရက္ခိုင်တွင် AA က အရပ်သားများကို ဖမ်းဆီးပြီး လူသားတံတိုင်းအဖြစ် အသုံးပြုလာကြောင်း သတင်းအမှားတစ်ပုဒ်ကို နိုဝင်ဘာ ၁၂ရက်တွင် ဖြန့်ချိခဲ့သည်။ ဟန်ငြိမ်းဦး၏ တယ်လီဂရမ်နှင့်အတူ Ka Ka Han ၊ ဆင်ဖြူရှင်၊ Min Chit Oo၊ May Yu Htar Nay၊ Ko Thet စသည့် စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များကလည်း အလားတူ သတင်းအမှားဖြန့်ချိမှုများ ပြုလုပ်ခဲ့သည်။

သတင်းအမှားဖြန့်ချိမှုများကို အောက်ပါ တယ်လီဂရန်ချန်နယ်များ၌ တွေ့ရသည်။

ဟန်ငြိမ်းဦး – https://t.me/Hno969888/7295

Ka Ka Han – https://t.me/KaKaHan777999/31225

ဆင်ဖြူရှင် – https://t.me/sinphyushin13/56231

Min Chit Oo – https://t.me/minchitoo989989/41730

May Yu Htar Nay – https://t.me/newsmayyu/14212

Ko Thet – https://t.me/kothetjournalist9000/74515

စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များက AA သည် အထိအခိုက်၊ အကျအဆုံးများပြီး အင်အားနည်းပါးလာသော သဖြင့် အပြစ်မဲ့ကလေးငယ်များ၊ အမျိုးသမီးများနှင့် ဘုန်းတော်ကြီးများပါမချန် အတင်းအဓမ္မလိုက်ဖမ်းဆီးပြီး လူသားတံတိုင်းအဖြစ် အသုံးပြုလာကြောင်း သတင်းအမှားများ ဖြန့်ချိခဲ့ခြင်းဖြစ်သည်။ ယင်းဖြန့်ချိမှုများနှင့်ပတ်သက်၍ People’s Spring က လက်လှမ်းမီသော ရက္ခိုင်ပြည်နယ်သတင်းရင်းမြစ်အချို့အား မေးမြန်းစုံစမ်းရာတွင် သတင်းအမှားသာဖြစ်ကြောင်းနှင့် AA က ထိုသို့ လူသားတံတိုင်းလုပ်ဆောင်ခြင်းမရှိ ကြောင်း ပြောသည်။

အများယုံကြည်မှုရှိသည့် ရက္ခိုင်ဒေသတွင်း သတင်းမီဒီယာများအား စောင့်ကြည့်ရာတွင်လည်း AA က အရပ်သားပြည်သူများကို လူသားတံတိုင်းပြုလုပ်သည်ဟူသော သတင်းဖော်ပြခဲ့ခြင်းမျိုး မတွေ့ရှိရပေ။

သို့သော် အာရက္ခတပ်တော်(AA)သည် စစ်ကောင်စီဝါဒဖြန့်ချန်နယ်များက သတင်းအမှားဝါဒဖြန့်ချိသကဲ့သို့ စစ်မြေပြင်၌ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ ဘုန်းတော်ကြီးများအပါအဝင် အရပ်သားများအား လူသားတံတားပြုလုပ်ခြင်း၊ ရွာသားများအား အဓမ္မဖမ်းဆီးပြီး လက်နက်၊ ခဲယမ်း၊ ရိက္ခာများ သယ်ခိုင်းခြင်းစသည့် ကျူးလွန်မှုရှိသည်ဟူသော ဖော်ပြချက်များ မတွေ့ရပေ။

https://t.me/aainfodesk/1047

သြဂုတ် ၈ ရက်တွင် မောင်တောမြို့၊ အမှတ် (၈) ရပ်ကွက်၊ ကညင်တန်း ရွာ၌ စစ်ကောင်စီတပ် နှင့် လက်နက်ကိုင်မူဆလင်များက လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားသော ရိုဟင်ဂျာ (၅၀၀) ဦးခန့်အား AA က ကယ်တင်၍ လုံခြုံရာနေရာသို့ ကယ်ထုတ်​ပေးခဲ့​ကြောင်း ရုပ်သံမှတ်တမ်းနှင့်တကွ ထုတ်ပြန်သည်။

https://t.me/aainfodesk/1038

https://t.me/aainfodesk/1037

၁၀၂၇ စစ်ဆင်​ရေးဖြင့် AA ကရခိုင်ပြည်နယ်တွင် ပထမဆုံး ထိုးစစ်ဆင်ခဲ့​သော ​ပေါက်​တောမြို့ သိမ်းတိုက်ပွဲ များတွင်လည်း AA က ပိတ်မိခဲ့​သော ပြည်သူများကို ကယ်ထုတ်ခဲ့​သည်ကို ရုပ်သံမှတ်တမ်းများနှင့် တကွ မကြာခဏ ထုတ်ပြန်ခဲ့သည်။

https://myanmar-now.org/mm/news/56097/

https://www.rfa.org/burmese/news/maungdaw-rohingya-evacuates-aaa-08092024022517.html

ထို​ကြောင့် စစ်​ကောင်စီ၏ ဝါဒဖြန့်ချီမှုများမှာ အလုပ်မဖြစ်ခဲ့​​ပေ ။

သို့​သော် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ခန့်အပ်ထားသော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာသောမက်စ်အန်ဒရူးက ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်သွင်းသောအစီရင်ခံစာ၌ အာရက္ခတပ်တော်(AA)သည် ရိုဟင်ဂျာများအ​ပေါ် အဆင်ခြင်မဲ့တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ တရားလက်လွှတ်ဖမ်းဆီးမှုများအပါအဝင် ဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများ၌ ပါဝင်ပတ်သက်ခဲ့ကြောင်း ​​ဖော်ပြခဲ့သည်။ အထူးသဖြင့် လူအခွင့်အ​ရေးသမားများနှင့် နိုင်ငံတကာမီဒီယာအချို့တွင် AA က​​မောင်​တောမြို့သိမ်းတိုက်ပွဲ ဆင်နွှဲစဥ် ထိုကဲ့သို့ သတင်းများပိုမိုထွက်​ပေါ်လာခဲ့သည်ကို​တွေ့ရသည်။

ထို​ကြောင့် AA ကလည်း သြဂုတ် ၁၈ ရက်တွင်သတင်းထုတ်ပြန်ရာ မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်နှင့်တစ်ပြိုင်နက်တွင် နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တစ်ချို့တို့သည် မောင်တောမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြောဆို ရေးသားနေကြသည်များကိုလည်း ဆက်တိုက်တွေ့ရှိနေရပါသည်။ ဤကဲ့သို့ သတင်းတု၊ သတင်းမှားများ ရေးသားပြောဆိုနေခြင်းသည် အာရက္ခဒေသအတွင်း လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်ကြောင်း အလေးအနက် သတိပေးလိုပါသည် ဟု ​ထုတ်ပြန်ခဲ့သည်။

ဆက်လက်၍လည်း AA က “လက်ရှိအချိန်အထိ မောင်တောမြို့တွင်းတိုက်ပွဲများမှာ မြို့တွင်းနေရာအနှံ့တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး မြို့တွင်း၌ ဖက်ဆစ်စစ်ကောင်စီ နှင့် ARSA ၊ RSO ၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုရန်ခေါ်ယူထားသော မောင်တောဒေသခံ ပြည်သူအချို့တို့မှာလည်း ရှိနေဆဲဖြစ်သည်”ဟု အသိ​ပေးခဲ့သည်။

ထို့​ကြောင့် AA က ပိတ်မိ​နေသာပြည်သူများကို နေ့စဉ်နှင့်အမျှ ကယ်ထုတ်နေရဆဲပင် ဖြစ်ပြီး ​မောင်​တောမြို့တွင်ပင် ကယ်ထုတ်ရ​သောသူ ၂၆၀၀၀ ​ကျော်ရှိသည်ဟုဆိုခဲ့သည်။

▪︎ AA ကို အ​ရေးယူရန် ဘင်္ဂလားဒေရှ်ကို စစ်တပ်ဝါဒဖြန့် တယ်လီဂရန်များတိုက်တွန်း

အာရက္ခတပ်တော်(AA) က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားသုံးဦးကို​အောက်တိုဘာ ၇ ရက်တွင် ဖမ်းဆီးရိုက်နှက်ငွေညှစ်နေ​သောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနှင့် လက်ပိုက်ကြည့်မ​နေဘဲ AA ကိုအရေးယူရန် စစ်တပ်ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်အချို့က လှုံ့ဆော်ခဲ့သည်။

Min Din – https://t.me/hantharwaddy/109199

အဆိုပါ​ရေးသားမှုကို Voice of Arakan News အမည်ဖြင့် ဖွင့်လှစ်ထား​သောဖေ့ဘွတ်ခ်စာမျက်နှာတွင်ဖော်ပြခဲ့​သောသတင်းကို screen shot ယူ၍ စစ်တပ်ဝါဒဖြန့် ချန်နယ်ကဖြန့်ချီခဲ့ခြင်းဖြစ်သည်။AA သည် ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲသို့ မကြာခဏ ဝင်ပြီး ပြန်ပေးဆွဲ ငွေညှစ်မှုများပြုလုပ်​နေသည်ဟုလည်းစွပ်စွဲထားသည်။

https://www.facebook.com/photo/?fbid=122167894100128742&set=a.122105797454128742

သို့​သော် ဖြစ်စဥ် အမှန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နတ်မြစ်သာခြား​သော ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းတရားမဝင် ဝင်ရောက်၍ ငါးခိုးဖမ်းသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို AA က ​အောက်တိုဘာ ၇ ရက်တွင် ဖမ်းဆီး၍ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဆီ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်​ကြောင်း Western News ကအောက်တိုဘာလ ၁၀ ရက်တွင် ရေးသားခဲ့သည်။

https://www.facebook.com/photo/?fbid=999164705556289&set=a.682731967199566

AA ကိုယ်တိုင်ကလည်း ငါးဖမ်းသမား ၅ ဦးကို အောက်တိုဘာ ၉ရက်တွင်ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ လွှဲပြောင်းပေးခဲ့​ကြောင်း ​အောက်
တိုဘာ ၁၀ ရင်တွင် ရုပ်ပုံနှင့်တကွ ထုတ်ပြန်သည်။အလားတူ ဘင်္ဂလားဒေ့ရှ်မှ ငါးခိုးဖမ်းသူများကို AA က​ခေတ္တဖမ်းဆီးထိန်းသိမ်းစစ်​ဆေးပြီး ​နောင်ငါးခိုးမဖမ်းရန် ခံဝန်ထိုး​​စေ၍ ပြန်လွှဲ​ပေး​သောဖြစ်ရပ်များမကြာခဏပြုလုပ်​နေသည်။

https://t.me/aainfodesk/1107

စစ်တပ်ဝါဒဖြန့် သူများသည် ဘင်္ဂလားဒေ့ရှ်ကို AAအားအ​ရေးယူရန် လှုံ့​ဆော်သလို ဘင်္ဂလားဒေ့ရှ်က AA ကိုကူညီ​နေပါသည်ဆို​သော ​ကောလဟလများကိုလည်း ထုတ်လွှင့်တက်သူများဖြစ်၏ ။​အောက်က ဝါဒဖြန့်ချီမှုကို ကြည့်ပါ ။

AA ​မှတာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် သြဇာကြီး​သော Awami League ပါတီ၏ အမတ် ဘိရ်မဟာဒူရ်(ခ) ဦးရွှေစိန်တစ်​ယောက် မောင်တောမြို့နယ်၊ဖားဝပ်​ချောင်းရွာသို့ ရောက်ရှိနေသည်ဟု စစ်တပ် ဝါဒ ဖြန့်ချန်နယ်အချို့က အောက်တိုဘာ ၂၂ ရက်က သတင်းဖြန့်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရ အဖွဲ့ ၏ဝန်ကြီးဟောင်း လည်းဖြစ်​သော၎င်းသည် AA အားအဓိက ချုပ်ကိုင်ထောက်ပံ့နေသူ အမာခံ ဖြစ်ပြီး AA အတွက်လက်နက်ခဲယမ်း နှင့် စစ်သုံးပစ္စည်းများ အဓိက ပို့ဆောင်ပေးသူဖြစ်သည်ဟု စွပ်စွဲ​​ရေးထားသည်။ထို့အပြင်AA ဘက်က တင်သွင်း​သော မူးယစ်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ်ဘက်တွင် ဖြန့်ဖြူးပေးသူဖြစ်​ကြောင်း စစ်တပ်ဝါဒဖြန့် ချန်နယ်များက ​ရေးသားဝါဒဖြန့်ခဲ့ကြသည်။အဆိုပါ​ရေးသားမှုကို ခင်ညိုချော ၊ ကိုနှင်းမောင် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေခဲ့ကြသည်ကို​တွေ့ရသည်။

https://t.me/khinnyochaw8888/2170

https://t.me/kohninmg777/13999

အဆိုပါ အစည်းအ​ဝေးပြုလုပ်သည်ဟူ၍ ရခိုင်​ဒေသတွင်းသတင်းဌာနများအပါအဝင် ပင်မသတင်းဌာနများက ​ရေးသား​ဖော်ပြသည်ကိုမ​တွေ့ရ​ပေ ။ အဆိုပါသတင်းအပြင် AA နှင့် ဘင်္ဂလားဒေ့ရှ် ဆက်စပ်သည်ဟု ပြည်သူများအမြင်မှား​စေ​သောသတင်းများကိုလည်း စစ်တပ်ဝါဒဖြန့်ချန်နယ်များက​ဖော်ပြ​လေ့ရှိသည်။

▪︎ AA ပြောခွင့်ရပုဂ္ဂိုလ်သေဆုံးသွားပြီဟုသတင်းအမှားဖြန့်

စစ်​ကောင်စီက မောင်တောမြို့ကို လေကြောင်းတိုက်ခိုက်စဥ် AA ၏ ပြောရေးဆိုခွင့်ရှိသူ နှင့် ခေါင်းဆောင်ပိုင်းတစ်ဦး သေဆုံးသွား​ကြောင်း
စစ်တပ်ဝါဒဖြန့်ချန်နယ် Khit Thit Myanmar က အောက်တိုဘာ ၁၀ ရက်ကစတင် ဝါဒဖြန့် သည်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ AA ရဲ့ နံပါတ် ၄ ခေါင်းဆောင်တို့ မောင်တောမြို့ဆီအစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေချိန်တွင် သတင်းအရ လေကြောင်းနှင့်ရှင်းလင်းခဲ့​ကြောင်း ဝါဒဖြန့်ခဲ့သည်။ ၎င်းတို့ နှစ်ဦးအပြင် AA တပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးခဲ့သည်ဟုလည်း ဆို​​သေးသည်။ ထိုသတင်းကိုဖြန့်ဝေရာတွင် AA ပြောရေးဆိုခွင့်ရှိသူခိုင်သုခ ဓာတ် ပုံ ၊ AA ခေါင်းဆောင်ဗိုလ်ချုပ် ထွန်းမြတ်နိုင် နှင့် ဗိုလ်မှုးကြီးကျော်ဟန်တို့နှစ်ဦးပါဝင်​သော ဓာတ်ပုံ ကိုအသုံးပြုထားသည်။

https://t.me/khitthitmyanmar11/5492

အမှန်တွင် AA ​ပြော​ရေးဆိုခွင့်ရှိသူခိုင်သုခ မှာကျန်းမာစွာဖြင့် သတင်းဌာနများ၏ ​မေးမြန်းမှုများကို မကြာခဏ ​ဖြေ​ပေး​နေသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်ကပင် People’s Spring ၏ ​မေးမြန်းမှုကို​ဖြေကြားခဲ့သည်။အမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ရဟတ်ယာဉ်​လေးစီးကိုနိုဝင်ဘာ ၁၀ ရက်တွင်ပစ်ခတ်ရာ တစ်စီးကို ထိမှန်ခဲ့ကြောင်း ခိုင်သုခက လူထု​နွေဦးကို အတည်ပြု ခဲ့ခြင်းဖြစ်သည်။

▪︎ရခိုင်ပြည်နယ်တွင် ဘယ်သူစစ်ရှုံး​နေမှန်းမသိ​သော ​လော်ဘီများ

“မောင်တောမြို့တိုက်ပွဲတွင် AA တပ်ဖွဲ့ဝင် အကျအဆုံးတစ်သောင်းကျော်ရှိနေ ၊ မြေပုံမြို့ လေကြောင်းတိုက်ခိုက်မှုတွင် AA တပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး ၊ နပခ ကို ထိုးစစ်ဆင်နေ​သော AA စစ်ရေးအရေးနိမ့်နေပြီ” စ​သောအ​ကြောင်းအရာများမှာ စစ်တပ်ဝါဒဖြန့် သူများက ရခိုင်ပြည်နယ် စစ်​ရေးနှင့် ပတ်သက်၍ ​အောက်တိုဘာ ၊နိုဝင်ဘာလများတွင် ဖြန့်ချီခဲ့​သော သတင်း အမှားများထဲမှ နမူနာအချို့ဖြစ်သည်။

​မြေပြင်တွင်မူ AA သည် ရခိုင်ပြည်နယ်တွင် မြို့နယ်​ပေါင်း ၁၀ မြို့နယ် သိမ်းပိုက်ထိန်းချုပ်ထားရာမှ နိုဝင်ဘာလကုန်ပိုင်းတွင် တောင်ကုတ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဟု AA ကထုတ်ပြန်လိုက်သည်။ မြို့ပြင်တွင်ကျန်​နေ​သေး​သော စကခ (၅)တပ်မဌာနချုပ် နှင့် လက်​အောက်ခံ တပ်ရင်း ၂ ခုဖြစ်​သော ခမရ (၃၄၆) နှင့် ခမရ ( ၅၄၄) တပ်ရင်းတို့ကို အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်​နေ​ကြောင်းလည်းအသိ​ပေးသည်။

အာရက္ခတပ်​တော်သည် ​တောင်ကုတ်မြို့ရှိစစ်တပ်စခန်းများကို နိုဝင်ဘာ ၄ ရက်မှ စတင်ထိုးစစ်ဆင်ပြီး ၁၇ ရက်အကြာတွင် စစ်တပ်တပ်စွဲရာစခန်း ၁၀ ခုကို သိမ်းပိုက်၍ ​တောင်ကုတ်မြို့ကို ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
https://t.me/aainfodesk/1150

အဆိုပါသတင်းကို ​ဒေသတွင်းသတင်းဌာနများအပါအဝင် ပင်မ သတင်းဌာနများက အပြည့်အစုံ​ဖော်ပြ​ကြသည်။
https://www.facebook.com/share/v/18Muj1bdg2/

ထိုအပြင် စစ်​ကောင်စီ အတုံ့လှုပ်ဆုံးအ​ကြောင်းအရာဖြစ်​သော AA ၏ နပခ အ​ခြေစိုက်ရာ အမ်းမြို့ထိုးစစ်မှာလည်း နပခ ဌာနချုပ် အပါအဝင် တပ်ရင်း​ နှင့် စခန်းပေါင်း ၁၈ ခုရှိရာတွင် AA က
နိုဝင်ဘာ ၁၃ ရက်အထိ့တပ်ရင်း​ပေါင်း ၁၀ ရင်းသိမ်းပိုက်ပြီးဖြစ်သည်။
https://t.me/aainfodesk/1139

ကျန်ရှိ​နေ​သော တပ်ရင်းနှင့်စခန်း​ပေါင်း ၁၀ ခုကိုလည်း နိုဝင်ဘာ ၁၃ ရက်​နောက်ပိုင်းအပြင်းအထန်ထိုးစစ်ဆင်​နေသည်။ AA က တရားဝင် မထုတ်ပြန်​သေး​သော်လည်း နိုဝင်ဘာ ၃၀ ရက်အထိ့ AA သည် အမ်းမြို့မှ တပ်ရင်းနှင့် စခန်းများထပ်မံသိမ်းပိုက်ရရှိပြီး နပခ ဌာနချုပ် နှင့် တပ်ရင်း ၃ ခုသာကျန်ရှိ​တော့​ကြောင်း လူထု​နွေဦးကစုံစမ်းသိရသည်။

https://www.facebook.com/share/p/15LZwKEjNs

အမ်းတိုက်ပွဲတွင် စစ်​ကောင်စီတပ် အ​ခြေမလှ၍ ထွက်​ပြေးကြ​သောစစ်​သားများစွာလည်းရှိသည်။​သေဆုံး ဒဏ်ရာရသူများ၍ စစ်ကူပို့ရာ စစ်ကူများကို​တော်လှန်​ရေးအဖွဲ့များကကြားဖြတ်တိုက်ခိုက်၍ ထပ်မံ​သေဆုံးဒဏ်ရာရသူများလည်းရှိ​နေသည်။ နိုဝင်ဘာ ၂၃ ရက်ကပင် နပခ လက်​အောက်ရှိ တစ်မိုင်ကုန်းစန်းမှ ထွက်​ပြေးလာ​သောစစ်တပ်မှ ဗိုလ်မှူး​ဇော်ထက်​နောင် ဦး​ဆောင်​သောစစ်​ကြောင်းကို​တော်လှန်​ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ရာ ၂ ဦး​သေဆုံးပြီး ၁၄ ဦး ကိုစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခဲ့သည်။
https://www.facebook.com/share/p/1AkV4fXPBL/

ထို့​ကြောင့် ရခိုင်ပြည်နယ်တွင် AA အပြင်းအထန်ထိုးစစ်ဆင်​နေ​သော အမ်း ၊ ​တောင်ကုတ် ၊​​မောင်​တော ၊ဂွ မြို့နယ် တို့တွင် စစ်​ကောင်စီသည် သိသိသာသာအ​ရေးနိမ့်​နေသည်။

မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦး​ဖေသန်းက”တစ်နှစ်အတွင်းမှာအာရက္ခတပ်တော်ရဲ့ အောင်မြင်မှုက တော်တော့်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျနော်တို့ ဩချရလောက်အောင် အထိမြန်ဆန်တယ်”ဟု​ပြောသည်။

“လက်ရှိ တိုက်နေတဲ့ မောင်တော့ နခခ(၅)ရယ် အမ်းရယ် တောင်ကုတ်ရယ် ဂွရယ်ပေါ့ ဒါက အနှေးနဲ့အမြန် လပိုင်းလောက်အတွင်း အဖြေပေါ်သွားနိုင်တယ်”ဟု ၎င်းကသုံးသပ်သည်။

သို့​သော် စစ်တပ်ဝါဒဖြန့်တယ်လီဂရန်များတွင်မူ စစ်တပ်က အသားစီးရ​နေပြီး AA ကအ​ရေးနိမ့်​နေသည်ဆို​သော ဝါဒဖြန့်ချီမှုများကိုသာ​တွေ့ရမည်ဖြစ်သည်။စစ်တပ်က ​လေ​ကြောင်းအာသာချက် ရှိသည့်ကြားမှပင် စစ်စခန်းများ၊ တပ်ရင်းများ၊ဌာနချုပ်များကိုဆက်တိုက်ဆုံးရှုံး​နေသည်။

AA ကမူ ​သတင်းထုတ်ပြန်မှုများကို ထိန်းထိန်းသိမ်းသိမ်းဖြင့်လုပ်၍​မြေပြင်စစ်ဆင်​ရေးတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် မြို့နယ်​ပေါင်း ၁၁ မြို့နယ်ကို ဆက်တိုက်သိမ်းခဲ့သည်ကို​တွေ့ရသည်။အ​ပြောထက်လက်​တွေ့အလုပ်ကိုပိုဦးစား​ပေးသည်ကို​တွေ့ရ​လေသည်။ထိုအချက်သည် ပင် စစ်​ကောင်စီ နှင့် အရက္ခတပ်​တော်၏ ခြားနားချက်ပင်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၃၀ရက်)ည ၆နာရီ ၄၀မိနစ်ခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဟားခါးမြို့တွင် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ဟားခါး(CDF-Hakha)ကလည်း Rung Operation အမည်ဖြင့် တိုက်ပွဲများဖော်ဆောင်နေကြောင်း အသိပေးထားသည်။

သတင်း

စစ်မှုထမ်းအပတ်စဉ်တစ်ခုလျှင် တစ်ရပ်ကွက် သုံးဦးနှုန်း လူသစ်စုဆောင်းပေးရန် ရပ်ကွက် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ဖိအားပေးခံနေရသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိခဲ့ပြီး စစ်ကောင်စီတပ်နှင့် SNAတပ်ဖွဲ့ဝင် ၁၀ဦးကျော် ဖမ်းမိထားသည်ဟု သတင်းရင်းမြစ်က ပြောသည်။

Trending

Facebook