close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာပလာဇာတွင် အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီးသေဆုံး

ရန်ကုန်မြို့ရှိ နာမည်ကြီးဈေးဝယ်စင်တာတစ်ခုဖြစ်​သောမြန်မာပလာဇာမှကားပါကင်တွင်အမျိုးသမီးတစ်ဦးယ​နေ့ဓားထိုးခံရပြီးသေဆုံးသွားသည်။

သြဂုတ်-၅၊၂၀၂၅။မိထက်/People’s Spring

ရန်ကုန်မြို့ရှိ နာမည်ကြီးဈေးဝယ်စင်တာတစ်ခုဖြစ်​သောမြန်မာပလာဇာမှကားပါကင်တွင်အမျိုးသမီးတစ်ဦးယ​နေ့ဓားထိုးခံရပြီးသေဆုံးသွားသည်။

အသက် ၅၉ နှစ်အရွယ် အမျိုးသမီးသူသည်သြဂုတ် ၅ ရက်၊ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မြန်မာပလာဇာကားပါကင်၌ ဓားဒဏ်ရာများဖြင့်သေဆုံးနေခြင်းဟုကာယကံရှင်၏ဆွေမျိုးတစ်ဦးကလူမူကွန်ရက်တွင်ရေးသားထားသည်။

အမျိုးသားနှစ်ဦးက ဓားဖြင့်လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ပြီးသွေးထွက်လွန်ကာဆေးရုံမရောက်ခင် လမ်းတွင်ကွယ်လွန်သွားကြောင်းရေးသားထားသည်။

Public Service Announcement

Public Service Announcement

“ညနေက ကျမတို့ ဈေးဝယ်နေတုန်း သတင်းသဲ့သဲ့ကြားတယ်။ ပြန်မယ်လုပ်တော့ ကားတွေချက်ချင်းပေးမထွက်ဘူး။ရဲတွေလည်း တွေ့တယ်”ဟု မြန်မာပလာဇာအနီး၌နေထိုင်သူတစ်ဦးကပြောသည်။

အင်းလျားကန်‌ဘောင်အနီးရှိမြန်မာပလာဇာသည်လူစည်ကားသည့် ဈေးဝယ်စင်တာဖြစ်သည်။ ၂၀၂၁ ခုနှစ်က စစ်ကောင်စီအာဏာသိမ်းစဉ် ဆန္ဒပြသူများကို ပလာဇာမှ ဝန်ထမ်းအချို့က ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့၍ လူထုက ​ထိုစင်တာသို့မသွားဘဲသပိတ်​မှောက်ခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ်မှ၍ ​ဈေးဝယ်သူများပြန်လည်စည်းကားခဲ့သည်။

ယခု လူသတ်မှုနှင့်ပတ်သက်၍ မြန်မာပလာဇာဘက်ကသတင်းမထုတ်ပြန်သေးပေ။စစ်တပ်အာဏာသိမ်းမှုဂယက်ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွားခြင်း၊ အလုပ်လက်မဲ့လူဦးရေများပြားလာခြင်း၊ မူးယစ်​ဆေးဝါးများ​ပေါများလာခြင်း၊ စစ်တပ်ကလူမိုက်များကိုပျူ​စေားထီး ၊သတင်း​ပေးအဖြစ်​မွေးထားခြင်းစသည်တို့ကြောင့် ရန်ကုန်မြို့တွင်လုယက်မှုများ၊ရာဇဝတ်မှုများပိုများလာပြီး နေ့စဉ်လူနေမှုဘဝတွင် မလုံခြုံတော့ကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာအနီး အရပ်သားအမျိုးသမီးနှစ်ဦးအား သေနတ်သမားနှစ်ဦးက ယ​နေ့ည​နေတွင်လူမြင်ကွင်း၌ပစ်ခတ်သတ်ဖြတ်သွားကြောင်း အဆိုပါမြို့ခံများက ပြောသည်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်က အမျိုးသမီးတွေ၊ မိန်းကလေးတွေအပေါ် ဖိနှိပ်မှု၊ အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာလီဘန် ထိပ်ပိုင်းအရာရှိ နှစ်ဦးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

သတင်း

အမျိုးသမီးများ နှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများမှ ကာကွယ်ရန် အစဉ်တစိုက် ကြိုးစား လုပ်ဆောင်လျက်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်ခဲ့ပြီး တပ်ဖွဲဝင်များအား သင်တန်းပေးခြင်း စွမ်းရည်မြင့်တင်ပေးခြင်း အစီအစဉ် များအား ပုံမှန်လုပ်ဆောင်လျက်ရှိဟု အသိပေးသည်။

သတင်း

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အိမ်ခြံမြေအကျိုး‌ဆောင် အမျိုးသမီးတစ်ဦး ရွှေထည်ငွေကြေးအချို့နှင့်အတူ ပြန်ပေးဆွဲခံရပြီး လေးရက်ကြာသည်အထိ ပျောက်ဆုံးနေသည်။