သြဂုတ်-၅၊ ၂၀၂၅။ဇေအောင်/People’s Spring
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ကနေ တော်လှန်ရေးအဖွဲ့တွေဆီ အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း ဦးရေ၂၄၀ ကျော်ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
အလင်းဝင်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချိတ်ဆက် အကူအညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ဇူလိုင်လအတွင်း အလင်းဝင်ပူးပေါင်း၊ လက်နက်ချနဲ့ စစ်သုံ့ပန်း စစ်သား၊ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂၄၃ ဦးရှိတယ်လို့ အဲဒီအဖွဲ့ရဲ့ အပတ်စဥ်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အလင်းဝင်သူစုစုပေါင်း ၁၃၂ ဦးရှိတဲ့အနက်၈၀ဦးဟာစစ်မှုထမ်းတပ်သား သစ်တွေဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်ရဲ့ အပတ်စဥ် ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

Public Service Announcement
ဇူလိုင်လနောက်ဆုံးပတ်မှာဆိုရင် အလင်းဝင်လာတဲ့ စစ်သား ၁၉ဦးလုံးဟာ စစ်မှုထမ်း တပ်သားသစ်တွေဖြစ်နေတယ်လို့ သိရတယ်။
“ဒီအပတ်မှာလည်း စစ်မှုထမ်းတပ်သားသစ်တွေ အုပ်စုလိုက် အလင်းဝင်ပူးပေါင်းလာတာကို တွေ့ရပါတယ်။ဒါဟာတရားမဲ့ပြုကျင့်မှုကိုအသံတိတ်တော်လှန်လိုက်ခြင်း ဖြစ်သလို စစ်အုပ်စုအတွက် အိပ်မက်ဆိုးတွေဆက် တိုက် လာပြီဖြစ်ကြောင်း အချက်ပေးသံလည်း ဖြစ်ပါတယ်။”လို့ ပြည်သူ့ပန်းတိုင်က အသိပေးပါတယ်။
အလင်းဝင်လာသူတွေဟာပဲခူးတိုင်း၊တနင်္သာရီတိုင်း၊မကွေးတိုင်း၊ စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့က ဖြစ်ပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ဇန်နဝါရီကနေဇူလိုင်စတုတ္ထပတ်အထိအလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ ပန်း စုစုပေါင်း ၁၇၃၅ ဦးထိရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
