close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ထားဝယ်မြို့အဝင်အထွက်ကိုပိတ်ဆို့ပြီး လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေ

တနင်္သာရီတိုင်း၊ထားဝယ်မြို့မှာစစ်ကောင်စီတပ်က ညအချိန် မြို့အဝင်အထွက်တွေကိုပိတ်ဆို့ပြီး ဧည့်စာရင်းအကြောင်းပြကာ နေအိမ်ပေါ်အထိတက်ပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေအခုရက်ပိုင်းဆက်တိုက်လုပ် ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက People’s Spring ကို ပြောပါတယ်။

ထားဝယ်မြို့ပေါ်မှစစ်တပ်ဘန်ကာတစ်ခုကိုတွေ့ရစဥ်။ဓာတ်ပုံ - CJ/ပုံဟောင်း

သြဂုတ်-၅၊၂၀၂၅။ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ထားဝယ်မြို့မှာစစ်ကောင်စီတပ်က ညအချိန် မြို့အဝင်အထွက်တွေကိုပိတ်ဆို့ပြီး ဧည့်စာရင်းအကြောင်းပြကာ နေအိမ်ပေါ်အထိတက်ပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေအခုရက်ပိုင်းဆက်တိုက်လုပ် ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက People’s Spring ကို ပြောပါတယ်။

မြို့အဝင်အထွက်စစ်တပ်စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ကမြောကင်းတံတားဂိတ်၊ပေါက်တိုင်းတံတားဂိတ်၊ အိမ်ရှေ့ပြင်ဂိတ်နဲ့ ဗျောတော၀ဂိတ်တွေကို အခုရက်ပိုင်း ည ၇ နာရီခွဲတာနဲ့ ဖြတ် သန်းခွင့်မပေးဘဲ ပိတ်ထားပြီး မနက် ၄ နာရီခွဲမှ ပြန်လည်ဖြတ်သန်းခွင့်ပြုနေတာလို့ အဲဒီသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ထား၀ယ်မြို့အ၀င် ၄ ပေါက်မှာတင်ပိတ်ဆို့ဖမ်းဆီးတာဗျ။ အခုကထား၀ယ်မြို့ထဲပိုင်းကိုဖိပြီး အဓိကထားပြီးဖမ်းနေတာ။ ပြီးတော့ တခြားမြို့နယ်တွေမှာ မြို့ပေါ်လုံခြုံရေးစစ်ကြောင်းလှည့်ပြီး ဖမ်းတယ်”လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထားဝယ်မြို့ပေါ်မှာ စစ်တပ်၊ စစ်ကောင်စီကအသစ်ဖွဲ့စည်းထားတဲ့ရပ်ကွက်၊မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ လက်နက်ကိုင်ပျူစောထီးအဖွဲ့တွေပူးပေါင်းပြီးလူငယ်တွေကိုနေအိမ်ပေါ်အထိတက်၍ ပေါ်တာဆွဲဖမ်းဆီးရာမှာသြဂုတ် ၄ ရက်နေ့ညက အသက် ၂၀ ဝန်းကျင် အမျိုးသမီးငါးကိုပါ ဖမ်းခေါ်သွားတယ်လို့ အဲဒီတာဝန် ရှိသူက ဆက်ပြောပါတယ်။

ထားဝယ်မြို့ခံအမျိုးသားတစ်ဦးကလည်း”ရေသန့်ပို့သမားတွေရော မြို့ထဲနီးစပ်ရာစွတ်ဖမ်းနေတာ။ လူငယ်တွေ၊အလုပ်သမားတွေအကုန်ပါနေတာပဲ”လို့ ပေါ်တာဆွဲဖမ်းဆီးတဲ့အခြေအနေကိုပြောပါတယ်။

လက်ရှိအခြေအနေမှာ ထားဝယ်မြို့ပေါ်သာမက ထားဝယ်ခရို​င်ထဲကမြို့နယ်တွေဖြစ်တဲ့သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူစတဲ့မြို့နယ်တွေမှာပါ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီး အခုသြဂုတ်လဆန်းပိုင်းမှာတင် လူငယ် ၅၀ ဦးခန့် ဖမ်းဆီးခံထားရတယ်လို့ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

“‌တော်လှန်ရေးအဖွဲ့အစည်းထဲ၀င်ပါလို့မဆိုလိုဘူး။ အကြမ်းဖက်စစ်အုပ်စု လက်လှမ်းမှီတဲ့နေရာတွေက အမြန်ဆုံးထွက်ခွာဖို့ကြဖို့ပါ။ မြို့ထဲလှောင်ပိတ်ပြီး မနေသင့်တော့ဘူး”လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးကလူငယ်တွေကိုအကြံပြုပါတယ်။

လတ်တလောမှာ ထားဝယ်မြို့ပေါ်နေလူငယ်တချို့အပါအဝင် ထားဝယ်ခရိုင်လေးမြို့နယ်မှ လူငယ်တွေ ထိုင်းနယ်စပ်လက်ကို တိမ်းရှောင်ကြတာတွေရှိနေပေမယ့်တော်လှန်ရေးတပ်ဖွဲ့တွေထံချိတ်ဆက်လာတာမျိုး မရှိသေးဘူးလို့အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအတွက် ပေါ်တာဆွဲဖမ်းဆီးနေတာနဲ့ပတ်သက်လို့ ထားဝယ်ခရိုင်လေးမြို့နယ်မှာ လူငယ် ၃၀၀ ဝန်းကျင်အထိ တပ်သားသစ်စုစောင်းသွားမယ်လို့ သတင်းတွေထွက်နေတဲ့အကြောင်းဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကပြောဆိုကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လက်လွှတ်ခဲ့ရ​သော ​ညောင်ပင်ကုန်းစခန်းကို KIA ပြန်သိမ်းပိုက်

သတင်း

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ကနေ တော်လှန်ရေးအဖွဲ့တွေဆီ အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း ဦးရေ၂၄၀ ကျော်ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ဝမ်းတွင်းမြို့နယ်မှာစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေကို ပေါ်တာဆွဲနေပြီး ပစ်ခတ်ဖမ်းဆီးတာတွေပါ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာစစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးထားတဲ့ ပြည်သူ ၁၉ ဦး ထွက်ပြေးခဲ့ရာ ၁၈ ဦးလွတ်မြောက်ပြီး တစ်ဦးပြန်အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေ People's Spring ကို ပြောပါတယ်။