close
Connect with us

Hi, what are you looking for?

သတင်း

ဝေါလေဗျူဟာစခန်း KNUပူးပေါင်းတပ် ပြန်လည်ထိုးစစ်ဆင်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်၌ ကျန်နေသည့် စစ်ကောင်စီ၏ ဝေါလေဗျူဟာတပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းကရင်အမျိုးသားအစည်း အရုံး (KNU)သတင်းရင်းမြစ်က ပြောသည်။

ဝေါလေဗျူဟာတပ်စခန်း ဦးဆောင်တိုက်ခိုက်နေသည့် ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဒါဘောအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ဩဂုတ်-၆၊ ၂၀၂၅။ထားမြတ်/People’s Spring

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်၌ ကျန်နေသည့် စစ်ကောင်စီ၏ ဝေါလေဗျူဟာတပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းကရင်အမျိုးသားအစည်း အရုံး (KNU)သတင်းရင်းမြစ်က ပြောသည်။

ဝေါလေဗျူဟာ၏ အဓိက ကာကင်းတပ်စခန်းဖြစ်သော ဥကရစ်ထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဇူလိုင် ၁၂ရက်တွင် သိမ်းပိုက်ခဲ့ပြီးနောက် ဝေါလေဗျူဟာစခန်းကို ဆက်လက်သိမ်းပိုက်နိုင်ရေး ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်လျက်ရှိရာ ဇူလိုင်နောက်ဆုံးပတ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ထိုးစစ်ရပ်နားနေခြင်းဖြစ်သည်။

” မိုးနည်းနည်းရှင်းလာလို့ ဒီဘက်ကလည်း လှုပ်ရှားလာလို့ လေယာဉ်က တက်လာမှာပဲ။ ပြန်စတဲ့သဘောပေါ့။ ဒါက တဆင့်ခြင်းတဆင့်ပေါ့။ ကိုယ်လူလည်း မထိအောင်”ဟု KNU သတင်းရင်းမြစ်က ပြေသည်။

Public Service Announcement

Public Service Announcement

ယနေ့(ဩဂုတ် ၆ရက်)တွင် စစ်ကောင်စီက ဝေါလေဗျူဟာတိုက်ပွဲအား လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သည်။

စစ်ကောာင်စီအနေဖြင့် လေယာဉ်အသုံးပြု ပစ်ကူပေးနေရဟု ၎င်းက ဆိုသည်။ ထို့ပြင် ရိက္ခာလည်းမြေပြင်မှ ပို့မရ၍ လေယာဉ်ဖြင့် ပို့နေသည်ဟု ဆိုသည်။

ဇူလိုင် ၃၁ရက်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ပို့ပေးသည့် ကျည်ခဲယမ်းထုပ်ကို တော်လှန်ရေးပူးပေါင်းတပ်က ရရှိခဲ့သည်။ ဇူလိုင် ၂၆ရက်ကလည်း ဝေါလေဗျူဟာသို့ လေကြောင်းမှ ချပေးသည့် ဒရုန်းနှင့် ရိက္ခာထုပ်အချို့ကို တော်လှန်ရေး ပူးပေါင်းတပ်က ရရှိခဲ့သည်။

“တော်လှန်ရေး အဖွဲ့တွေ အခြေအနေကောင်းတယ်။တကယ်လို့ မိုးဆက်မရွာရင်တော့ ရတဲ့အထိ ရှင်းမှာပဲ။ ရတဲ့အထိတော့ ဆော်မှပဲ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဝေါလေဗျူဟာတွင် ရန်သူ စစ်ကောင်စီတပ်ဘက်မှ အင်အား ၂၀၀မှ ၃၀၀ကြားရှိနိုင်ဟု KNU သတင်းရင်းမြစ်က ခန့်မှန်းပြီး အဆိုပါ ဗျူဟာစခန်း သိမ်းနိုင်ရေးဆက်လက်ကြိုးပမ်းလျက်ရှိဟု အသိပေးသည်။

ဝေါလေဗျူဟာကုန်းအား တော်လှန်ရေးတပ်ဖွဲ့များက ကာလရှည် ပိတ်ဆို့ဖြတ်​တောက်ထားခြင်းဖြစ်ပြီးဝေါလေဗျူဟာကုန်းသည်ဝေါ်လေကျေးရွာ ၏ တောင်ဘက်၌ တည်ရှိသည်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အရှေ့တောင်ဘက်တွင်ရှိသည့် စစ်ကောင်စီ၏ ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်များက ပြီးခဲ့သည့် ဇူလိုင် ၂ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

KNUဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်သည် မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်တလျောက်ရှိစစ်ကောင်စီတပ်စခန်းများကို မေလနေက်ဆုံးပတ်မှစ၍ စခန်းသိမ်း စစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ရာ နှစ်လကျော်အတွင်း နယ်စပ်မှတပ်စခန်း ၈ခုကို သိမ်းပိုက်ထားပြီးဖြစ်ပြီး ဝေါလေဗျူဟာနှင့်ထိသဲလယ်ကာကင်းစခန်းသာ ကျန်တော့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်များသိမ်းပိုက်ထားသော ကြံသာရွာကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာ၍ တိုက်ပွဲ ဖြစ်နေကြောင်း မြေပြင်ရဲဘော်အချို့က ပြောသည်။

သတင်း

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ ဒီနေ့ (ဇူလိုင် ၂၂)ရက်နေ့ မနက်အစောပိုင်းကစပြီးကရင်အမျိုးသားအစည်းအရုံး(KNU ) လက်အောက်ခံ KNLA တပ်မဟာ (၆ ) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့ကော့ကရိတ်ဒေသခံသတင်းရင်းမြစ် တွေက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း ဒဏ်ရာရစစ်ကောင်စီတပ်သား၏ လက်နက်ကို သိမ်းယူပြီး လူကိုမူ စွန့်ပစ်ခဲ့ဟုဆို

သတင်း

ကရင်ပြည်နယ် မြ၀တီ အာရှလမ်းပိုင်းကိုပြန်လည်စိုးမိုးထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေးမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများအနက် စစ်ကောင်စီကို ပြန်တော်လှန်လိုသူများကို ကရင်အမျိုးသားအစည်းအရုံး(KNU)ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က သင်တန်းပေးခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။