သြဂုတ်-၆၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၆)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ဒေသခံပြည်သူတွေနဲ့ ပြည်သူ့အားမာန်သပိတ်မှရဲဘော်တွေ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ် စစ်ကြောင်းမှစစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement
အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့ လှုံ့ဆော် ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်
