close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးက Sky Villaမှာ ငလျင်လှုပ်ပြီး ​လေးလခွဲအကြာ ရုပ်အလောင်းထပ်တွေ့

မန္တလေးမြို့က Sky Villaမှာ ငလျင်လှုပ်ခတ်ပြီး ​လေးလခွဲကျော်ကြာတဲ့အထိ ပျောက်ဆုံးသူတွေရှာနေရဆဲဖြစ်ပြီး ဒီကနေ့ ရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိပါတယ်။

ပြိုကျ Sky villa အဆောက်အအုံမှ ထပ်မံတွေ့ရှိသည့်ရုပ်အလောင်းအား သယ်ဆောင်လာစဥ်။ ဓာတ်ပုံ-MFSD

သြဂုတ်-၁၃၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့က Sky Villaမှာ ငလျင်လှုပ်ခတ်ပြီး ​လေးလခွဲကျော်ကြာတဲ့အထိ ပျောက်ဆုံးသူတွေရှာနေရဆဲဖြစ်ပြီး ဒီကနေ့ ရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိပါတယ်။

ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က Sky Villa အဆောက်အဦး A အဆောင်ကို ရှင်းလင်းခဲ့ရာ ဒီကနေ့ သြဂုတ် ၁၃ ရက် မနက် ၁၀ နာရီခွဲခန့်မှာ အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိရကြောင်း စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

“Sky villa က ကယ်ဆယ်ရေးလုပ်ငန်းက တော်တော်ဆိုးပါတယ်။ခုချိန်ထိအလောင်းတွေကတွေ့နေရတုန်းပဲ”လို့ဒေသခံတဦးကဆိုပါတယ်။

Public Service Announcement

Public Service Announcement

၎င်းရုပ်အလောင်းဟာ Sky Villa ရဲ့ A အဆောင် (၃)လွှာ၊ အခန်းအမှတ် E3 က ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူရာချီသေဆုံးကာ အဆောက်အအုံလေးထောင်ဝန်းကျင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း လူမှုအဖွဲ့အစည်းတွေရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ ငလျင်ကြီးလှုပ်ခတ်ခဲ့တာ ​လေး လခွဲကျော် ကြာခဲ့ပြီဖြစ်ပေမယ့်ယနေ့အထိအပျက်အစီးတွေရှင်းလင်းနေရဆဲဖြစ်ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တူရကီနိုင်ငံ အနောက်မြောက်ပိုင်းမှာ မဂ္ဂနီကျု ၆.၁ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် အဆောက်အအုံတွေ ပြိုကျ ပျက်စီးခဲ့သလို အနည်းဆုံး ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်မှာမနေ့(သြဂုတ် ၈ ရက် )ညပိုင်းက သားအမိသုံးဦးစီးလာတဲ့ဆိုင်ကယ်ကိုအမျိုးသားနှစ်ယောက်က ဓားရှည်နဲ့ အသက်ရန်ရှာပြီးလုယက်သွားပါတယ်။

သတင်း

စစ်မှုထမ်း အပတ်စဉ် ၁၆အတွက် မန္တလေးမြို့မှာ ပေါ်တာဆွဲတာ‌တွေ၊ မဲပေါက်ထားသူတွေကို နေအိမ်အတွင်း ဝင်ဖမ်းတာတွေ စတင်ပြုလုပ်နေပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့ပေါ်နှင့် ဖားကန့်ဒေသတို့တွင် တော်လှန်ပြည်သူများက ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး (၃၇)နှစ်ပြည့် အထိမ်းအမှတ်နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ယနေ့ (သြဂုတ် ၈) နံနက်က ပြုလုပ်ခဲ့သည်။