close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာသားအမိသုံးဦးစီးလာတဲ့ဆိုင်ကယ်ကိုအသက်ရန်ရှာပြီး လုယက်

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်မှာမနေ့(သြဂုတ် ၈ ရက် )ညပိုင်းက သားအမိသုံးဦးစီးလာတဲ့ဆိုင်ကယ်ကိုအမျိုးသားနှစ်ယောက်က ဓားရှည်နဲ့ အသက်ရန်ရှာပြီးလုယက်သွားပါတယ်။

သြဂုတ် – ၉ ၊၂၀၂၅ /People’s Spring

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်မှာမနေ့(သြဂုတ် ၈ ရက် )ညပိုင်းက သားအမိသုံးဦးစီးလာတဲ့ဆိုင်ကယ်ကိုအမျိုးသားနှစ်ယောက်က ဓားရှည်နဲ့ အသက်ရန်ရှာပြီးလုယက်သွားပါတယ်။

အဲဒီဖြစ်စဉ်ဟာမနေ့ညပိုင်း ၈ နာရီခွဲခန့်က မနော်ဟရီလမ်းမကြီးရဲ့တောင်ဘက် ၁၁၀ E လမ်း၊ ၄၉လမ်းနဲ့ လမ်း၅၀ကြားမှာဖြစ်ပွားခဲ့ပါတယ်။

ကလေးနှစ်ဦးကို ဆိုင်ကယ်ရှေ့နောက်တင်ပြီးမောင်းလာတဲ့အမျိုးသမီး ရဲ့ ဆိုင်ကယ်နောက်ကို ဓားရှည်ကိုင်အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ လိုက်လာပြီး လုယက်သွားတာကို CCTV မှတ်တမ်းမှာတွေ့မြင်ရပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ကယ်ချင်း ဘေးချင်းကပ်ချိန်မှာ အမျိုးသမီးကို ဓားနဲ့ ရွ​ယ်ပြီး ဆိုင်ကယ်လုယက်သွားတာပါ။

လုယက်မှုကိုကြုံတွေ့ခဲ့ရသူအမျိုးသမီးကသူရဲ့ကလေးငယ်တွေမထိခိုက်ရအောင် ဆိုင်ကယ်ပေးလိုက်ရတာဖြစ်တယ်လို့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။

လုယက်ခံရတဲ့နေရာဟာ အိမ်အနီးအနားဖြစ်တယ်လို့ ကာယကံရှင်ကအသိပေးထားပါတယ်။

ရုပ်သံ – Moe Thu /FB

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်း အပတ်စဉ် ၁၆အတွက် မန္တလေးမြို့မှာ ပေါ်တာဆွဲတာ‌တွေ၊ မဲပေါက်ထားသူတွေကို နေအိမ်အတွင်း ဝင်ဖမ်းတာတွေ စတင်ပြုလုပ်နေပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့ပေါ်နှင့် ဖားကန့်ဒေသတို့တွင် တော်လှန်ပြည်သူများက ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး (၃၇)နှစ်ပြည့် အထိမ်းအမှတ်နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ယနေ့ (သြဂုတ် ၈) နံနက်က ပြုလုပ်ခဲ့သည်။

သတင်း

နေပြည်တော်အနီးကိုဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၇ အဆင့်ရှိ​သောငလျင်တစ်ခုယ​နေ့ညတွင် လှုပ်ရှားသွားပြီး မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မှမြို့နယ်များပါ မြေလွှာလှုပ်ရှားသွားသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၇)မှာ (၃၇)နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အကြို လူထုသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။