close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်အမြောက်တပ်(၃၆၆)တပ်ရင်း KIA ပူးပေါင်းတပ် ပြန်သိမ်းပိုက်

ကချင်ပြည်နယ်၊ဗန်းမော်မြို့ရှိစစ်ကောင်စီ၏အမှတ်(၃၆၆)အမြောက် တပ် (အမတ−၃၆၆)တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ် အချို့က ပြောသည်။

၂၀၂၅ ဖေဖော်ဝါရီ ၁၀ ရက်က ဗန်းမော် အမတ(၃၆၆)အမြောက်တပ်ရင်းအတွင်း တွေ့ရသော KIA တပ်ဖွဲ့ဝင် ၂ ဦး။ ဓာတ်ပုံ-Sirinda

အင်းတော်ကြီးဒေသ နောင်မွန်းရွာစခန်းကိုလည်း တလအကြာတွင် KIA ပြန်လည်သိမ်းပိုက်

ဩဂုတ်−၁၆၊၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဗန်းမော်မြို့ရှိစစ်ကောင်စီ၏ အမှတ်(၃၆၆)အမြောက် တပ် (အမတ−၃၆၆) တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ် အချို့က ပြောသည်။

စစ်ကောင်စီက ဩဂုတ် ၁ရက်တွင် လက်နက်ခဲယမ်း စစ်အင်အား ဖြည့် တင်းသည့် စစ်သင်္ဘောအုပ်စု ဗန်မော်မြို့သို့ ဆိုက်ကပ်ပြီးနောက် လေ ကြောင်း၊ ဒရုန်းပစ်ကူများ သုံးပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ဒုတိယပတ်တွင် KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားသည့် အမတ(၃၆၆)တပ်ရင်းနှင့် လေယာဉ်ကွင်း နေရာအချို့မှ ယာယီဆုတ်ခွာပေးခဲ့ရာ ယခု အမြောက်တပ်နေရာကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

” လေယာဉ်ကွင်း တဖက်ခြမ်းမှာရှိနေတဲ့ကောင်တွေလည်း မနက်ဖြန် သန်ဘက်ခါ ဆိုရင်တယောက်မှ ကျန်တော့မှာမဟုတ်ဘူး။ အဓိကက လေယာဉ်ကွင်းဘက်ခြမ်းတွေက ကွင်းပြင်လိုဖြစ်နေလို့ခဏရှောင်ထားတဲ့ သဘော ဟုတ်တယ်။ သူတို့ဘက်က သင်္ဘောနဲ့ သယ်လာတဲ့ လက်နက်ကြီးတွေက ၂၁(စကခ-၂၁)က ပစ်လာတဲ့အခါ ကွင်းပြင်ကြီးဆိုတော့ ပြီးရင် လေယာဉ်(လေကြောင်းတိုက်ခိုက်မှု)လည်းရှိတဲ့အခါကျတော့ ကွင်းပြင်ကြီးဆိုတော့ ရှောင်နေလို့ အဆင်မပြေလို့”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

အမတ(၃၆၆) တပ်ရင်းကို ယနေ့ ဩဂုတ် ၁၆ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။ သို့သော် KIAနှင့်နီးစပ်သည့် အခြား သတင်းရင်းမြစ်ကမူ အမြောက်တပ်ရင်း(၃၆၆)ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သိမ်းနိုင်ခဲ့ဟု ပြောသည်။

“ အဲ ၃၆၆ တော့ရတာ လေးရက်လောက်ရှိပြီ။ သူတို့ သင်္ဘောရောက်တာနဲ့ မကြာခင်သူတို့က ရသွားတယ်။ အဲဒီ ၃၆၆က။ ပြီးတော့ ၂ရက်လောက်ပဲ ထိန်းထားနိုင်တယ်။ ပြန်သိမ်းလိုက်တာ” ဟု KIAနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

အမတ(၃၆၆)တပ်ရင်း ပြန်လည်ရရှိမှု အခြေအနေအပါအဝင် ဗန်းမော်ဒေသ စစ်ရေးအခြေအနေကို မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

KIAပူးပေါင်းတပ်သည်ဇူလိုင်လလယ်ကဆုတ်ခွာခဲ့ရသော ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ရွာစခန်းကိုလည်း ယနေ့ ဩဂုတ် ၁၆ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

“အင်းတော်ကြီး မိုင်းနောင်စစ်ကောင်စီ အကြမ်းဖက်စခန်းကို ဒီညနေ ပြန်သိမ်းရသွားပြီ”ဟု ၎င်းက ဆိုသည်။

မိုင်းနောင်စခန်းကို စစ်ကောင်စီတပ်နှင့် ရှမ်းနီ SNAပူးပေါင်းအဖွဲ့က ဇူလိုင် ၁၄ရက်တွင် KIAထံမှ သိမ်းပိုက်ထားခြင်းဖြစ်ပြီး တလကျော်အကြာတွင် KIAက ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

Facebook