သြဂုတ်-၁၆၊၂၀၂၅။လူအေး/People’s Spring
ပခုက္ကူမြို့၊ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်ထဲမှ တင့်ကားနှစ်စီးအပါအဝင် စစ်ကား ၁၃၆စီးသည် လေကြောင်းပစ်ကူယူပြီး ပေါက်မြို့နယ်မှတစ်ဆင့်ယောဒေသဘက်သို့ ဦးတည်ထွက်ခွာလာသည်။
အဆိုပါစစ်ယာဉ်တန်းသည် ပခုက္ကူမြို့မှ ဇွန်လ ၁ ရက်တွင် ထွက်လာပြီး ကမ္မမြို့ကို ဖြတ်ကာ ပေါက်မြို့နယ်အတွင်း ရောက်ရှိလာခြင်းဖြစ်သည်။
” ဒီစစ်ကြောင်းလမ်းကြောင်းကပြောရခက်တယ်။ ပခုက္ကူကနေထွက်လာတာကြာနေပြီ။ရှေ့ကိုတဖြည်းဖြည်းချင်းတိုးလာနေတာ။အခုက ပေါက်ကနေရှေ့ကိုဆက်တိုးနေတယ်။ကပစ(၂၄)ကိုလည်း ဝင်နိုင်တယ်။”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
ဖြတ်တောက်ပိတ်ဆို့ခံထားရသည့်ပေါက်မြို့နယ်မှ ကစပ(၂၄)ကို အင်အားဖြည့်နိုင်ကြောင်း တော်လှန်ရေးရဲဘော်များကသုံးသပ်ထားသည်။ပေါက်မြို့ကိုကျော်ပါက ယောဒေသ ကျောက်ထုမြို့သို့ရောက်မည်ဖြစ်ပြီးထိုမှတစ်ဆင့် ယောဒေသက ဆော၊ ထီးလင်း၊ ဂန့်ဂေါ၊ ကျောမြို့တို့ကို လမ်းပေါက်သည်။
ဆောမြို့တွင်ချင်းတောင်တန်းမှ မင်းတပ်မြို့သို့သွားသည့်လမ်းလည်းရှိပြီး စစ်ကောင်စီသွားနိုင် ခြေရှိသည့်လမ်းကြောင်းကို မှန်းဆရန်မဖြစ်နိုင်သေးကြောင်း ချင်းကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
“အဲဒီစစ်ကြောင်းကို မဟာမိတ်တွေကပိတ်ဆို့ပြီးတိုက်ခိုက်နေတော့ သူတို့ရှေ့တိုးဖို့မလွယ်ဘူးဖြစ်နေတာ။ပွဲတွေကတောက်လျှောက်ဖြစ်နေတယ်” ဟု PDFတဦးကပြောသည်။
ဒေသတွင်း၌ အဆိုပါ စစ်ကြောင်းအပြင် ဆိပ်ဖြူမြို့နယ်ရှိကပစ (၂၂)မှစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၀ခန့်လည်း စစ်ကြောင်းထွက်လာကြောင်း သတင်းရရှိသည်။ ထို့အပြင် ယောဒေသမှ ကျောက်ထု၊ ထီးလင်းမြို့တို့တွင်လည်း စစ်တပ်စစ်ကြောင်းများရှိနေသည်။စစ်ကောင်စီသည်စစ်မှုထမ်းသင်တန်းဆင်းအများအပြားကို အသုံးပြု၍ စစ်ကြောင်း
ထိုးရန်ကြိုးစားနေခြင်းဖြစ်သည်။
