close
Connect with us

Hi, what are you looking for?

သတင်း

BGF တပ်ဖွဲ့ဝင်တွေ KNA ဘက်တံဆိပ်ပြောင်းလဲအသုံးပြုနေ

ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်တွေကရင်အမျိုးသားတပ်မ တော်(KNA)ဘက်တံဆိပ်ကိုပြောင်းလဲတပ်ဆင် အသုံးပြုနေပြီး လာမယ့် နိုဝင်ဘာလမှာ KNA အမည်နဲ့ တရားဝင်ပြောင်းလဲ ဖွဲ့စည်းသွားမယ်လို့ နယ်ခြားစောင့်တပ် သတင်းရင်းမြစ်တွေက ပြောပါတယ်။

KNA တပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ ကြော်ငြာဆိုင်းဘုတ်ကို ကရင်ပြည်နယ်အတွင်းတွေ့ရပုံ ဓာတ်ပုံ - လူမှုကွန်ရက်

သြဂုတ် – ၁၇ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်တွေကရင်အမျိုးသားတပ်မ တော်(KNA)ဘက်တံဆိပ်ကိုပြောင်းလဲတပ်ဆင် အသုံးပြုနေပြီး လာမယ့် နိုဝင်ဘာလမှာ KNA အမည်နဲ့ တရားဝင်ပြောင်းလဲ ဖွဲ့စည်းသွားမယ်လို့ နယ်ခြားစောင့်တပ် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကရင်အမျိုးသားတပ်မတော်(KNA)အဖြစ် ပြောင်းလဲဖွဲ့စည်းသွားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက် က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသမှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ တွေ့ဆုံပွဲတစ်ခုမှာ ကရင်နယ်ခြားစောင့်တပ်(BGF) ထိပ်ပိုင်းခေါင်းဆောင်တွေက တရားဝင်ပြောဆိုထားခဲ့တာပါ။

လက်ရှိမှာBGFတပ်ဖွဲ့ဝင်တွေတချို့ဟာကရင်အမျိုးသားတပ်မတော် (KNA)ဘက်တံဆိပ်ကို ပြောင်းလဲတပ်ဆင်အသုံးပြုနေကြတာတွေရှိသလို BGF ဘက်တံဆိပ်ကိုလည်း ဆက်လက်တပ်ဆင်အသုံးပြုနေကြတဲ့ တပ်ဖွဲ့ဝင်တွေလည်း ရှိကြတယ်လို့ BGF သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တချို့တပ်ဖွဲ့တွေကတော့ KNA ဘက်တံဆိပ်တပ်လိုက်ပြီ၊ ဘက်တံဆိပ်တပ်တဲ့အဖွဲ့က ဗျူဟာလက်အောက်ခံက တပ်တွေပေါ့” လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

လာမယ့် နိုဝင်ဘာလထဲမှာ BGF က​နေ KNA အဖြစ် တရားဝင်​ပြောင်းလဲသွားမှာဖြစ်တယ်လို့လည်း အဲ့ဒီသတင်းရင်းမြစ်က အသိ​ပေးပါတယ်။

ပြောင်းလဲဖွဲ့စည်းသွားမယ့် ကရင်အမျိုးသားတပ်မတော်(KNA)ထဲမှာ တပ်ရင်းပေါင်း ၆၀ ကျော်ပါရှိပြီး စစ်ဒေသမှူး ၄ ဦး၊ ဗျူဟာမှူး ၉ ဦး ပါဝင်မယ်လို့ BGF စစ်ရေးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်စောကြာအင်းက အသိပေးထားပါတယ်။

အရင်က ကရင်နယ်ခြားစောင့်တပ်(BGF)ထဲမှာ စစ်တပ်က ဖွဲ့စည်းပါဝင်ပေးထားတဲ့ တပ်က အရာရှိတွေပါဝင် ပူးပေါင်းနေပြီး BGF တပ်ရင်း (၁၃)ရင်းသာ ရှိခဲ့ကာ တပ်အင်အားကလည်း ထောင်ဂဏန်းသာ ရှိခဲ့တာပါ။

အခုလက်ရှိမှာတော့ ကရင်နယ်ခြားစောင့်တပ်(BGF)ဟာ တပ်တိုးချဲ့တည်ဆောက်ပြီး လက်နက်၊ လူအင်အားတွေကို ဖြည့်ဆည်းနေတဲ့အပြင် အခြေခံစစ်သင်တန်း၊ ကွန်မန်ဒိုသင်တန်း၊ စနိုက်ပါ လက်နက်ကြီး ဒရုန်း စတဲ့ သင်တန်းတွေကို ဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဩဂုတ်လ ၁၅ ရက်က ဆိုရင် BGF တပ်ထိန်းချုပ်ရာ ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ သေ့ကတေကျေးရွာမှာ BGF အမှတ် ၂ စစ်ဒေသက ဖွင့်လှစ်ထားတဲ့ လူအင်အား ၅၀၀ ကျော်ပါတဲ့ အပတ်စဉ် ၁၉ အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

၃ လကျော် ကြာမြင့်တဲ့ အပတ်စဉ် ၁၉ အခြေခံစစ်သင်တန်းမှာ တပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော် ပါရှိပြီး သင်တန်းဆင်းပွဲမှာ BGF အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်း၊ အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောမို့သို၊ ဗိုလ်မှူးချုပ်စောမောင်ဝင်း အပါအဝင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောရွှေဝလည်း တက်ရောက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိုးဗြဲ - လွိုင်ကော်လမ်းပိုင်း၌ စစ်ကောင်စီတပ်အား ဒရုန်းစစ်ဆင် ရေး(Drone Mission)ဖြင့် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်ဟု ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဩဂုတ်၂ရက်) ထုတ်ပြန်သည်။

သတင်း

သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲကျော်လွန်လာပြီး မြို့မှာရေကြီးနေလို့ ကယ်ဆယ်ရေးစခန်း(၁၁)ခု ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ ၃၅၀၀အထိ ခိုလှုံနေတယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)ကနေ ကရင်အမျိုးသားတပ်မတော်(KNA)အဖြစ် ပြောင်းလဲဖွဲ့စည်းသွားဖို့ နဲ့ပတ်သက်ပြီး ဇူလိုင်လ ၂၀ ရက် က ကရင်ပြည်နယ် ၊ မြိုင်ကြီးငူဒေသမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲမှာ BGF ထိပ်ပိုင်းခေါင်းဆောင်တွေကဆွေးနွေးတင်ပြကြတယ်လို့ သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ရဲ့ ကတ်ပြားတွေပါရှိတဲ့ လှိုင်သာယာမြို့နယ်က လူမိုက်အဖွဲ့က ပြန်ပေးဆွဲမှုလုပ်ခဲ့လို့ ပစ်ခတ်ဖမ်းဆီးခဲ့တာမှာ တစ်ဦးကိုအ​သေဖမ်းမိတယ်လို့ကရင်နယ်ခြားစောင့်တပ်(BGF)က တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

Facebook