close
Connect with us

Hi, what are you looking for?

သတင်း

ကိုးကန့် နှင့် ဝဒေသ ချိတ်ဆက်သောအဓိက တံတားတစ်စင်း အကြောင်းရင်းမသိရဘဲကျိုးကျ

MNDAA ထိန်းချုပ်ဒေသ ချင်းရွှေဟော်မြို့နှင့် ၀ (UWSA)ထိန်းချုပ်ဒေသကို အဓိကဆက်သွယ်ထားသည့် နမ့်တစ် -ညီနောင်တံတားသည်ယနေ့ (သြဂုတ် ၂၄)နံနက်အစောပိုင်းတွင်ကျိုးသွားခဲ့သည်။

တံတားကျိုးကျပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-Wa Land News ၊​ဒေသခံ

သြဂုတ်-၂၄၊၂၀၂၅။လူအေး/People’s Spring

MNDAA ထိန်းချုပ်ဒေသ ချင်းရွှေဟော်မြို့နှင့် ၀ (UWSA)ထိန်းချုပ်ဒေသကို အဓိကဆက်သွယ်ထားသည့် နမ့်တစ် -ညီနောင်တံတားသည်ယနေ့ (သြဂုတ် ၂၄)နံနက်အစောပိုင်းတွင်ကျိုးသွားခဲ့သည်။

“နမ့်တစ်ချောင်းကို ဖြတ်ပြီးကိုးကန့်နဲ့ ဝဒေသကို အဓိက ချိတ်ဆက်ထားတဲ့တံတား။ ကျိုးကျတာတော့ထူးဆန်းနေတယ်။ ကားတွေဖြတ်ချိန်ကျိုးကျတာလည်းမဟုတ်ဘူးဆိုတော့။ နောက်ပြီးတော့ လူအထိအခိုက်ရှိတယ်လို့မကြားရဘူး” ဟုရှမ်းပြည်နယ်​မြောက်ပိုင်းမှသတင်းရင်းမြစ်တဦးကပြောသည်။

အဆိုပါတံတားသည်ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ထိန်းချုပ်ဒေသကြီးချင်းရွှေဟော်မြို့ကိုအဓိကအချိတ်ဆက်ထားသည်။ မန္တလေး – လားရှိုး – ချင်းရွှေဟော်-လောက်ကိုင်လမ်းမှတဆင့် ဝဒေသ နှင့် ချိတ်ဆက်သော အစိတ်အပိုင်းလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တံတားသည်ဟောင်းနွမ်းနေပြီး ကြံ့ခိုင်မှုအားနည်းကာ ကျိုးကျခြင်းဖြစ်နိုင်သည်ဟု ဟိုပန်မြို့သတင်းပြန်ကြားရေးဌာန တာဝန်ခံက ပြောကြောင်း ဒေသတွင်းသတင်းများဖော်ပြနေသည့် Wa land News က ရေးသားထားသည်။

တရုတ်အစိုးရ၏ နှစ် ၄၀ အတွင်းအကြီးမားဆုံးဖိအားများကြုံ​တွေ့​နေရ​သောကြောင့် MNDAA၊ TNLAနှင့် SSPP တို့ကို လက်နက်ထောက်ပံ့မှု ရပ်မည်ဟု UWSA က ထုတ်ပြန်ပြီး ရက်အနည်းငယ်အကြာ၌ အဆိုပါတံတားကျိုးခြင်းအပေါ် ပြည်သူများက ထင်ကြေးအမျိုးမျိုးပေးနေကြသည်။ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအတွက် တံတားအမြန်ပြန်လည်တည်ဆောက်ပေးရန်လည်း ရှမ်းမြောက်ဒေသခံများကတောင်းဆိုနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း မြို့အချို့တွင် ဒေသခံ ပြည်သူများအား စစ်ကောင်စီက မလာမနေရ ခေါ်ယူပြီး ကိုးကန့်တပ်မတော်(MNDAA)နှင့် တအာင်းတပ်မတော်(TNLA)တို့ကို ဆန္ဒပြခိုင်းသည့် လုပ်ရပ်ကို အားမပေးကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ယနေ့ ဩဂုတ်၁၈ရက်တွင် ထုတ်ပြန်သည်။

သတင်း

သန္နီကိုထပ်​တောင်း​နေ၍​ဆွေး​နွေးပွဲအ​ဖြေမထွက်ဘဲ ပြီးဆုံး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အား ဇူလိုင် ၃၀ရက်ကဗုံးကြဲပြီးနောက်ပိုင်း စစ် ကောင်စီက နေ့စဉ်လေကြောင်းမှ ကင်းထောက် နေပြီး ဗုံးထပ်ကြဲမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။