close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းပေါ် ငွေကောက်နေတဲ့ စစ်သား​တွေကိုမိုင်းဆွဲတိုက်ခိုက် စစ်သား၃ ဦး သေဆုံးဟု PDF ပြော

မုံရွာ-မန္တလေးလမ်းပေါ် ငွေကောက်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား၃ ဦး သေဆုံးကြောင်း မုံရွာခရိုင် အမှတ်(၄)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုဝင်တွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့စဥ်။ ဓါတ်ပုံ-File Video

အောက်တိုဘာ-၅၊၂၀၂၅။ဇေအောင်/People’s Spring

မုံရွာ-မန္တလေးလမ်းပေါ် ငွေကောက်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား၃ ဦး သေဆုံးကြောင်း မုံရွာခရိုင် အမှတ်(၄)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်းတနေရာမှာ ခရီးသွားပြည်သူတွေကို ငွေကောက်နေတဲ့ စစ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် တပ်ကူအယောက် ၃၀ လောက်နဲ့ ရောက်ရှိလာချိန် ထပ်မံမိုင်းခွဲတိုက်ခိုက်ရာ စစ်သားနဲ့ပျူ ၅ ဦး ထိခိုက်သွားတယ်လို့ ၎င်းတာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ ပြည်သူတွေ အနေနဲ့ မုံရွာ-မန္တလေးလမ်းပေါ်မှာ စကစ ကားတန်းတွေနဲ့တွေ့ရင် ကပ်မလိုက်ကြဖို့ ထပ်မံ (ထပ်မံ) မေတ္တာရပ်ခံပါတယ်။” လို့သူက ဆက်ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force ဦးဆောင်၍ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄)၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၄) တပ်ခွဲ (၄) 5/ Teacher Force မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂၈) တပ်ခွဲ (၃) တမူးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၄) TSG တပ်ရင်း ChinDwin Fighter Group တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

စစ်အုပ်စုဝင်တွေတိုက်ခိုက်ခံရချိန် မုံရွာ-မန္တလေးလမ်း ယာယီပိတ်သွားခဲ့ပြီး ညနေ ၆ နာရီကျော်မှာ ပြန်ဖွင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ မုံရွာ-မန္တလေးလမ်းပေါ်မှာ ဖြတ်သန်းသွားတိုင်း တိုက်ခိုက်ခံနေရလို့ ခရီးသွားယာဥ်တွေကို ရှေ့ကသွားခိုင်းတာတွေ၊ ပြည်သူတွေကို မိုင်းရှင်းခိုင်းတာတွေ ပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ