close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေး၊ ကရင်နီနဲ့ တနင်္သာရီမှာ စစ်ကောင်စီ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

မန္တလေး၊ ကရင်နီနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၈) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ-၈၊၂၀၂၅။ သုည/People’s Spring

မန္တလေး၊ ကရင်နီနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၈) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်လည်း တော်လှန်ပြည်သူတွေက “ အတုအယောင်ရွေးကောက် ခွေးထွက်ပေါက် တော်လှန်အလင်းနဲ့ သပိတ်မှောက်” ၊ “ ဓမ္မကို ပူဇော် အဓမ္မကို လောင်ကျွမ်း” ၊ “ မန္တလေးဒေသ ပြည်သူတွေ သွေးမအေးဘူး” ဆိုတဲ့ စာသားတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သီတင်းကျွတ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကရင်နီပြည်နယ် ရှားတောမြို့တနေရာမှလည်း ကရင်နီအမျိုးသား လူငယ်အစည်းအရုံး (KNYO)က ဝန်ထမ်းတွေက စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအကြောင်း ပြည်သူတွေကို အသိပညာပေးခြင်းအစီအစဥ်နဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဓါတ်ပုံကမ်ပိန်းတရပ်ကို မြို့ခံလူထုတွေနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့အဝင်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ကော်မတီဝင်တချို့က “ ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ဘန်နာ ချိတ်ဆွဲဆန္ဒပြခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းလှုံ့ဆော်တဲ့အနေနဲ့ အခုလိုသွားရောက်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ကြောင်း DDMSCက ဆိုပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ GSCB၊ ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီ

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ သီတင်းကျွတ်လပြည့်ညက မီးပုံးပျံတွေ ပျက်ကျပြီးမီးလောင်မှုတွေဖြစ်ခဲ့ပြီးတဲ့​နောက် လပြည့်ကျော် ၁ ရက်(အောက်တိုဘာ ၇) မှာတော့ မီးပုံးပျံ ပြုတ်ကျတာတွေကို စောင့်ကြည့် ပြီးမီးငြှိမ်းသတ်တာတွေ လုပ်ခဲ့တယ်လို့ အောင်မြေသာစံမြို့နယ် သီရိမာလာအရှေ့ အရန်မီးသတ်တပ်ဖွဲ့က အသိပေးလာပါတယ်။

သတင်း

မန္တလေးမြို့မှာသီတင်းကျွတ်လပြည့်ညက မီး လောက်မှု နှစ်ခုဖြစ်ခဲ့တာမှာချမ်းမြသာစည်မြို့နယ်ကတနာရီ ကျော်အကြာလောင်ကျွမ်းခဲ့တဲ့မီး​ကြောင့် ဒဏ်ရာရသူ ၅ ဦးဝန်းကျင်ရှိတယ်လို့လူမှုကူညီရေးအသင်း တွေက​ပြောပါတယ် ။

သတင်း

လာမယ့်ဒီဇင်ဘာလကုန်ပိုင်း စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မဲရုံလုံခြုံရေးအတွက် အသုံးပြုဖို့ ရပ်ကွက်အလိုက် စာရင်းကောက်တာတွေ မန္တလေးမှာ ရှိလာပြီလို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ စကပ်ထားပေမဲ့ လာကြည့်သူမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။