close
Connect with us

Hi, what are you looking for?

သတင်း

ထီးခီးရွာကို စစ်တပ် ထပ်မံဗုံးကြဲ၊ ဒေသခံ ၃၅၀ကျော် ထိုင်းနယ်စပ်စစ်ရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ထားတဲ့ ထားဝယ်မြို့နယ်၊ ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့(အောက်တိုဘာ ၈ရက်) မှာ Y12 လေယာဉ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးများကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ၃၅၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်အပြီးနဲ့ ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေကြစဉ်။ ဓာတ်ပုံ - KNU-MTU

စက်တင်ဘာ-၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ထားတဲ့ ထားဝယ်မြို့နယ်၊ ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့(အောက်တိုဘာ ၈ရက်) မှာ Y12 လေယာဉ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးများကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ၃၅၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အခုနှစ် မေလမှာ ထီးခီးစစ်ကောင်စီစခန်းကို KNU ပူးပေါင်းတပ် သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်က ဒီကနေ့မနက်မှာ Y12နဲ့ ဗုံးအလုံး ၄၀ ကျော် ကြဲချခဲ့သလို နေ့လည်ပိုင်းမှာလည်း တိုက်လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်ခဲ့လို့ပြည်သူသေဆုံးထိခိုက် မရှိပေမယ့် ပြည်သူတွေရဲ့ ပစ္စည်းတွေ ဆုံးရှုံးခဲ့ရသလို ဒေသခံ ၃၅၀ ကျော် တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှာ စစ်ရှောင်နေကြရတဲ့ ထီးခီးဒေသခံတွေကို ထိုင်းနိုင်ငံဘက်က စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အကူအညီပေးအပ်မှုတွေရှိတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ အာဏာတည်မြဲဖို့ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေသလို လက်လွတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေကိုလည်း ပြည်သူတွေ အကြောက်တရား ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်ဆီကို သုံးစွဲသူအချက်အလက်တွေ လွှဲပြောင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နော်ဝေး ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစု Telenorကို တရားစွဲဆိုဖို့ မြန်မာ့အရပ်ဖက် အဖွဲ့အစည်းတွေက စီစဉ်နေကြောင်း သိရပါတယ်။

သတင်း

​အောက်တိုဘာ-၈၊၂၀၂၅။People’s Spring စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက သီတင်းကျွတ် မီးထွန်းပွဲတော်ကိုအာဏာသိမ်းစစ်ကောင်စီက ပါရာမိုတာ အသုံးပြု ဗုံးကြဲခဲ့လို့ အရပ်သား အများအပြား သေကြေ ဒဏ်ရာရခဲ့တဲ့ သတင်းကို နိုင်ငံတကာ မီဒီယာတွေက အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့ညတုန်းက ချောင်းဦးမြို့နယ်ရဲ့ ဘုံတိုရွာထဲမှာ မီးထွန်းပွဲတော်...

သတင်း

သေဆုံးရာတွင်စစ်ကိုင်းတိုင်းသပိတ်အင်အားစုက ရဲဘော် ၂ဦး၊ ကျောင်းဆရာတဦးပါဝင်

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထီးခီး(မယ်သမီခီး)ကျေးရွာကို စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။