close
Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးဆီးမီးသပိတ်မှာ ကျဆုံးခဲ့သူတွေအတွက်စစ်ကိုင်းတိုင်းကပြည်သူတွေဆုတောင်းပွဲ ပြုလုပ်

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ GSCB ၊ ချင်းတွင်းမြစ်ကမ်းဘေးသပိတ်

အောက်တိုဘာ-၁၃၊၂၀၂၅။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာ ချောင်းဦးဆီးမီးသပိတ်မှာ ကျဆုံးခဲ့သူတွေအတွက် ဆုတောင်းပွဲတွေကိုဒီကနေ့ (အောက်တိုဘာ ၁၃)မှာအသီးသီးပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာအောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းဟာချောင်းဦးမြို့နယ်ကဆီမီးသပိတ်မှာ စသ်တပ်ဗုံးကြဲလို့ကျဆုံးခဲ့တဲ့သူတွေအတွက် ဂုဏ်ယူ ၊ ဝမ်းနည်း ဆုတောင်းပွဲ ပြုလုပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းနဲ့ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တို့က နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲနေမှုကို မျှဝေခဲ့ပြီး စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်းချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက “ အကျဉ်းထောင်နံရံ ထိုးဖောက်၊ လူထုမီးတောက်” ၊ “ တော်လှန်မီးညွန့်အစပြု၍ အဓမ္မဥပဒေ လောင်ကျွမ်းစေ” ၊ “ အတုအယောင်ရွေးကောက် ခွေးထွက်ပေါက်၊ တော်လှန်အလင်းနဲ့ သပိတ်မှောက်” စာသားတွေနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်​ကြောင်း ဆန္ဒပြခဲ့ပါတယ်။

သီတင်းကျွတ်လပြည့်(​​အောက်တိုဘာ ၆)ညကစစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ညောင်ပင်သာအုပ်စု ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပရာနေရာကို စစ်ကောင်စီတပ်က ပါရာမော်တာတပ်နဲ့ ဗုံးကြဲချခဲ့ရာ အရပ်သားပြည်သူ ၂၀ဦး​ကျော်သေဆုံးပြီး ၄၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ