close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်က စစ်ကောင်စီတပ်စွဲရာ နေရာ ၂ခုကို KIA ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်ရာ နေရာ ၂ခုကို အောက်တိုဘာ ၁၀ရက်မနက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

KIA၊KPDFက ရဲဘော်တွေကို တွေ့ရစဉ်။ဓာတ်ပုံ - CJ

အောက်တိုဘာ-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်ရာ နေရာ ၂ခုကို အောက်တိုဘာ ၁၀ရက်မနက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဗန်းမော်မြို့ အထက (၁)အနီး စစ်ကောင်စီတပ် အခြေပြု နေရာ ၃နေရာကို ရှင်လင်းသိမ်းပိုက်နိုင်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက လူမှုကွန်ရက်မှာ ရေးသားထားတာနဲ့ပတ်သက်ပြီး KIAနဲ့ ဒေသစစ်ရေးသတင်းရင်းမြစ်အချို့ကို မေးမြန်းရာ ၂ခုကို သိမ်းပိုက်ထားနိုင်တယ်လို့ အတည် ပြုပါတယ်။

“မနေ့ကနဲ့ ဆို ၅နေရာသိမ်းနိုင်တာဟုတ်တယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

KIA ပူးပေါင်းတပ်ဟာ မနေ့က အောက်တိုဘာ ၉ရက်က ဗန်းမော် ၃မိုင်ဘက်က စစ်ကောင်စီ နေရာ ၃ခုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလမှာ ဗန်းမော်တိုက်ပွဲတွေ ပြင်းထန်နေပြီးစစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အပါအဝင် ၃၀ဦးကျော် သေဆုံးမှုရှိခဲ့တယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

KIA သတင်းပြန်ကြားရေးဌာနက ဗန်းမော်မှာတိုက်ပွဲတွေ ပြင်းထန်နေတာကို သတင်းထုတ်ပြန်အသိပေးထားပါတယ်။

စစ်ကောင်စီတပ်စွဲရာနေရာတွေ သိမ်းပိုက်နိုင်တာနဲ့ပတ်သက်ပြီးမေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကိုဆက်သွယ်ထားဆဲဖြစ်ပါတယ်။

KIA ဟာ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာက စတင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်စခန်း၊ တပ်ရင်းဌာနချုပ်တွေ သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီကလည်း အခုနှစ် ဩဂုတ်မှာစစ်အင်အားတွေ ရေကြောင်းက ဖြည့်တင်းပြီး တန်ပြန်ထိုးစစ်ဆင်လာလို့ KIA သိမ်းထားတဲ့ နေရာအချို့ ပြန်လည်လက်လွှတ်ခဲ့ရတဲ့ အခြေအနေမှာ အပြန်အလှန် ထိုးစစ်ဆင်မှုတွေ ရှိနေပြီး တိုက်ပွဲတွေ ပြင်းထန်ကာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေ ကာကင်းစခန်းတွေ ပြန်လည်လက်လွှတ်ဆုံးရှုံးနေရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

Scorpio/People’s Spring သီတင်းကျွတ်လပြည့်ကျော် ၂ ရက် (အောက်တိုဘာ ၈ ရက်)နေ့က ချောင်းဦးမြို့နယ်၊ ဘုံတိုရွာက မူလတန်းကျောင်းလေးကို ချောင်းဦးနယ်သားဖြစ်တဲ့ ဦးဇင်း အရှင်ဇနက(ဘွှဲ့အမည်လွှဲ) စိတ်မသ​က်မသာနဲ့ ရောက်ရှိလာခဲ့တယ်။ ကျယ်ပြန့်တဲ့ မူလတန်းကျောင်းရှေ့ကွင်းပြင်က မြက်ခင်းတွေဟာ ဟိုတကွက်ဒီတကွက်နဲ့ ပြာဖြူဖြူတွေ တွေ့ရတယ်။ ကျောင်းအဆောက်အအုံတွေလည်း ပျက်စီးနေတယ်။...

သတင်း

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အာဆီယံရဲ့တူညီဆန္ဒ ၅ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ အလေးပေးဆွေးနွေးခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ (အောက်တိုဘာ ၁၀ရက်)မနက်မှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံ လုပ်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖားကန့်မြို့နယ် မလန်းကျေးရွာမှာ စစ်ကောင်စီနဲ့ KIA၊KPDF တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဒီနေ့ အောက်တိုဘာလ ၁၀ရက် မနက်ပိုင်းမှာ စစ်ကောင်စီက Y12လေယာဉ်နဲ့ဗုံးကြဲပြီး လေကြောင်းက ကင်းထောက်နေပါတယ်။