close
Connect with us

Hi, what are you looking for?

သတင်း

ဗုံးကြဲတိုက်ခိုက်နေလို့ စာသင်ကျောင်းတွေပိတ်ထားဖို့ကြေညာအပြီးတပတ်အကြာ ဟားခါးမြို့က စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ

စာသင်ကျောင်းတွေ ပစ်မှတ်ထား ဗုံးကြဲနေလို့ ကျောင်းတွေပိတ်ထားဖို့ ထုတ်ပြန်အပြီးတပတ်အကြာမှာချင်းပြည်နယ်၊ဟားခါးမြို့က စာသင် ကျောင်းတစ်ကျောင်းကို စစ်ကောင်စီက ဒီနေ့ (အောက်တိုဘာ၂၁ရက်) နေ့လည်ပိုင်းမှာ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဟားခါးမြို့နယ်၊ ဗန်ဟား ( Vanha) ကျေးရွာရှိ စာသင်ကျောင်းကို ဂျက်လေယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၂၁၊၂၀၂၅။မိထက်/People’s Spring

စာသင်ကျောင်းတွေ ပစ်မှတ်ထား ဗုံးကြဲနေလို့ ကျောင်းတွေပိတ်ထားဖို့ ထုတ်ပြန်အပြီးတပတ်အကြာမှာချင်းပြည်နယ်၊ဟားခါးမြို့က စာသင် ကျောင်းတစ်ကျောင်းကို စစ်ကောင်စီက ဒီနေ့ (အောက်တိုဘာ၂၁ရက်) နေ့လည်ပိုင်းမှာ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ကလေးသူငယ်နဲ့ ပြည်သူအပေါ် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ဆဲန်ထန်ကောင်စီ (Senthang Central Council)က ထုတ်ပြန်ပါတယ်။

ဟားခါးမြို့၊ ဇာထာလ် (Zathal) ကျေးရွာ စာသင်ကျောင်းကို နေ့လည် ၁၂နာရီ၅၅မိနစ်နဲ့ ၁နာရီ ၃မိနစ်မှာ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြေပြင်မှာထိခိုက်မှုအခြေအနေကို ထုတ်ပြန်ထားတာမရှိသေးဘဲ စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက် အခုလိုလေကြောင်းတိုက်ခိုက်တာတွေလုပ်နေတာလို့ ဆဲန်ထန်ကောင်စီက ဖော်ပြထားပါတယ်။

ဒါ့အပြင်လက်ရှိဒေသတွင်းအခြေအနေကြောင့်အချက်သုံးချက်ပါ သတိ ပေးချက်ကိုလည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကျင်းပမယ့်တရားမဝင်ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်တာ မပြုကြဖို့၊ စာသင်ကျောင်းတွေကို အကန့်အသတ်မရှိ ပိတ်ထားဖို့နဲ့ လူစုလူဝေးနဲ့ပွဲလမ်းသဘင်တွေ အတတ်နိုင်ဆုံးရှောင်ကြဉ်ဖို့ သတိပေးထားတာပါ။

ဟားခါးမြို့မှာကိုးရက်အတွင်း စာသင်ကျောင်းနှစ်ကျောင်းကိုစစ်ကောင်စီက ပစ်မှတ်ထား ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၁၃ ရက်ကလည်းဟားခါးမြို့နယ်၊ဗန်ဟား(Vanha) ရွာ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲလို့ ကျောင်းသားနှစ်ဦးသေဆုံးပြီး ဆရာမတွေနဲ့ကျောင်းသားတွေအပါအဝင် ၂၁ဦး ဒဏ်ရာရခဲ့ပါတယ်။

ပညာရေးအဆောက်အအုံတွေကိုစစ်ကောင်စီကပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဟားခါးမြို့နယ်အတွင်းရှိ CDF – Hakha ဗဟိုကောင်စီ၊ ပညာရေးဌာန လက်အောက်က ကျောင်းတွေအားလုံးကို အောက်တိုဘာ ၁၃ ရက်ကစလို့ ခေတ္တပိတ်ထားကြောင်း CDF – Hakha က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၁၃ ရက် မနက် ၁၀ နာရီခွဲ၀န်းကျင်က ဟားခါးမြို့နယ်၊ ဗန်ဟား( Vanha)ကျေးရွာရှိ စာသင်ကျောင်းကိုဂျက်လေယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား (၂) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိခဲ့ပြီးနောက် CDF – Hakha က အခုလိုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိုးကုတ်မြို့ကို အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ အောက်တိုဘာ ၂၁ရက် နေ့လည်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၃ဦး သေဆုံးပြီး ပြည်သူ ၁၂ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းက နေရာနှစ်ခုကို စစ်ကောင်စီတပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ ၃ပါးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။